Search on this blog

Search on this blog

why we get angry

ဒေါသ ကြောင့် တစုံတရာကို ပြုမူလိုက်တယ် ဆိုတဲ့အရာကိုသာ လူအများစုက အာရုံစိုက်မိကြပေမယ့် ဘာကြောင့် ဒေါသဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်း ဇစ်မြစ်ကိုတော့ သတိပြုဖို့ရာ မေ့လျော့နေလေ့ရှိကြပါတယ်။ ဒေါသထွက်ရတဲ့ အကြောင်းအရင်းကို ရှာဖွေဖြစ်တဲ့ အလေ့အထကို ပြုလုပ်ဖြစ်မယ်ဆိုရင် ဒေါသကို အတိုင်းအတာ တခု အထိ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး ဒေါသရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒ့ါကြောင့် ဒေါသရဲ့ အကြောင်းအရင်း ဇစ်မြစ်တွေကို ရှာဖွေနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ 

(၁) အနားယူပြီး ပြန်လည် သုံးသပ်ပါ 

ဒေါသ ကြောင့် ပူထူတဲ့အခါမှာ နောက်ဆက်တွဲ အနေနဲ့ တွေးတော ဆင်ခြင်နိုင်စွမ်းတွေ ကျဆင်းနိုင်ပြီး မလိုလာပါတယ်။ ဒါ့ကြောင့် ခဏတာ အနားယူပြီး လက်ရှိအခြေအနေကို ပြန်လည် သုံးသပ်ဖို့ အရေးကြီးပါတယ်။ အနားယူလိုက်ခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ အားဖြင့် အနည်းငယ် တည်ငြိမ်သွားပြီး ကိုယ့်ရဲ့ ခံစားချက်တွေကို ပြန်လည်သုံးသပ်တဲ့အခါမှာ ဒေါသတွေ ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာ ဖြစ်ပါတယ်။ 

(၂) ဒေါသအဖြစ် တွန်းပို့နေတဲ့ အရာကို သတိပြုပါ 

တခါတရံ စိတ်ခံစားချက်တွေ ရှုပ်ထွေးနေချိန်မှာ ကိုယ့်ရဲ့ ဒေါသကို ကိုယ်တိုင် သတိမပြုမိသလို ဒေါသအဖြစ်ကို တွန်းပို့နေတဲ့ အရာကိုလည်း အလွယ်တကူ မရှာဖွေနိုင်တာ ရှိပါတယ်။ တခါတရံမှာ တစုံတယောက်ရဲ့ စကားအပြောအဆို၊ အပြုအမူတခုကြောင့် ဒေါသထွက်တာ ဖြစ်နိုင်သလို ရုတ်တရက် တွေးမိလိုက်တဲ့ အတွေး၊ မှတ်ဉာဏ်တခုခုကြောင့် ဒေါသကို ခံစားရတာလည်း ဖြစ်နိုင်ပါတယ်။ ဒေါသဖြစ်အောင် တွန်းပို့နေတဲ့ အရာကို သတိပြုမိတဲ့အခါမှာ ဒေါသရဲ့ အကြောင်းအရင်း ဇစ်မြစ်ကို အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ 

(၃) Mindfulness ကို လေ့ကျင့်ပါ 

Mindfulness ကို လေ့ကျင့်ခြင်းက ပစ္စုပ္ပန်ခံစားချက်တွေကို ရှာဖွေဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါတင်မကပဲ Minfulness ကို ပုံမှန်လေ့ကျင့်ခြင်းက စိတ်ခံစားချက်တွေကို ရှင်းလင်းစေနိုင်ပြီး Self-awareness (ကိုယ့်ကိုကိုယ် ခံစားသိရှိခြင်း) ကို ပိုပြီး အားကောင်းစေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါသကို ဖြစ်စေနိုင်တဲ့ အဓိက ဇစ်မြစ်ကို သိရှိနိုင်မယ့် နည်းလမ်းတွေထဲက တခုဖြစ်ပါတယ်။ 

(၄) Journaling လုပ်ပါ 

တခါတရံမှာ စိတ်ခံစားချက်တွေကို သိနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တခုကတော့ Journaling လုပ်ခြင်း ဖြစ်ပါတယ်။ Journaling လုပ်ခြင်းအားဖြင့် လက်ရှိခံစားချက်တွေကို ရှင်းရှင်းလင်းလင်းသိနိုင်မှာ ဖြစ်သလို မကြာခဏ ဒေါသထွက်တတ်တဲ့ သူတွေ အနေနဲ့လည်း ကိုယ့်ကိုကိုယ် ပြန်လည် ဆင်ခြင်သုံးသပ်နိုင်ဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Journaling လုပ်ခြင်းအားဖြင့် ဒေါသရဲ့ ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေနိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

(၅) ရင်ဖွင့်ပြောဆိုပါ 

လက်ရှိ ခံစားချက်တွေနဲ့ ကိုယ့်ရဲ့ ကြုံတွေ့နေရတဲ့ ဒေါသနဲ့ ပြဿနာတွေကို တခြားသူတစ်ယောက်ကို ရင်ဖွင့်ပြောဆိုတာ၊ စိတ်ပိုင်းဆိုင်ရာ အားဖြင့် ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးတာကလည်း ဒေါသရဲ့ ဇစ်မြစ်ကို ရှာဖွေနိုင်တဲ့ နည်းလမ်းတွေထဲက တခုဖြစ်ပါတယ်။ 

ဒေါသဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေတာက ဒေါသရဲ့ ပြင်းထန်မှုကို လျှော့ချနိုင်ဖို့ ကူညီပေးနိုင်သလို နောက်ဆက်တွဲ ပြဿနာတွေကို တားဆီးရာမှာလည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒေါသရဲ့ ဇစ်မြစ်အကြောင်းအရင်းကို ရှာဖွေဖို့ ခက်ခဲနေတယ်၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်