Search on this blog

Search on this blog

Work-life balance ဆိုတာဟာ အလုပ်ခွင်နဲ့ လူနေမှု ဘဝ ညီမျှခြင်းကို ဆိုလိုတာ ဖြစ်ပြီး ဝန်ထမ်းတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော အလုပ်ရှင်တွေနဲ့ company တွေဟာ ဒီအချက်ကို အလေးမထားမိတာကြောင့် မထင်မှတ်ထားတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်ကြရပါတယ်။ Work-Life Balance ကို အလေးထားဖြစ်တဲ့...
အလုပ်နဲ့ ကိုယ်ပိုင်ဘဝကြား စည်းမျဉ်းတချို့ သတ်မှတ်ခြင်းဟာ work-life balance အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီလို စည်းမျဉ်းသတ်မှတ်ထားခြင်းက အလုပ်ကြောင့် စိတ်ဖိစီးဖြစ်ခြင်း ကို တားဆီးနိုင်မှာ ဖြစ်သလို ပြန်လည်အနားယူဖို့ အချိန်လုံလောက်စွာ ရနိုင်တယ်၊ ချစ်ရသူတွေအတွက် အချိန်ပေးနိုင်မှာ ဖြစ်တဲ့အပြင် ကိုယ်ရဲ့ ကိုယ်ပိုင် ဘဝကိုလည်း အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။...
အလုပ်ချိန်မှာ အချိန်ပြည့် ကြိုးကြိုးစားစား လုပ်နေပေမယ့် အလုပ်တွေက မပြီးဘူး၊ ဒီလို အလုပ်တွေ မပြီးပျက်တာကြောင့်ပဲ အလုပ်ချိန်အပြင် ကိုယ်ပိုင်အချိန်တွေမှာပါ ထိခိုက်မှု ရှိလာပြီဆိုရင်တော့ ဒါဟာ work-life balance ညီမျှမှု မရှိကြောင်းကို ပြသနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အချိန်စီမံခန့်ခွဲပြီး  work-life balance ကို ပြန်လည် ညှိယူခြင်းကလည်း အရေးပါတာကြောင့်...
အလုပ်ဆိုတာ ကိုယ့်ရဲ့ စားဝတ်နေရေး၊ ဘဝ ရပ်တည်ရေးအတွက် အရေးပါသလို ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝ၊ လူနေမှုပုံစံနဲ့ ဘဝ အရည်အသွေးဆိုတာကလည်း လူတိုင်းအတွက် အရေးကြီးတဲ့ အရာတခု ဖြစ်ပါတယ်။ အလုပ်ထဲမှာ အချိန်ပြည့်ခေါင်းနှစ်ထားရာကနေ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ကိုယ်ပိုင်ဘဝကို ထိခိုက်နစ်နာမှုတွေ များစွာ ဖြစ်လာနိုင်သလို အလုပ်နဲ့ ကိုယ်ပိုင် ဘဝ မမျှတခြင်းကလည်း ပြဿနာများစွာရဲ့...
သင့်ရဲ့ မိသားစုဝင်၊ သူငယ်ချင်း မိတ်ဆွေနဲ့ ချစ်ခင်ရသူ တစ်ယောက်ယောက်မှာ စိတ်ပူပန်မှု ပြဿနာကို တချိန်မဟုတ် တချိန် ခံစားရနိုင်ပြီး ဒီအချိန်မှာ သင့်ဘက်က ဘာတွေ ကူညီပေးနိုင်မလဲ၊ ဒါမှမဟုတ် စိတ်ပူပန်မှု ပြဿနာ ကြုံတွေ့နေရသူ တစုံတယောက်ကို ခရီးသွားဟန်လွှဲ ကြုံတွေ့ရတယ်ဆိုရင် ထိုသူအတွက် စိတ်ပူပန်မှုတွေ သက်သာစေဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ နှစ်သိမ့်ပေးနိုင်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ (၁)...
