ကျွန်မတို့တွေရင်ဖွင့်ပြောဆိုတဲ့အခါ ….
လူတိုင်းလူတိုင်းမှာ သူတို့ရဲ့ဘဝတစ်လျှောက်မှာ ပြသနာတွေ၊အခက်အခဲတွေ၊စိတ်ညစ်စရာတွေဆိုတာရှိတတ်ကြပါတယ်။ ဒီလိုမျိုးကိုယ့်ရဲ့ဘဝမှာ အခက်အခဲပြသနာတွေရှိလာတဲ့အခါ စိတ်မွန်းကျပ်မှုတွေလည်းစတင်ပြီးဖြစ်ပေါ်လာကြပါတယ်။ဒီလိုမျိုးတစ်ယောက်ထဲ မွန်းကျပ်ပြီးနေနေတာ က ပိုပိုပြီးစိတ်ပိုင်းဆိုင်ရာအဆင်မပြေဖြစ်လာတတ်တာမလို့ ကျွန်မတို့တွေဟာ ရင်ဖွင့်ပြောဆိုဖို့လိုအပ်ပါတယ်ရှင့်။ ✅ ဒီလိုမျိုး ကျွန်မတို့တွေ ရင်ဖွင့်ပြောဆိုခြင်း အားဖြင့် – ▪️ကိုယ့်ရဲ့အခက်အခဲ၊စိတ်ခံစားချက်တွေကို မျိုသိပ်ထားလို့မွန်းကျပ်နေရတဲ့ခံစားချက်ကနေ လွှတ်ချလိုက်ရသလိုမျိုးပေါ့ပါးသွားပြီးစိတ်သက်သာရာရသွားပါလိမ့်မယ်။ ▪️ပြသနာတွေကိုရင်ဖွင့်ပြီးဆွေးနွေးတိုင်ပင်မယ်ဆိုရင်လည်း ကိုယ့်တစ်ယောက်ထဲအပင်ပန်းခံနေရမဲ့အစား အကြံဉာဏ်ဖြစ်စေ၊အကူအညီဖြစ်စေရနိုင်ပါတယ်။...