တခါတရံမှာ ကိုယ့်အနီးအနားက လူတွေကို ချစ်ခြင်းမေတ္တာတွေ ပေးဖို့ ကြိုးစားနေကြပေမယ့် ကိုယ့်ကိုယ်တိုင်အတွက် တော့ မေ့လျော့နေတတ်ကြပါတယ်။ ကိုယ့်ကိုကိုယ် ချစ်ခင်ကြင်နာခြင်း၊ စာနာနားလည်ခြင်း နဲ့ ဂရုစိုက်တတ်ခြင်းကလည်း ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေ ပေါ်မှာ များစွာ မူတည်နေပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ချစ်ခင် ကြင်နာတတ်ခြင်း (Self-compassion) ရဲ့ အရေးပါပုံနဲ့ Self-compassion ကို...
ဟာကွက်မရှိလောက်အောင် အစစအရာရာမှာ ပြီးပြည့်စုံချင်တယ်၊ တခြားသူတွေရဲ့ ထောက်ပြ ဝေဖန်တာကို မခံရအောင် ကိုယ့်ရဲ့ အစွမ်းအစကို ပြသချင်တယ်။ ဒီလို စိတ်ဆန္ဒကို perfectionism လို့ ပြောပြီး ဒီလို စိတ်ဆန္ဒဟာ တခါတရံမှာ ကိုယ့်ရဲ့ တကိုယ်ရေ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်ပြီးမြောက်မှုနဲ့ စိတ်ကျန်းမာရေး စတာတွေ အပေါ်မှာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေအကြောင်းနဲ့ ဒီစိတ်ဆန္ဒကို...
ငြင်းပယ်ခံရခြင်း ကို တချိန်မဟုတ် တချိန်တော့ လူတိုင်းကြုံဖူးကြမယ် ထင်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်ရဲ့အမြင် တွေကို ငြင်းပယ် ခံရတာ၊ ကိုယ့်ရဲ့ လုပ်ရပ် တွေကို ငြင်းဆန်ခြင်း ခံရတာ၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို ငြင်းပယ်ခံရတာ၊ ကိုယ့်ရဲ့ ခံစားချက်တွေကို အငြင်းခံရတာ စတဲ့ အခြေအနေတွေမှာ စိတ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်မှုတွေ အနည်းနဲ့ အများ ရင်ဆိုင်ကြရပါတယ်။...
ကိုယ့်ရဲ့ အရည်အချင်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ကိုယ်တိုင်ယုံကြည်ခြင်းဟာ ကိုယ့်ရဲ့ တကိုယ်ရေ ဖွံ့ဖြိုးမှုမှာ အရေးကြီးတဲ့ အရာ တခု ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်ခြင်း (Self-confidence) မြင့်မားတဲ့ သူတစ်ယောက်ဟာ အလုပ်တော်တော်များများကို ရဲရဲဝံ့ဝံံ့ လုပ်ဆောင်နိုင်သလို အောင်မြင်မှုနဲ့ ကျရှုံးမှုတွေကိုပါ လက်ခံနိုင်တဲ့ သူအဖြစ် ရပ်တည်လေ့ရှိကြပါတယ်။ ဒီလိုမျိုး Self-confidence ကို တိုးတက်လာစေနိုင်တဲ့ နည်းလမ်းတွေကို...
လူတိုင်းမှာ ကိုယ်ပိုင် လူမှုအသိုင်းအဝန်း တခု ရှိသလို ဒီအသိုင်းအဝန်းထဲမှာ လူဝင်ဆံ့အောင် ကြိုးစားလိုစိတ်က အများစုမှာ ရှိကြပါတယ်။ အထူးသဖြင့် ကိုယ်လုပ်တဲ့ အပြုအမူ၊ ကိုယ့်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ လုပ်ရပ်တွေကို တခြားသူတွေဘက်က အသိအမှတ်ပြုတာ၊ အားပေးတာ၊ ချီးကျုး ဂုဏ်ပြုတာတွေကို လိုလား တောင့်တလေ့ ရှိကြပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး တခြားသူတွေရဲ့ အသိအမှတ်ပြုမှုကို လိုချင်တယ်၊...
လူတိုင်းက စားဝတ်နေရေးအတွက်၊ ကိုယ့်ရဲ့ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ကိုင်ကြရတဲ့အခါမှာ အလုပ်ခွင်ဟာ ကိုယ့်အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တခု ဖြစ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် Work-Life Balance လို့ ခေါ်တဲ့ အလုပ်နဲ့ လူမှုဘဝ ညီမျှဖို့ဆိုတာကလည်း ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မဖြစ်မနေ လိုအပ်ပါတယ်။ ဒီလို မျိုး Work-Life...
Work-life balance ဆိုတာဟာ အလုပ်ခွင်နဲ့ လူနေမှု ဘဝ ညီမျှခြင်းကို ဆိုလိုတာ ဖြစ်ပြီး ဝန်ထမ်းတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော အလုပ်ရှင်တွေနဲ့ company တွေဟာ ဒီအချက်ကို အလေးမထားမိတာကြောင့် မထင်မှတ်ထားတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်ကြရပါတယ်။ Work-Life Balance ကို အလေးထားဖြစ်တဲ့...
အလုပ်နဲ့ ကိုယ်ပိုင်ဘဝကြား စည်းမျဉ်းတချို့ သတ်မှတ်ခြင်းဟာ work-life balance အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီလို စည်းမျဉ်းသတ်မှတ်ထားခြင်းက အလုပ်ကြောင့် စိတ်ဖိစီးဖြစ်ခြင်း ကို တားဆီးနိုင်မှာ ဖြစ်သလို ပြန်လည်အနားယူဖို့ အချိန်လုံလောက်စွာ ရနိုင်တယ်၊ ချစ်ရသူတွေအတွက် အချိန်ပေးနိုင်မှာ ဖြစ်တဲ့အပြင် ကိုယ်ရဲ့ ကိုယ်ပိုင် ဘဝကိုလည်း အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။...
အလုပ်ချိန်မှာ အချိန်ပြည့် ကြိုးကြိုးစားစား လုပ်နေပေမယ့် အလုပ်တွေက မပြီးဘူး၊ ဒီလို အလုပ်တွေ မပြီးပျက်တာကြောင့်ပဲ အလုပ်ချိန်အပြင် ကိုယ်ပိုင်အချိန်တွေမှာပါ ထိခိုက်မှု ရှိလာပြီဆိုရင်တော့ ဒါဟာ work-life balance ညီမျှမှု မရှိကြောင်းကို ပြသနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အချိန်စီမံခန့်ခွဲပြီး work-life balance ကို ပြန်လည် ညှိယူခြင်းကလည်း အရေးပါတာကြောင့်...
အလုပ်ဆိုတာ ကိုယ့်ရဲ့ စားဝတ်နေရေး၊ ဘဝ ရပ်တည်ရေးအတွက် အရေးပါသလို ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝ၊ လူနေမှုပုံစံနဲ့ ဘဝ အရည်အသွေးဆိုတာကလည်း လူတိုင်းအတွက် အရေးကြီးတဲ့ အရာတခု ဖြစ်ပါတယ်။ အလုပ်ထဲမှာ အချိန်ပြည့်ခေါင်းနှစ်ထားရာကနေ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ကိုယ်ပိုင်ဘဝကို ထိခိုက်နစ်နာမှုတွေ များစွာ ဖြစ်လာနိုင်သလို အလုပ်နဲ့ ကိုယ်ပိုင် ဘဝ မမျှတခြင်းကလည်း ပြဿနာများစွာရဲ့...