
အလုပ်ချိန်မှာ အချိန်ပြည့် ကြိုးကြိုးစားစား လုပ်နေပေမယ့် အလုပ်တွေက မပြီးဘူး၊ ဒီလို အလုပ်တွေ မပြီးပျက်တာကြောင့်ပဲ အလုပ်ချိန်အပြင် ကိုယ်ပိုင်အချိန်တွေမှာပါ ထိခိုက်မှု ရှိလာပြီဆိုရင်တော့ ဒါဟာ work-life balance ညီမျှမှု မရှိကြောင်းကို ပြသနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အချိန်စီမံခန့်ခွဲပြီး work-life balance ကို ပြန်လည် ညှိယူခြင်းကလည်း အရေးပါတာကြောင့် အချိန်စီမံခန့်ခွဲခြင်း(Time Management) နည်းစနစ်တွေကို မျှဝေချင်ပါတယ်။
(၁) ကြိုတင် အစီအစဥ် ချပါ
အလုပ်အတွက် ကြိုတင် အစီအစဥ်ချ သတ်မှတ်တတ်တဲ့ အကျင့်ဟာ အလုပ်ပြီးမြောက်ရာမှာ များစွာ အထောက်အကူပြုနိုင်ပါတယ်။ အထူးသဖြင့် နောက်နေ့ မနက်လုပ်ရမယ့် အလုပ်တွေကို ညထဲက အစီအစဥ်တကျ စဥ်းစားထားပြီး တစ်ရက်စာ ကြိုတင် စီမံတတ်တဲ့ အကျင့်ကို ပြုလုပ်ထားသင့်ပါတယ်။ ဒါဟာ နောက်တစ်ရက်မှာ အလုပ်တွေကို တစ်ခုပြီး တစ်ခု လုပ်ဆောင်ဖြစ်ဖို့ ကူညီနိုင်မှာ ဖြစ်သလို စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန် မှုတွေကိုပါ သက်သာစေမှာ ဖြစ်ပါတယ်။
(၂) တိကျတဲ့ ရည်မှန်းချက်တွေနဲ့ Deadline တချို့ သတ်မှတ်ပါ
အလုပ်လုပ်ဆောင်ရာမှာ အရေးကြီးတဲ့ တွန်းအားကတော့ ရည်မှန်းချက်ထားရှိခြင်း ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေဟာ တိကျမှု ရှိရမယ်၊ တိုင်းတာနိုင်ရမယ်၊ တကယ် လက်တွေ့ကျကျ ရနိုင်တဲ့ ရည်မှန်းချက်တွေ ဖြစ်ရမယ်၊ အချိန်အကန့်အသတ်ထားပြီး စနစ်တကျ ပြုလုပ်ရမယ်၊ စတဲ့ အချက်တွေနဲ့ ကိုက်ညီဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် တိကျတဲ့ Deadlineတွေ သတ်မှတ်ပြီး အလုပ်ကို အချိန်မှီ လုပ်ကိုင်တတ်ခြင်းက အလုပ်ကဖြစ်နိုင်တဲ့ စိတ်ဖိစီးမှုတွေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) ငြင်းပယ်တတ်အောင် သင်ယူပါ
လုပ်ရမယ့် အလုပ်တွေကများနေချိန်မှာ အားနာစိတ်နဲ့ လက်ခံထားတဲ့ အလုပ်တွေ၊ တာဝန် နဲ့ ဝတ္တရား အရ လုပ်ပေးရမယ့် အလုပ်တွေ၊ မဖြစ်မနေ ကိုယ်တိုင် လုပ်ပေးရမယ့် အလုပ်တွေ စသဖြင့် အလုပ်တွေ များလာမယ်ဆိုရင်လည်း အချိန်စီမံ ခန့်ခွဲရာမှာ ပြဿနာ ရှိလာနိုင်ပါတယ်။ ဒီလို အချိန်မှာ တချို့သော အလုပ်တွေကို ငြင်းပယ်တတ်ဖို့ အရေးကြီးပါတယ်။ တခါတရံမှာ တခြားသူတစ်ယောက်ကို အကူအညီတောင်းတာ၊ တာဝန် လွှဲပြောင်းပေးတာ စတာတွေလည်း ပြုလုပ်ပေးရတာ ရှိနိုင်ပါတယ်။
(၄) တူညီတဲ့ အလုပ်တွေကို ပူးပေါင်းလုပ်ဆောင်ပါ
တူညီတဲ့ အလုပ်တွေ၊ ဆင်တူတဲ့ ကိစ္စတွေနဲ့ လုပ်ငန်းဆောင်တာ အဆင့်ဆင့်တွေကို ပူးပေါင်းလုပ်ဆောင်ခြင်းက အလုပ်လုပ်ကိုင်ရာမှာ ပိုမိုမြန်ဆန်စေသလို အချိန်ကို ချွေတာရာလည်း ရောက်ပါတယ်။ ဥပမာအားဖြင့် တထိုင်တည်းနဲ့ စစ်ရမယ့် စာတိုနဲ့ email တွေကို ပြီးအောင် စစ်လိုက်ပြီး လိုအပ်တဲ့ စာပြန်မှုတွေကို ပြုလုပ်လိုက်မယ်ဆိုရင် အလုပ်တစ်ခု စနစ်တကျ ပြီးသွားမှာ ဖြစ်ပြီး နောက်ထပ်အလုပ်တခုကို ထပ်မံ စတင်ဖို့အဆင်ပြေ ချောမွေ့ပါလိမ့်မယ်။
(၅) ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေက လက်တွေ့ကျပါစေ
တနေ့တာမှာ ပြီးဖို့ သတ်မှတ်ထားတဲ့ အလုပ်တွေကို စီစဥ်ထားပေးမယ့် တခါတရံမှာ ဒီအလုပ်တွေဟာ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်တာလည်း ရှိနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အလုပ်ကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ဖို့ ခက်ခဲတတ်သလို အလုပ်မပြီးခြင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ အလုပ်နဲ့ ပတ်သတ်တဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။
အလုပ်မှာ အချိန်စီမံခန့်ခွဲမှု အားနည်းခြင်းဟာ work-life balance ကို ထိန်းညှိရာမှာ အခက်အခဲ တစ်ခု ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ အလုပ်ခွင်အတွင်း Work Life Balance မညီမျှမှုကြောင့် ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်ခဲ့တယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။
Call Me Today မှာ ဝန်ထမ်းတွေအတွက် EAP program တွေ၊ Package တွေ၊ Group Counseling, training and workshop service တွေ ကို ရယူနိုင်ပြီဖြစ်သလို တခြားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက်လည်း Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873