Search on this blog

Search on this blog

လူတိုင်းလူတိုင်းဟာ သူတို့ရဲ့ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက်မှာ ရင်ဆိုင်ရတဲ့ပြသနာတွေ ၊ ဖြတ်ကျော်ရတဲ့အခက်အခဲတွေအများကြီးကြုံတွေ့ရတာပဲဖြစ်ပါတယ်။ဒါ့အပြင် နာကျင်စရာ အဖြစ်အပျက်တွေလည်းပဲဘဝမှာအများကြီးကြုံတွေ့ရတတ်ပါတယ် ။  လူတွေရဲ့စိတ်ဆိုတာကရေအိုးတစ်အိုးလိုပဲဖြစ်ပါတယ်။ရေအိုးကိုရေတွေအများကြီးထည့်ထားရင်ရေလျှံကျလာသလိုမျိုးပဲ စိတ်ထဲမှာသိမ်းဆည်းပြီးထည့်ထားရတဲ့အရာတွေများလေလေ ရေလျှံကြလာသလိုပဲ စိတ်ပိုင်းဆိုင်ရာဒါဏ်ရာတွေဖြစ်ပေါ်လာပြီး အဲ့ကနေမှတဆင့်စိတ်ရောဂါတွေထိ ဖြစ်လာပါလိမ့်မယ် ။  ✔️ ဒါကြောင့်မလို့ အတိတ်မှာကြုံတွေ့ခဲ့ရတဲ့နာကျင်စရာဖြစ်ရပ်တွေ ၊ ပြသနာအခက်အခဲတွေကို စိတ်ထဲမှာ သိမ်းဆည်းထားပြီး လက်မလွှတ်နိုင်ဖြစ်နေတာက လူကိုပိုပြီးခက်ခဲပင်ပန်းစေတာမလို့ ဒါတွေကိုလက်လွှတ်ချလိုက်ဖို့ သိပ်ကိုအရေးကြီးပါတယ် ။ ပြီးခဲ့တဲ့ဖြစ်ပြီးသားပြန်ပြင်လို့မရတော့တဲ့အရာတွေကို လွှတ်ချပြီး၊ကိုယ့်ရဲ့မဖြစ်လာသေးတဲ့တည်ဆောက်ရမဲ့အနာဂတ်ကိုကောင်းကောင်းဖန်တီးရှေ့ဆက်...
အတွေးလွန်ခြင်း (Over Thinking) ဆိုတာကတော့ လူတွေရဲ့ နေ့စဉ်ဘဝမှာ မဖြစ်လာသေးတဲ့ကိစ္စတွေကိုကြိုတွေးရင်း၊ ဖြစ်ခဲ့ပြီးသားကိစ္စတွေကို ပြန်တွေးရင်းနဲ့ လိုတာထက်ပိုပြီးအတွေးလွန်သွားတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ဦးနှောက်ဟာ အမျိုးသားတွေထက်ပိုပြီး Active ဖြစ်တာကြောင့်မလို့ အတွေးလွန်ခြင်းတွေက အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များလေ့ရှိတယ်လို့လည်းသိရပါတယ် ။ ✔️  အတွေးလွန်ခြင်း (Over Thinking) တွေဘာလို့ဖြစ်လာရတာလဲ?  Over Thinking ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့...
ဒီစာက အမျိုးသမီးတွေအတွက်ပါ။ အမျိုးသမီးရယ်လို့ ဆိုပြီးဖြစ်လာတာနဲ့ အမျှ ကျွန်မတို့တွေရဲ့အများစုက ဘဝမှာ Traumatic event တွေနဲ့ ကြုံတွေ့ခဲ့ကြရတာပါပဲ ။ ဒီလိုမျိုး အမျိုးသမီးတို့ ဘဝတစ်လျှောက်မှာကြုံတွေ့ရတဲ့ Traumatic Event တွေထဲမှာမှ အများစုကတော့ –  ▪️Sexual Harassment  နေ့စဉ်ဘဝမှာCat Calling လုပ်ခံရတာလိုမျိုး ကနေစလို့ ၊ Relationship ကြားကTape...
စိုးရိမ်မှုတွေလွန်ကဲလာတဲ့အခါ ရုတ်တရတ် နှလုံးခုန်နှုန်းတွေအရမ်းမြန်လာပြီးမောလာတာ၊ ချွေးတွေထွက်လက်ဖျားခြေဖျားတွေအေးပြီးမူးလာကာ အသက်ရှုလို့မဝဖြစ်တဲ့ ဖြစ်စဉ်ကိုတော့ Panic Attacks  လို့ခေါ်ပါတယ်ရှင့် ။ ကြာချိန်အားဖြင့် မိနစ်အနည်းငယ်ခန့်ကနေ မိနစ်၂၀ နာရီဝက်လောက်ထိကြာတတ်ကြပါတယ် ။  ⚠️Panic Attack ဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ ။  Panic Attack ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ တိတိကျကျအသေအချာရှာဖွေသိရှိထားခြင်းမရှိပဲ များသောအားဖြင့် Psychologically Causes ,...