စိတ်ပူပန်မှုတွေကို လူတိုင်းက အကြောင်းအရာ အမျိုးမျိုးကြောင့် တချိန်မဟုတ် တချိန်မှာ ခံစားနေကြရပါတယ်။ ဒီလိုမျိုး စိတ်ပူပန်မှုကို ဖြစ်စေတဲ့ အရာတွေကို ထိန်းချုပ်ဖို့ရာ ခက်ခဲတယ်ဆိုပေမယ့် အကြောင်းတခုခုကြောင့် စိတ်ပူပန်မှုတွေ ခံစားရတဲ့အခါမှာ တတ်နိုင်သလောက် ထိန်းချုပ်နိုင်ဖို့အတွက် နေ့စဥ် ပုံမှန် လေ့ကျင့်နိုင်တဲ့ နည်းလမ်းတချို့ ရှိပါတယ်။ ဒီနည်းလမ်းတွေထဲက (၁၀) ချက်ကို မျှဝေပေးချင်ပါတယ်။  (၁) အသက်ရှုလေ့ကျင့်ခန်းကို...
စိတ်ပူပန်မှုကို ခံစားရချိန်မှာ အများစုက အသက်ရှုမြန်တာတွေ ဖြစ်လေ့ရှိပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဥ်ပေါ်မှာ သက်ရောက်မှု တချို့ရှိတာကြောင့် ကြောက်ရွံ့ခြင်းနဲ့ စိတ်ဖိစီးမှုတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတခုကတော့ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြစ်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာ စိတ်ကို လျှော့ချလိုက်ပြီး နက်နက်ရှိုင်းရှိုင်းနဲ့ ဖြေးဖြေးမှန်မှန် ရှုထုတ်ခြင်း ဖြစ်တာကြောင့် စိတ်နဲ့ ခန္ဓာကိုယ်ကို ငြိမ်သက်စေပြီး စိုးရိမ်မှုတွေကို...
ကြောက်ရွံခြင်းနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို နေ့စဉ်ဘဝမှာ ခံစားရလေ့ ရှိကြပြီး ဒီလို စိတ်ပူပန်မှုတွေကို ပုံစံ အမျိုးမျိုးနဲ့ ခံစားရလေ့ရှိပါတယ်။ စိတ်ပူပန်ခြင်း အမျိုးအစား တစ်ခုချင်းစီရဲ့ လက္ခဏာတွေနဲ့ ဖြစ်ပေါ်လာတဲ့ ပုံစံတွေကလည်း ကွဲပြားနိုင်ပါတယ်။ ဒီလို ကွဲပြားသွားတာနဲ့ အမျှ ကုသမှုပုံစံတွေနဲ့ ဖြေရှင်းနည်းတွေကလည်း မတူညီနိုင်ပါဘူး။ ဒါ့ကြောင့် စိုးရိမ်ပူပန်ခြင်း အမျိုးအစားများ ( Anxiety Types)...
ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်ဆိုတဲ့ အခြေအနေ တခုဟာ Anxiety Attack လို့ ခေါ်တဲ့ စိုးရိမ်ကြောင့်ကြမှုတွေများတဲ့ အချိန်မှာ ဖြစ်နိုင်ပါတယ်။ ဒီလို Anxiety Attack ရဲ့ လက္ခဏာတွေကို ကြိုသိထားမယ်၊ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြုလုပ်ထားမယ်ဆိုရင် ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်ကို အောက်က link မှာ...
သဘာဝဘေးအန္တရာယ်ဟာ အချိန်မရွေး နေရာမရွေး အသက်အရွယ်မရွေး ခံစားကြုံတွေ့ရနိုင်ပြီး ကလေးငယ်တွေမှာလည်း ကြီးမားတဲ့ သက်ရောက်မှု နဲ့ ဆုံးရှုံးနစ်နာမှု များစွာ ကြုံနေရပါတယ်။ ဒါ့ကြောင့် အုပ်ထိန်းသူ အနေနဲ့ ကလေးတွေကို သဘာဝ ဘေးအန္တရာယ်ကို ကြိုတင် သိရှိ နားလည်ထားပြီး တတ်နိုင်သလောက် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင် သင်ပေးထားဖို့ အရေးကြီးပါတယ်။ ဒီလိုမျိုး သဘာဝ ဘေးအန္တရာယ်အကြောင်း...