ကိုယ်ဝန်ဆောင်ခြင်းကြောင့် အလုပ်အပေါ် သက်ရောက်မှု ရှိလာနိုင်တဲ့ အချက်များ
ကိုယ်ပိုင်ရွေးချယ်မှုကြောင့်ပဲဖြစ်ဖြစ် မမျှော်လင့်ပဲ ဖြစ်လာတာပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်ဖို့ ဖြစ်လာပြီဆိုရင် နေ့စဥ်ဘဝမှာ သက်ရောက်မှု များစွာရှိလာနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ အလုပ်အပေါ် ထိခိုက်မှုတချို့ရှိလာနိုင်ပြီး ဒီကာလဟာ အမျိုးသမီးတွေအတွက် ခက်ခဲပင်ပန်းတဲ့ အခိုက်အတန့် တခုဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တချို့အမျိိုးသမီးတွေဟာ အလုပ်ခွင်ကို စွန့်ခွာပြီး ကလေးကို ဦးစားပေးကြတာ...