❝ ပြသနာတွေဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ၊ တစ်ခုခုမကောင်းတာဖြစ်လာရင်ရော ၊ ဒီကိစ္စအဆင်မပြေမှာ စိတ်ပူတယ် ❞ ဆိုတဲ့ အလွန်အမင်း စိုးရိမ်ပူပန်နေတဲ့ အတွေးတွေဝင်လာဖူးတယ် ဆိုရင်တော့ သင့်မှာ သင်မသိထားလိုက်ခင် မှာပဲ Anxiety ရှိနေတာဖြစ်ပါတယ် ။ ဒါ့ကြောင့် ဒီနေ့မှာတော့ Anxiety နဲ့ပါတ်သတ်ပြီး သိထားသင့်တာ တွေ ၊ ကိုယ့်မှာရှိနေလား မရှိနေလားဆိုတာကို ကွဲပြားစွာသိစေဖို့နဲ့...
မိဘတစ်ယောက်အနေနဲ့ကလေးမှာ စိတ်ဖိစီးမှု ရှိမရှိကိုသိရှိနိုင်ရန် မိမိကလေးအမူအကျင့်ပြောင်းလာမှု လေ့လာစောင့်ကြည့်ရန် လိုအပ်ပါသည်၊ ကလေးအများစုသည် မိမိတို့ နေထိုင်ရာပတ်ဝန်းကျင် အခြေအနေပေါ်လိုက်၍ တုံ့ပြန်မှု အမျိုးမျိုးရှိတတ်ကြပါသည်။ လူမှုပတ်ဝန်းကျင် ယဉ်ကျေးမှုတွေ ဆိုတာကလည်း မိမိတို့ရဲ့ စိတ်ခံစားမှုတွေကို ဖော်ပြသည့်နည်းလမ်းများအပေါ် လွှမ်းမိုးမှုရှိပါတယ်။စိတ်ဖိစီးမှုများပြီး အကျပ်အတည်းကြုံရသည့် အချိန်များတွင် ကလေးများသည် မိမိဘာသာ မည်သို့ဖြေရှင်းရမည်ကို သိရှိရန်အတွက် လူကြီးများ၏ အပြုအမူများနှင့် စိတ်ခံစားမှုများကို စောင့်ကြည့်တတ်ကြပါတယ်။...
လူတိုင်းလူတိုင်းမှာ သူတို့ရဲ့ဘဝတစ်လျှောက်မှာ ပြသနာတွေ၊အခက်အခဲတွေ၊စိတ်ညစ်စရာတွေဆိုတာရှိတတ်ကြပါတယ်။ ဒီလိုမျိုးကိုယ့်ရဲ့ဘဝမှာ အခက်အခဲပြသနာတွေရှိလာတဲ့အခါ စိတ်မွန်းကျပ်မှုတွေလည်းစတင်ပြီးဖြစ်ပေါ်လာကြပါတယ်။ဒီလိုမျိုးတစ်ယောက်ထဲ မွန်းကျပ်ပြီးနေနေတာ က ပိုပိုပြီးစိတ်ပိုင်းဆိုင်ရာအဆင်မပြေဖြစ်လာတတ်တာမလို့ ကျွန်မတို့တွေဟာ ရင်ဖွင့်ပြောဆိုဖို့လိုအပ်ပါတယ်ရှင့်။ ✅ ဒီလိုမျိုး ကျွန်မတို့တွေ ရင်ဖွင့်ပြောဆိုခြင်း အားဖြင့် – ▪️ကိုယ့်ရဲ့အခက်အခဲ၊စိတ်ခံစားချက်တွေကို မျိုသိပ်ထားလို့မွန်းကျပ်နေရတဲ့ခံစားချက်ကနေ လွှတ်ချလိုက်ရသလိုမျိုးပေါ့ပါးသွားပြီးစိတ်သက်သာရာရသွားပါလိမ့်မယ်။ ▪️ပြသနာတွေကိုရင်ဖွင့်ပြီးဆွေးနွေးတိုင်ပင်မယ်ဆိုရင်လည်း ကိုယ့်တစ်ယောက်ထဲအပင်ပန်းခံနေရမဲ့အစား အကြံဉာဏ်ဖြစ်စေ၊အကူအညီဖြစ်စေရနိုင်ပါတယ်။ ▪️ဒါ့အပြင် ကိုယ့်အနားမှာကိုယ့်အတွက်နားထောင်ပေးတဲ့သူရှိတဲ့အခါအထီးကျန်တာတွေလည်းဖြေးဖြေးချင်းလျော့ပါးလာပြီး၊ကိုယ့်ကိုကိုယ်ယုံကြည်မှုရရှိလာပါလိမ့်မယ်။ ✅ အကယ်၍ ကိုယ့်ကိုတစ်ယောက်ယောက်ကရင်ဖွင့်ပြောဆိုတဲ့အခါမှာ- “ဒီလောက်လေးကဘာမှမဟုတ်ပါဘူး...
