Search on this blog

Search on this blog

မိသားစုဝင်တဦး ဒါမှမဟုတ် ချစ်ရသူ ဆုံးရှုံးတာဟာ အစားထိုးမရတဲ့အရာတခုဖြစ်သလို ချစ်ရသူ မရှိတော့တဲ့ နေ့ရက်တွေဟာ ကျန်ရစ်သူအတွက်တော့ ခက်ခဲတဲ့ အချိန်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကို ပြန်လည်ကုစားပြီး ခံစားမှုတွေလျော့ပါးသက်သာစေဖို့ဆိုရင် ကျန်ရစ်သူအနေနဲ့ အချိန်ယူ ကုစားရမှာဖြစ်သလို ကိုယ်တိုင်ဖြေရှင်းဖို့ ခက်ခဲမယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုနိုင်ပါတယ်။ ကျန်ရစ်သူအနေနဲ့ ချစ်ရသူမရှိတဲ့ နေ့ရက်တွေကို တစ်ဦးတည်း ရှေ့ဆက်နိုင်ဖို့ ပြုလုပ်ရမယ့်...
ချစ်ခင်ရတဲ့ သူ ဒါမှမဟုတ် တန်ဖိုးထားတဲ့အရာတခုကို ဆုံးရှုံးရတဲ့ အချိန်ဟာ ဖြေဆည်မရတဲ့ ဝမ်းနည်းမှုတွေကို ခံစားရနိုင်တဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒီ ခံစားချက်တွေကို အနည်ထိုင်ဖို့ အချိန်ပေး ကုစားရမှာဖြစ်သလို တခါတရံမှာ တခြားသူတစ်ဦးရဲဲ့ အကူအညီကို လိုအပ်နိုင်ပါတယ်။  သင့်အနေနဲ့ ဆုံးရှုံးမှုတခုကြောင့် စိတ်ခံစားချက်တွေ ပြင်းထန်နေတယ်၊ ဒီခံစားချက်တွေ ဖြေလျော့ပေးနိုင်မယ့် စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်း ဆန်းစစ်နိုင်မယ့်...
ဆုံးရှုံးမှုကြောင့် ကြေကွဲဝမ်းနည်းမှုတွေကို ခံစားရတဲ့အခါ အပြစ်ရှိသလို ခံစားရစိတ် (Guilt) ကိုပါ ယှဥ်တွဲပြီး ခံစားရလေ့ရှိပါတယ်။ အထူးသဖြင့် ချစ်ရသူဆုံးရှုံးတာ ၊ ကိုယ်မျှော်လင့်ထားတဲ့ အခွင့်အရေး တခုဆုံးရှုံးတာ ၊ ရေရှည် တည်ဆောက်ထားတဲ့ Relationship တခု ဆုံးရှုံးတာ စတဲ့ အခြေအနေတွေမှာ နာကျင်မှုနဲ့အတူ အပြစ်ရှိသလိုပါ ခံစားရနိုင်ပြီး ကိုယ့်ကိုကိုယ် ခွင့်လွတ်ဖို့ ခက်ခဲတာတွေ...
နေ့စဥ်အသက်ရှင်သန်နေတဲ့ နေ့ရက်တွေမှာ ကိုယ်မျှော်လင့်ထားတဲ့ အရာတွေလည်း ကြုံရတတ်သလို မျှော်လင့်မထားပဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ကံကြမ္မာရဲ့ ထိုးနှက်မှုတွေကိုလည်း ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ကြိုတင်မှန်းဆမထားတဲ့ ဆုံးရှုံးမှု တခုကို ကြုံတွေ့ရတဲ့အခါမှာ ရုတ်တရက် လက်ခံဖို့ ခဲယဥ်းသလို ဒီဆုံးရှုံးမှုကနေ ပြန်လည်နာလန်ထဖို့လည်း မလွယ်ကူနိုင်ပါဘူး။ ဒီလို ရုတ်ချည်း ဖြစ်ပျက်သွားတဲ့ ဆုံးရှုံးမှုတွေကြောင့် ဖြစ်နိုင်တဲ့ ခံစားချက်တွေနဲ့ ဒါတွေကို...
ဆုံးရှုံးမှုဆိုတာကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ ဒါပေမယ့် ဆုံးရှုံးမှုတွေ မတူညီနိုင်သလို ဆုံးရှုံးမှု တူညီရင်တောင် ခံစားရတဲ့ ခံစားချက်တွေက တစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ တချို့က ကိုယ် ချစ်ခင်ရသူတွေနဲ့ သေခွဲ ၊ ရှင်ခွဲ ခွဲခွာရတာကြောင့် ချစ်ရသူတွေ ဆုံးရှုံးသွားတယ်။ တချို့က ကိုယ်တန်ဖိုးထားတဲ့ အရာတွေ ၊ အလုပ်တွေ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်။...
ကျွန်တော်တို့ ချစ်ရသူတွေနဲ့ ဝေးကွာရပြီဆိုရင် ဘယ်လောက်ပဲ မခံစားတတ်တဲ့သူဖြစ်နေပါစေ၊ စိတ်ထဲမှာ ဝမ်းနည်းပူဆွေးတဲ့ ခံစားချက်တွေ ဖြစ်နေမှာပါ။ ဒီခံစားချက်တွေဟာ ကိုယ့်ချစ်သူအပေါ် ဘယ်လောက်ထိ ချစ်ခဲ့လဲ၊ တွဲတာ ဘယ်လောက်ကြာခဲ့လဲ၊ ဘာအကြောင်းကြောင့် ဝေးကွာခဲ့ရတာလဲ၊ တွဲနေတဲ့ကြားထဲမှာ ကိုယ်ဘယ်လောက်ထိ ပျော်ရွှင်ခဲ့လဲ၊ ကိုယ့်ရဲ့ ငယ်ဘဝစိတ်ဒဏ်ရာ စတာတွေပေါ်မူတည်ပြီး လပိုင်းကနေ နှစ်ပိုင်းလောက်ထိ ကြာနိုင်ပါတယ်။ ဒီလိုကာလမှာ ပူဆွေးသောက ရောက်တဲ့ခံစားချက်တွေကို...