နှစ်သိမ့်ဆွေးနွေးမှု တစ်ခုကို စတင်တဲ့အခါမှာ လူတိုင်း သိလိုတဲ့ မေးခွန်းကတော့ နှစ်သိမ့်ဆွေးနွေးမှု ဘယ်နှစ်ကြိမ် လိုအပ်တာလဲ၊ အချိန်ဘယ်လောက်ပေးရင် သိသာတဲ့ ရလဒ်ကို ရမှာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဟာ တစ်ဦးချင်းစီအတွက် မတူညီနိုင်တာကြောင့် နှစ်သိမ့်ဆွေးနွေးမှုအတွက် လိုအပ်တဲ့ ကြာချိန် ဘယ်လို ကွာခြားနိုင်လဲဆိုတာ မျှဝေပေးချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ နှစ်သိမ့်ဆွေးနွေးမှု ခံယူတဲ့ တစ်ဦးချင်းစီမှာ မတူညီကွဲပြားတဲ့...
သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးမှု ခံယူဖို့အတွက် နှစ်သိမ့်ဆွေးနွေးသူ (Counselor) နဲ့ ချိန်းဆိုထားပြီးပြီဆိုရင် ပထမဆုံး တွေ့ဆုံမှုအတွက် အနည်းငယ် စိုးရိမ်ကြောင့်ကြတတ်တာ ပုံမှန်ပါပဲ။ အကယ်၍ ဒီပထမချိန်းဆိုမှုအတွင်း သင့်ဘက်က မျှော်မှန်းထားရမယ့် အချက်တွေကို ကြိုတင်သိရှိထားမယ်ဆိုရင်တော့ နှစ်သိမ့်ဆွေးနွေးမှု ခရီးစဉ်က ပိုမိုချောမွေ့စေမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဒီလို ပထမအကြိမ် ချိန်းဆိုမှုဟာ သင်နဲ့ နှစ်သိမ့်ဆွေးနွေးသူ (Counselor)...
နှစ်သိမ့်ဆွေးနွေးမှု (Counseling) ခံယူတဲ့အခါ မျှော်မှန်းတဲ့အရာတွေဟာ တစ်ဦးနဲ့ တစ်ဦး ကွဲပြားနိုင်ပါတယ်။ ဆွေးနွေးမှု ခံယူသူ (Client) အနေနဲ့ ဆွေးနွေးမှုကနေ မရနိုင်တဲ့အချက်တွေကို ကြိုတင်သိရှိထားတာက နှစ်ဦးနှစ်ဖက်အတွက် ပိုပြီး သက်တောင့်သက်တာ ဖြစ်စေပါတယ်။ ဒါ့ကြောင့် နှစ်သိမ့်ဆွေးနွေးမှု (Counseling) မှ သင်မရနိုင်တဲ့ အချက် (၅) ချက်ကို မျှဝေပေးချင်ပါတယ်။ (၁) နှစ်သိမ့်ဆွေးနွေးသူသည်...
လူတိုင်း လူတိုင်းမှာ နွေးထွေးရတဲ့ ရပ်ဝန်းလေး တစ်ခု ရှိပါတယ်။ ဒီရပ်ဝန်းလေးထဲမှာ ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်း မိတ်ဆွေ ဒါမှမဟုတ် မိသားစုတွေ ရှိမယ်၊ တခါတရံ စိတ်ထဲမှာ မွန်းကြပ်လာရင် ဒီရပ်ဝန်းထဲက တစ်စုံတစ်ယောက်ကို ရင်ဖွင့်ပြီး စိတ်သက်သာအောင် လုပ်ကြမယ်ပေါ့။ ဒါပေမယ့် တခါတရံမှာ သူငယ်ချင်းကို ရင်ဖွင့်ရုံနဲ့ မလုံလောက်တဲ့ အခြေအနေတွေ ရှိလာနိုင်ပါတယ်။ ဒီနေရာမှာ...
လူတိုင်းမှာ ကိုယ်စီ ကြုံတွေ့နေကြတဲ့ ပြဿနာ၊ ဖြစ်ရပ်နဲ့ ခံစားမှုတွေ ရှိကြပါတယ်။ ဒါတွေကို ရင်ဖွင့်ပြောပြနိုင်မယ့် တစုံတယောက်ဆိုတာ လိုအပ်ပါတယ်။ ဒါပေမယ့် နှစ်သိမ့်ဆွေးနွေးခြင်း (Counseling) ဟာ ရင်ဖွင့် ပြောဆိုတာထက် ပိုပြီး လေးနက်ပါတယ်။ နှစ်သိမ့်ဆွေးနွေးခြင်းဟာ စကားပြောခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ကုသမှု (Talk Therapy) တမျိုး ဖြစ်ပါတယ်။ နှစ်သိမ့်ဆွေးနွေးမှု တခုမှာ...
Healthy Work Environment ဖြစ်ဖို့ဆိုတာ ဝန်ထမ်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အရေးကြီးရုံသာမက လုပ်အားကို တိုးစေဖို့၊ မိမိအလုပ်ကို စိတ်ကျေနပ်ဖို့၊ ဝန်ထမ်းကောင်းတွေကို ထိန်းထားနိုင်ဖို့အတွက်လည်း အရေးပါပါတယ်။ မိမိဝန်ထမ်းရဲ့ ကျန်းမာရေး၊သက်တောင့်သက်သာရှိရေး၊ သာတူညီမျှအခွင့်အရေးကို အလေးမပေးတဲ့လုပ်ငန်းခွင်က ဝန်ထမ်းတစ်ဦးကို ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်တွေနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း အစရှိတဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်စေသလို စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကများခြင်း၊ အိပ်မပျော်ခြင်း အစရှိတဲ့...
