တခါတရံ သင်ခံစားနေရတဲ့ ပြဿနာတွေကို တစုံတယောက်ကို ရင်ဖွင့်လိုက်တဲ့အခါ စိတ်ထဲပေါ့ပါးသွားတာ ကြုံဖူးမှာပါ။ သင်ကြုံနေရတဲ့ အခက်အခဲနာကျင်မှုတွေက ချစ်ခင်ရတဲ့ တစုံတယောက်ရဲ့ ဂရုစိုက်မှုတွေကြောင့် လျော့ပါးသက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလို သင့်ရဲ့ပြဿနာကို ချစ်ရသူနဲ့ မျှဝေတာဟာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် သင့်ရဲ့ ရောဂါ၊ ခံစားမှုတွေအကြောင်းကို ချစ်ရသူကို ပြောပြဖို့ လိုအပ်နေတယ်၊ ဖွင့်ပြောဖို့လည်း...
သင်ချစ်ရသူ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးက ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရတယ်၊ သင့်အနေနဲ့လည်း သူ့ကို အနီးကပ် ပြုစုစောင့်ရှောက်နေရတယ် ဆိုရင် ဒါဟာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် နာတာရှည် ရောဂါတွေ ၊ ပြင်းထန်တဲ့ ရောဂါတွေကို ချစ်ရသူက ခံစားနေရတယ်ဆိုရင် သင့်ရဲ့ အကူအညီကို အချိန်ကြာကြာ လိုအပ်နေမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ရေရှည်မှာ...
အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ရောဂါတစ်ခု ရှိနေပြီလို့ သိရချိန်မှာ မည်သူမဆို ကြောက်ရွံ့စိတ်နဲ့ စိုးရိမ်စိတ်တွေကို ခံစားရလေ့ရှိပါတယ်။ ဒါတွေဟာ ရောဂါခံစားနေရတဲ့ ကာလတစ်လျှောက်လုံးမှာ အရိပ်မည်းတစ်ခုကို သင့်ကို ခြောက်လှန့်နေတတ်ပြီး ရောဂါကို ထိန်းချုပ်ကုသရာမှာလည်း ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို စိုးရိမ်ပူပန်မှုတွေနဲ့ ကြောက်ရွံ့မှုတွေကို ဖြေဖျောက်ရာမှာ သတိထားရမယ့် ဆောင်ရန်ရှောင်ရန် အချက်တွေကို မျှဝေပေးချင်ပါတယ်။ (၁)...
ကျန်းမာခြင်းဆိုတာ လူတိုင်းလိုလားတောင့်တကြတဲ့ အရာဆိုပေမယ့် တခါတရံမှာ မထင်မှတ်ထားတဲ့ ရောဂါတွေကို ကြုံတွေ့ရတာလည်း ရှိပါတယ်။ အထူးသဖြင့် ကိုယ်ခံစားနေရတဲ့ ရောဂါဟာ အသက်အန္တရာယ်ကို ထိခိုက်စေတယ်၊ အသက်သေဆုံးတဲ့အထိ ဆိုးရွားနိုင်တယ်လို့ သိလိုက်ရတဲ့ အချိန်မှာတော့ နောက်ဆက်တွဲ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ များစွာ ခံစားရနိုင်ပါတယ်။ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ လက်မခံနိုင်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းနဲ့ စိတ်ဓါတ်ကျခြင်းတွေ...