Search on this blog

Search on this blog

image
image

လက်တွဲဖော် ပြောင်းသွားပေမယ့် တူညီတဲ့ Relationship ပြဿနာတွေကို ခံစားနေရတာဟာ Relationship ရဲ့ ပတ်သက်ဆက်နွယ်မှုပုံစံ (Attachment Style) နဲ့ သက်ဆိုင်နေပါတယ်။ အထူးသဖြင့် ငယ်စဉ်က အုပ်ထိန်းသူနဲ့ ပတ်သက်ဆက်နွယ်မှုဟာ အရွယ်ရောက်လာချိန် Relationship ရဲ့ Attachment Style ကို သက်ရောက်မှု ရှိတယ်လို့လည်း ပညာရှင်တွေက သုံးသပ်ကြပါတယ်။  Relationship တွေမှာ တွေ့ရတဲ့ Attachment Style (၄) မျိုးအကြောင်းကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 

(၁) Anxious Attachment Style 

အချစ်မရှိရင် သေဆုံးသွားနိုင်တယ်ဆိုတဲ့ သူတွေဟာ Anxious Type လို့ ပြောရမယ် ထင်ပါတယ်။ ဒီပုံစံနဲ့ ဆက်နွယ်တတ်သူတွေဟာ အမြဲ အချစ်ခံလိုတယ်၊ အလေးပေးခံချင်ကြတယ်၊ ဂရုစိုက်မှုကို လိုလားတောင့်တကြပါတယ်။ ချစ်သူရဲ့ စွန့်ပစ်ခံရမှု၊ ထားခဲ့မှာကို အလွန်ကြောက်တတ်ကြပြီး ချစ်သူနဲ့ အတူမရှိရင် စိတ်ဖိစီးမှု များတတ်တဲ့ ပုံစံ ဖြစ်ပါတယ်။ Anxious Attachment ပုံစံနဲ့ ချစ်တတ်ကြသူတွေဟာ Relationship ကို တန်ဖိုးထားတတ်ကြသလို ဒီတန်ဖိုးထားလိုတဲ့ စိတ်ကြောင့်ပဲ ကိုယ်တိုင်နဲ့ လက်တွဲဖော်ပေါ်မှာ အန္တရာယ်တစုံတရာ ပြုလုပ်တတ်ကြပါတယ်။ 

(၂) Avoidant Attachment Style 

ရှောင်ဖယ်တတ်တဲ့ ပတ်သက်ဆက်နွယ်မှုကတော့ Avoidant Attachment Style နဲ့ ချစ်တတ်ကြသူတွေပါ။ လက်တွဲဖော် မရှိရင်လည်း နေနိုင်တယ်၊ အလွန်အမင်း မှီခိုတာတွေ မလုပ်ဘူး၊ လိုတာထက် ပိုပြီး သိပ်ချစ်ပြလေ့ မရှိဘူးဆိုတဲ့ သူတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် အထင်ကြီးလေးစားစိတ် ကြီးမားသလို Relationship ဆိုတာ ဘဝရဲ့ အရေးကြီးဆုံး အရာ မဟုတ်ဘူး လို့ လက်ခံထားကြ သူတွေ ဖြစ်ပါတယ်။ 

(၃) Disorganized/ Fearful Avoidant Attachment Style 

ဒီ အမျိုးအစားနဲ့ ပတ်သက်ဆက်နွယ် တတ်သူတွေကတော့ အထူးသတိထားရမယ့် ပုံစံ ဖြစ်ပါတယ်။ Disorganized Attachment Style နဲ့ ချစ်တတ်သူတွေဟာ Anxious နဲ့ Avoidant ပုံစံ ၂ မျိုးလုံးနဲ့ ခံစားချစ်တတ်ကြပါတယ်။ လက်တွဲဖော်ကို အရမ်းချစ်တယ်၊ ထားခဲ့ခံရမှာကို ကြောက်တယ်၊ ဒါပေမယ့် တဖက်မှာလည်း သူ့ကို အရမ်းမှီခိုမိမှာကို စိုးရိမ်တယ်၊ ယုံကြည်မှု အပြည့်အဝ မရှိဘူး၊ ဒီလို ပုံစံ နှစ်ခု ယှဉ်တွဲနေသူတွေ ဖြစ်ပါတယ်။ သိပ်ချစ်ပေမယ့် မချစ်ပြရဲဘူး။ လှည့်စားခံရမှာ ကြောက်တယ်၊ ဒါပေမယ့် မချစ်လို့ ထားခဲ့မှာကိုလည်း တွေးကြောက်တယ်ဆိုတဲ့ ပုံစံ ဖြစ်တာကြောင့် ကိုယ်တိုင်အတွက်ရော လက်တွဲဖော်အတွက်ပါ Toxic ဖြစ်နိုင်တာကို သတိပြုဖို့ လိုအပ်ပါတယ်။ 

(၄) Secure Attachment Style 

Secure Attachment ပုံစံကတော့ များသောအားဖြင့် Healthy Relationship တွေမှာ တွေ့ရလေ့ရှိတဲ့ ပုံစံလို့ ပြောနိုင်ပါတယ်။ ချစ်သူပေါ်မှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပဲ ဖွင့်ပြတယ်၊ အပြန်အလှန် မှီခိုကြတယ်၊ ရိုးသားတယ်၊ ယုံကြည်တယ်၊ ပိုပိုနီးစပ်ဖို့ ကြိုးစားနေကြတယ်၊ ချစ်သူအပေါ်မှာ အကောင်းဆုံး ချစ်ပေးတယ်၊ ထိန်းချုပ်ကန့်သတ်ရတာတွေကို မလိုလားတဲ့ အတွက်ကြောင့် ရင့်ကျက်တဲ့ Attachment ပုံစံ တခုဖြစ်ပါတယ်။ ကိုယ်ကောင်းသလောက် ကိုယ့်အပေါ် ပြန်မကောင်းဘူး ဆိုရင်လည်း အချိန်မှီ လွှတ်ချဖို့ ဝန်မလေးတာကြောင့် Toxic Relationship တွေနဲ့ ကင်းလွတ်တတ်တဲ့ ပုံစံဖြစ်ပါတယ်။ 

Attachment ပုံစံတွေဟာ အမြဲတသမတ်တည်း ရှိနေမယ်လို့ အတိအကျ မပြောနိုင်ပါဘူး။ ဘဝရဲ့ အချိုးအကွေ့ ပတ်သက်ခဲ့ရသူတွေပေါ်မှာ မူတည်ပြီး Attachment ပုံစံတွေ ပြောင်းလဲ နိုင်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ Attachment ပုံစံကြောင့် Relationship မှာ ပြဿနာဖြစ်နေပြီဆိုရင် ဒါကို ပြောင်းလဲချင်တဲ့ စိတ်နဲ့ ပြောင်းလဲရမယ်ဆိုတဲ့အသိ Self-Awareness အဓိက ရှိဖို့ လိုပါတယ်။ 

တကယ်လို့ သင့်ရဲ့ Relationship တွေမှာ ဖြေရှင်းရခက်ခဲတဲ့ ပြဿနာတွေ ရှိနေတယ်၊ သင်ကိုယ်တိုင် ပြောင်းလဲဖို့ မလွယ်ကူနိုင်ဘူး ဆိုရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ ဆွေးနွေးဖို့ လိုပါတယ်။ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

? : https://app.callmetoday.org/book

☎️: 09-5131873

#CallMeToday

#ItIsOkToCallMeToday

#counseling 

#therapy

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်