Search on this blog

Search on this blog

သဘာဝဘေးအန္တရာယ်ဟာ အချိန်မရွေး နေရာမရွေး အသက်အရွယ်မရွေး ခံစားကြုံတွေ့ရနိုင်ပြီး ကလေးငယ်တွေမှာလည်း ကြီးမားတဲ့ သက်ရောက်မှု နဲ့ ဆုံးရှုံးနစ်နာမှု များစွာ ကြုံနေရပါတယ်။ ဒါ့ကြောင့် အုပ်ထိန်းသူ အနေနဲ့ ကလေးတွေကို သဘာဝ ဘေးအန္တရာယ်ကို ကြိုတင် သိရှိ နားလည်ထားပြီး တတ်နိုင်သလောက် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင် သင်ပေးထားဖို့ အရေးကြီးပါတယ်။ ဒီလိုမျိုး သဘာဝ ဘေးအန္တရာယ်အကြောင်း...
ငလျင်ဒဏ်ကဲ့သို့ ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ လူသားတွေအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ လူမှုရေးပိုင်းဆိုင်ရာ စသဖြင့် ဘက်ပေါင်းစုံကနေ ထိခိုက်ဆုံးရှုံး နစ်နာမှု ရှိပါတယ်။ ဒါ့ကြောင့် ပြန်လည် ထူထောင်ရေးနဲ့ အထောက်အပံ့တွေ မျှဝေတဲ့အခါမှာလည်း အဘက်ဘက်ကနေ ထည့်သွင်းစဥ်းစားပြီး ပြန်လည်ကုစားပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် စိတ်ပညာမှာ Biopsychosocial support လို့ ပြောတဲ့ ဇီဝဖြစ်စဥ်၊ စိတ်ပိုင်းနဲ့...
သဘာဝ ဘေးအန္တရာယ်ရဲ့ သက်ရောက်မှုတွေဟာ ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှု များစွာကို ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ ကြေကွဲဝမ်းနည်းမှုတွေကိုပါ ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် မိသားစုဝင်တွေ ဆုံးရှုံးတယ်၊ အိုးအိမ် အဆောက်အဦးတွေအပါအဝင် ကိုယ်တန်ဖိုးထားရတဲ့ အရာတွေကို  စွန့်လွတ်ရတဲ့အခါ ကြေကွဲဝမ်းနည်းမှုတွေဟာ အတိုင်းအဆမရှိ ကြီးထွားလာပြီး စိတ်ပိုင်းဆိုင်ရာအားဖြင့် အကြီးအကျယ် ပျက်စီးထိခိုက်စေနိုင်ပါတယ်။  သဘာဝဘေးအန္တရာယ်ကြောင့် ကြေကွဲဝမ်းနည်းမှု ခံစားရတဲ့ လက္ခဏာများ ...
ကြီးမားပြင်းထန်တဲ့ အဖြစ်အပျက်တစ်ခုရဲ့ နောက်ကွယ်က ထိခိုက်နစ်နာမှုတွေထဲမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ စိတ်ဒဏ်ရာတွေကလည်း အပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ငလျင်ဘေးကြီးကို ဆိုးဆိုးရွားရွား ကြုံတွေ့ရပြီးနောက်မှာ စိတ်ဒဏ်ရာတွေကို ခံစားရနိုင်သလို ဒီစိတ်ဒဏ်ရာတွေရဲ့ အကျိုးဆက်အနေနဲ့ PTSD (Post Traumatic Stress Disorder) လို့ ပြောတဲ့ စိိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှု ဝေဒနာကိုလည်း ခံစားရနိုင်ဖွယ်...
မမျှော်လင့်ထားတဲ့ ငလျင်ရဲ့ သက်ရောက်မှုတွေကို ခံစားကြုံတွေ့ရပြီးနောက်မှာ တုန်လှုပ်ခြောက်ခြားမှုနဲ့ ကြောက်စိတ် ပြင်းထန်မှုတွေကို ဆက်တိုက်ဆိုသလို ကြုံတွေ့ရနိုင်ပါတယ်။ လက္ခဏာအားဖြင့် ညဘက် အိပ်မပျော်တာ၊ အဖြစ်အပျက်တွေကို ပြန်လည် မြင်ယောင်တာ၊ ရုတ်တရက် ကြောက်စိတ်တွေ ခံစားရပြီး တုန်လှုပ်ခြောက်ခြားတာ၊ နှလုံးခုန်နှုန်းတွေ မြန်ပြီး ဆောက်တည်ရာမရ ဖြစ်တာ စတာတွေ ဖြစ်နိုင်ပြီး ဒါတွေကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ ...
ဒီရက်ပိုင်း ငလျင်ရဲ့ သတင်းနဲ့ ပုံရိပ်တွေ ၊ ငလျင်ကြောင့် ဘဝဆုံးရှုံးသူတွေအကြောင်း ကြားသိရတဲ့အခါ စိတ်ခံစားချက်တွေ ပြင်းထန်ပြီး အပြစ်ရှိသလို ခံစားရသူတွေ ရှိကြမှာပါ။ ဒီလိုမျိုး ငလျင်ဘေးကို ကိုယ်တိုင် ဆိုးဆိုးရွားရွား မခံစားရသည့်တိုင်အောင် နာကျင်ကြွေကွဲမှုကို ရှင်ကျန်ရစ်သူ တစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန် ခံစားရတာကတော့ Survivor’s Guilt လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကြောင့်...