လက်ရှိအလုပ်ထဲမှာ ရောက်နေတဲ့လူတိုင်းကိုမေးချင်ပါတယ် “အလုပ်ထဲမှာ ပျော်ကြရဲ့လား?” မပျော်ဘူးလို့ ဖြေခဲ့မယ်ဆိုရင်တော့ ဘာကြောင့်မပျော်တာလဲလို့ မေးချင်ပါတယ်။အလုပ်ထဲမှာ မပျော်နိုင်တဲ့ အကြောင်းအရင်းတွေကတော့ ပြောရမယ်ဆိုရင် အများကြီးရှိနေနိုင်မှာပါ ဒါပေမယ့် လို့အဓိကအကြောင်းအရင်းကို ကိုယ်တိုင်က မတွေးမိကြဘူး မသိကြဘူးဆိုရင်တော့ မိမိဘဝမှာနေ့စဉ်နဲ့ အမျှအိမ်မှာနေတာထက်အလုပ်မှာနေရတဲ့အချိန်က ပိုများတဲ့အတွက်လူတွေဟာများသောအားဖြင့် မိမိဘဝမှာလူဖြစ်ရကျိုးမနပ်သလို ခံစားလာရပြီး စိတ်ပန်းလူပန်းနဲ့ မိမိဘ၀ အခြေအနေကို ငြီးငွေ့စိတ်ပျက်လာ ကြပါတယ်။ ဒါကြောင့် အလုပ်ထဲမှာ...
ကျွန်မအနေနဲ့ ဒီရက်ပိုင်းထဲမှာ စိတ်ထဲမှာဝမ်းနည်းနေသလို၊ကိုယ့်ကိုကိုယ် Confidence လည်းမရှိသလိုတစ်ခုခုဆိုရင်ဘာမှလုပ်ချင်စိတ်မရှိပဲပျင်းရိတတ်လာတယ် ။ ညဘက်တွေလည်းအိပ်ပျော်ဖို့ခက်ခဲလာသလို ဘဝရဲ့အကြောင်းပြချက်က ဘာမှန်းသေချာမသိတော့သလိုမျိုး ဘဝရဲ့အဓိပ္ပါယ်ကလည်းပျောက်ဆုံးလာတယ် ။ အရင်ကလုပ်ခဲ့ဖူး၊ပျော်ခဲ့ဖူးတဲ့ကိစ္စတွေကိုလည်းအခုချိန်မှာစိတ်ဝင်စားမှုမရှိတော့ဘူး။ အရင်ကလောက်ကျွန်မမပျော်တော့ဘူး။ အတိတ်ကအချိန်တွေကသာကျွန်မအတွက်အကောင်းဆုံးအခိုက်အတံ့တွေဖြစ်နေပြီး လက်ရှိမှာတော့စိတ်လှုပ်ရှားတာပျော်ရတာဆိုတာတွေလည်းမရှိတော့ပဲဗလာကျင်းနေတယ်။တစ်ခါတစ်လေဆိုရင် ခန္ဓာကိုယ်ကလည်းဟိုနားနာလိုက်ဒီနားနာလိုက်ဖြစ်လိုက်သေးတယ်။ ငါတော့အသက်ကြီးနေပြီပဲ ငါ့ဘဝကဘာမှလည်းမထူးတော့ပါဘူး၊ငါအခုလုပ်နေတာတွေကမှန်ရောမှန်ရဲ့လား၊ Is This It ? စသည်ဖြင့် ကိုယ့်ကိုကိုယ် မေးခွန်းတွေထုတ်မိလာတယ် ။ သေချာဆုံးဖြတ်ချက်ချရမဲ့ကိစ္စတွေမှာလည်းအလောတကြီးတွေလုပ်မိလာသလို လုပ်သင့်တဲ့ကိစ္စတွေ၊အခွင့်အရေးတွေကိုလည်း တော်ပါပြီဟင့်အင်းမလုပ်ချင်ဘူး...
လူအများစုဟာ မိမိကိုယ်ကို ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်၊၊ ကိုယ့်မိသားစုအပေါ်၊ ကိုယ့်ကလေးအပေါ်၊ ကိုယ့်ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေတွေအပေါ်ကိုပဲအမြဲလိုလို ကိုယ့်စိတ်က မသိလိုက်ခင်မှာပဲ ဂရုစိုက်ပြီးသား ဖြစ်နေတတ်ကြပါတယ်၊၊ မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) မလုပ်တာကြာတော့ပျော်ရွှင်မှုမရှိဖြစ်လာတတ်ပါတယ်၊၊ကိုယ်တိုင်လည်းသက်တောင့်သက်သာ မဖြစ်နေပါ၊၊ စိတ်အလိုမကျဖြစ်ခြင်း (frustration)၊ ဆက်ဆံရေး အဆင်မပြေဖြစ်ခြင်း တို့ဖြစ်တတ်ပါသည်၊၊ မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) လုပ်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာပိုမိုကောင်းမွန်စေရန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးခြင်း၊ ယောဂလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊...