အိမ်မှာနေရင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖြစ်ဖို့
နေ့တဓူဝရုန်းကန်လှုပ်ရှားရင်းနဲ့ တာဝန်တွေ၊ ဝတ္တရားတွေကြား စိတ်ရောကိုယ်ပါနှစ်ထားရင်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့မေ့နေပြီလား? ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖြစ်ဖို့ဆိုတာ ငွေကြေးအကုန်အကျခံပြီး အစားအသောက်ကောင်းတွေဝယ်စားမှ၊ အသုံးအဆောင်ကောင်းတွေ ဝယ်မှ၊ အပန်းဖြေခရီးတွေထွက်မှမဟုတ်ပါဘူး။ အိမ်မှာနေရင်းပဲ အချိန်ခဏလောက်ပေးလိုက်ရုံနဲ့ စိတ်ရောကိုယ်ပါ အပန်းပြေသွားစေမဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) လေကောင်းလေသန့်ကို တစ်ဝကြီးရှူပါ။ စက္ကန့်တိုင်း...