Search on this blog

Search on this blog

social psychology

လူတွေဟာ အပေါင်းအသင်း၊ အသိုင်းအဝန်းနဲ့ နေရတာဖြစ်တာနဲ့ အညီ လူမှုပတ်ဝန်းကျင်အနေနဲ့ လူတစ်ဦးစီရဲ့ ခံစားချက် ၊ အပြုအမူနဲ့ အတွေးတွေပေါ်မှာ များစွာသက်ရောက်မှု ရှိနေပါတယ်။ အထူးသဖြင့် လူမှုပတ်ဝန်းကျင်မှာ ကိုယ့်ကို ဘယ်လိုလူအဖြစ် မြင်စေချင်တယ်၊ ကိုယ်က တဖက်လူကို ဘယ်လိုမျိုးသဘောထားတယ် စတဲ့ အချက်တွေဟာ (Social Psychology) လူမှုစိတ်ပညာ ကို အခြေခံထားတာ ဖြစ်ပါတယ်။ 

Social Psychology ရဲ့ အဓိက နယ်ပယ်များ အကြောင်း 

(၁) Social Influence (လူမှုဆိုင်ရာ လွှမ်းမိုးမှု) 

တခါတရံမှာ လူမှုအဖွဲ့အစည်းရဲ့ လိုအပ်ချက်အရ ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေကို ပြောင်းလဲ ညှိယူရတာ ရှိနိုင်သလို ဒါကိုတော့ Social Influence (လူမှုဆိုင်ရာ လွှမ်းမိုးမှု) လို့ ပြောပါတယ်။ အထူးသဖြင့် လွှမ်းမိုးမှု ကြီးမားတဲ့ သူတစ်ဦးဦးကြောင့် ကိုယ့်ရဲ့ အပြုအမူတွေကို ပြောင်းလဲကြတာ ရှိသလို ဖိအားတခုခုကြောင့် ၊ စည်းမျဥ်းစည်းကမ်းတခုခုကြောင့် လိုက်လုပ်ကြတာလည်း ရှိသလို ကိုယ့်ရဲ့ ကိုယ်ပိုင်ဆန္ဒကို လှုံ့ဆော်တာကြောင့် ပြောင်းလဲလိုစိတ်ဖြစ်လာကြတာလည်း ဖြစ်နိုင်ပါတယ်။ Social Influence အပိုင်းမှာဆိုရင် Conformity (လိုက်လျောညီထွေဖြစ်ခြင်း)၊ Obedience (နာခံခြင်း) နဲ့ Compliance (လိုက်နာခြင်း) စတဲ့ အချက်တွေ ပါဝင်ပါတယ်။ 

(၂) Social perception (လူမှုဆိုင်ရာ သဘာပေါက်နားလည်မှု) 

လူတစ်ယောက်ကို စတွေ့လိုက်တဲ့အချိန်မှာ ထိုလူရဲ့ စိတ်နေသဘောထား ဘယ်လို ရှိနိုင်တယ်၊ ရည်ရွယ်ချက်က ဘယ်လို ရှိနိုင်တယ် စသဖြင့် ကောက်ချက်ချနိုင်ဖို့အတွက်ဆိုရင် Social Perception (လူမှုဆိုင်ရာသဘာပေါက်နားလည်မှု) က အလွန်အရေးပါပါတယ်။ အထူးသဖြင့် Social Perception နည်းအားဖြင့် ထိုလူရဲ့ ရုပ်သွင် အနေအထား၊ ဝတ်စားပုံ၊ စကားပြောပုံ၊ ပေါင်းသင်းဆက်ဆံပုံတွေကို ကြည့်ပြီး ထိုလူအပေါ် ကိုယ်ဘယ်လို ထင်မြင်ယူဆလဲဆိုတာကို အကြမ်းဖျဥ်းခန့်မှန်းကြတာ ဖြစ်ပါတယ်။ ဒီလို သိမြင်နားလည်ဖို့ ကြိုးစားကြတဲ့အခါ ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံ၊ Cultural Norms (ယဥ်ကျေးမှု စံသတ်မှတ်ချက်များ) ၊ Personal Beliefs (ပုဂ္ဂိုလ်ရေးဆိုင်ရာ ယုံကြည်မှုများ) စတာတွေရဲ့ သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ 

(၃) Social Cognition (လူမှုဆိုင်ရာ သိမြင်မှု) 

လူမှုပတ်ဝန်းကျင်နဲ့ ဆက်ဆံရာမှာ တဖက်လူဆီကနေ ရလာတဲ့ အချက်အလက်တွေကို ဘယ်လို မှတ်သား သိမ်းဆည်းလဲ ဒီအချက်အလက်တွေကို ဘယ်လို တုန့်ပြန်ကြလဲ၊ တကယ့်လက်တွေ့မှာရော ဘယ်လို ပြန်လည်အသုံးချလဲ စသဖြင့် လေ့လာတဲ့ အပိုင်းကိုတော့ Social Cognition (လူမှုဆိုင်ရာ သိမြင်မှု) လို့ ပြောပါတယ်။ Social Cognition အပိုင်းမှာတော့ Attention (အာရုံစူးစိုက်မှု) ၊ Encoding (အချက်အလက်များကို မှတ်သားလွယ်အောင် ပြုပြင်ပြောင်းလဲမှု) ၊ Storage (သိမ်းဆည်းမှု) ၊ Retrieval (ပြန်လည်ရယူမှု) စတဲ့ အချက်တွေ ပါဝင်ပါတယ်။ 

Social Psychology ကို အသုံးများတဲ့ နယ်ပယ်များ 

(၁) လူမှုရေးပြဿနာများကို ဖြေရှင်းခြင်း 

လူမှုပတ်ဝန်းကျင်မှာ အဖြစ်များတဲ့ တချို့သော ပြဿနာတွေ ဥပမာအားဖြင့် ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်း၊ မလိုမုန်းထား ဆက်ဆံခြင်း စတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာ Social Psycholgy ရဲ့ သီအိုရီနဲ့ နည်းလမ်းတွေကို အသုံးပြုလေ့ ရှိကြပါတယ်။ 

(၂) ပေါင်းသင်းဆက်ဆံရေး မြှင့်တင်ခြင်း 

Relationship တွေမှာ၊ လူမှုဆက်ဆံရေးမှာ ယုံကြည်မှု တည်ဆောက်လိုသူတွေ၊ စိတ်သဘောထား မတိုက်ဆိုင်တာတွေကို ဖြေရှင်းလိုသူတွေ စသဖြင့် ပေါင်းသင်းဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ကြသူတွေ အနေနဲ့လည်း Social Psychology ကို အသုံးချကြပါတယ်။ 

(၃) ကျန်းမာတဲ့ လူနေမှု ဘဝ တည်ဆောက်ခြင်း 

လူတွေရဲ့ လူမှု ဆိုင်ရာ အချက်အလက်တွေဟာ ကျန်းမာတဲ့ အလေ့အထ တွေအပေါ်မှာ ဘယ်လိုသက်ရောက်မှု ရှိတယ်၊ ကျန်းမာတဲ့ လူနေမှုဘဝကို တည်ဆောက်နိုင်ဖို့အတွက် လူတွေရဲ့ စိတ်ကို ဘယ်လို ပြုပြင်ပြောင်းလဲနိုင်မယ် စတဲ့ အပိုင်းတွေမှာလည်း Social Psychology ရဲ့ လေ့လာတွေ့ရှိချက်တွေကို အသုံးပြုလေ့ရှိကြပါတယ်။ 

(၄) ဦးဆောင်ခြင်းနဲ့ အဖွဲ့လိုက်လုပ်ဆောင်ခြင်း 

ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတခုရဲ့ ပါဝင်သူတွေအနေနဲ့ ကိုယ့်ရဲ့ အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာအောင်၊ ချိတ်ဆက်မှု ကောင်းမွန်အောင်နဲ့ ထိရောက်တဲ့ အဖွဲ့အစည်းတခု အနေနဲ့ အနာဂတ်တွေ ကောင်းမွန်အောင် ဖန်တီးတဲ့ နေရာမှာလည်း Social Psychology က ပါဝင်လေ့ ရှိပါတယ်။ 

(၅) ရောင်းချခြင်းနဲ့ ကြေညာခြင်း 

ကိုယ့်ရဲ့ ကုန်ပစ္စည်း ၊ ဝန်ဆောင်မှုကို လူအများစိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်မယ့် နည်းလမ်းတွေ၊ ဝယ်သူတွေနဲ့ ချိတ်ဆက်မှုတွေ ပိုကောင်းလာပြီး ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနိုင်မယ့် အပိုင်းတွေမှာလည်း Social Psychology ရဲ့ အချက်အလက်တွေက အသုံးဝင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ 

လူမှုစိတ်ပညာ ဟာ နေ့စဥ်ဘဝအတွက် အရေးပါတဲ့ ဘာသာရပ်တခုဖြစ်သလို မှန်ကန်စွာ အသုံးချနိုင်မယ်ဆိုရင် နေ့စဥ် လူမှုဆက်ဆံရေးကို ပိုမိုနားလည် သဘောပေါက်လာမှာ ဖြစ်ပြီး လူမှုရေးပြဿနာတွေကို ပိုပြီး ဖြေရှင်းနိုင်မယ်၊ တဦးနဲ့ တဦးချိတ်ဆက်မှုအကြား ဆက်ဆံရေးကို ပိုမို ချောမွေ့အောင် ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ Call Me Today မှာဆိုရင် Social Psychology အပါအဝင် တခြားသော စိတ်ပညာရပ်တွေကို တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ ရှိတာကြောင့် သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်