အခုမှပထမဆုံး အလုပ်စလုပ်ဖူးတဲ့သူဖြစ်ဖြစ်၊ အလုပ်မကြာခဏပြောင်းဖူးသူဖြစ်ဖြစ် ဘယ်သူမဆို လုပ်ငန်းခွင်အသစ်ကို ပြောင်းကာစမှာ စိတ်ဖိစီးမှုလေးတွေ ကြုံရတတ်ပါတယ်။ ဝန်ထမ်းအသစ်ဆိုတော့ အထက်လူကြီးက စောင့်ကြည့်နေမှာဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေက အကဲခတ်နေကြမဲ့အတွက် ဖိအားတွေကို ရင်ဆိုင်ကြရမှာပါ။ လုပ်ငန်းခွင်အသစ်ရောက်တဲ့အခါ စိတ်ဖိစီးမှုကိုခံစားရစေတဲ့ အဓိကအကြောင်းအရာတွေကို Call Me Today က ဖော်ပြပေးလိုက်ပါတယ်။ လုပ်ဖော်ကိုင်ဖက်အသစ်တွေ: ဌာနအသီးသီးက ကိုယ်နဲ့ချိတ်ဆက်ဆောင်ရွက်ရမဲ့သူတွေကို မှတ်ထားရတာ၊ ကိုယ့်ဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့...
လူတိုင်းက အချိန်တိုင်းမှာ စိတ်ဖိစီးမှု တစ်ခုမဟုတ်တစ်ခုနဲ့ ကြုံတွေ့နေကြရပါတယ်။ စိတ်ဖိစီးမှုဆိုတာ အကောင်းဘက်ကကြည့်ရင် စိတ်ကိုသွေးပူအောင်လုပ်ပေးတာဖြစ်ပြီး ပျော်ရွှင်စေမဲ့နည်းလမ်းကို ခပ်မြန်မြန်ရှာတွေ့စေပါတယ်။ သို့ပေမဲ့ ပျော်ရွှင်စရာရှာမတွေ့နိုင်ပဲ စိတ်ဖိစီးမှုချည်းပဲ နေ့စဉ်ရက်ဆက်ရင်ဆိုင်နေရရင်တော့ ဒါကို “စိတ်ဒုက္ခရောက်ခြင်း” လို့ခေါ်ပါတယ်။ စစ်တမ်းတွေအရ လူအများစုကို စိတ်ဒုက္ခအကြီးအကျယ်ရောက်စေတဲ့ အတွေ့အများ ဆုံး အကြောင်းအရာတွေက လူတယောက်က အလွန်အမင်း စိတ်ဒုက္ခရောက်လာတဲ့အခါ အခုပြောပြမဲ့ အပြုအမူတွေ၊ လက္ခဏာတွေကို...
နေ့တဓူဝရုန်းကန်လှုပ်ရှားရင်းနဲ့ တာဝန်တွေ၊ ဝတ္တရားတွေကြား စိတ်ရောကိုယ်ပါနှစ်ထားရင်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့မေ့နေပြီလား? ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖြစ်ဖို့ဆိုတာ ငွေကြေးအကုန်အကျခံပြီး အစားအသောက်ကောင်းတွေဝယ်စားမှ၊ အသုံးအဆောင်ကောင်းတွေ ဝယ်မှ၊ အပန်းဖြေခရီးတွေထွက်မှမဟုတ်ပါဘူး။ အိမ်မှာနေရင်းပဲ အချိန်ခဏလောက်ပေးလိုက်ရုံနဲ့ စိတ်ရောကိုယ်ပါ အပန်းပြေသွားစေမဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) လေကောင်းလေသန့်ကို တစ်ဝကြီးရှူပါ။ စက္ကန့်တိုင်း အလိုလို အသက်ရှူနေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်သတိမထားမိကြသလို အလကားရတဲ့...
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း (Self-Care) ကို အတ္တဆန်တယ်၊ တစ်ကိုယ်ကောင်းဆန်တယ်လို့ အထင်မှားလေ့ရှိကြပါတယ်။ အမှန်စင်စစ်အားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ခြင်းကသာ ကိုယ်တိုင်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ ကောင်းမွန်တဲ့သက်ရောက်မှုကိုဖြစ်စေနိုင်ပါတယ်။ အခြားသူကို မထိခိုက်စေသလို အခြားသူကို ဥပေက္ခာပြုရာလည်း မရောက်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းဆိုတာ မိမိတစ်ကိုယ်စာ ကောင်းကျိုးရရေးအတွက် အများသူငှာကို ဆိုးကျိုးဖြစ်စေခြင်းဖြစ်ပြီး အတ္တဆန်ခြင်းဆိုတာ မိမိရဲ့ကောင်းစားရေးကိုသာ မျက်စိစုံမှိတ်ဦးစားပေးနေခြင်းဖြစ်ပါတယ်။ လူတစ်ယောက်မှာ မိမိကိုယ်ကိုယ်...