Search on this blog

Search on this blog

စိတ်ဒဏ်ရာဟာ လူတိုင်းမှာ ကြုံတွေ့ရနိုင်သလို ခံစားရတဲ့ အခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးရဲ့ သက်ရောက်မှုဟာ တဦးနဲ့ တဦး မတူညီနိုင်ပါဘူး။ အဖြစ်အပျက်တခုကြောင့် စိတ်ဒဏ်ရာ ရှိနေပေမယ့် တချို့က ပုံမှန်အတိုင်း ရှေ့ဆက်ရှင်သန်နိုင်ကြသလို တချို့မှာတော့ စိတ်ဒဏ်ရာဟာ နေ့စဥ်ဘဝအတွက် ဆိုးရွားတဲ့ ပြဿနာတွေကို ခံစားရနိုင်ပြီး မဖြစ်မနေ ဖြေရှင်းဖို့ လိုအပ်လာနိုင်ပါတယ်။ စိတ်ဒဏ်ရာဖြစ်စေတဲ့ အဖြစ်အပျက်တခုကနေ ကျော်ဖြတ်ပြီးနောက်မှာ ဒီစိတ်ဒဏ်ရာကို...
စိတ်ဒဏ်ရာဆိုတာ လူတိုင်းရဲ့ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တခုခု ဒါမှမဟုတ် အချိန်ကြာကြာ ကြုံတွေ့ရတဲ့ အရာတခုကြောင့် စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှုနဲ့ စိတ်ထိခိုက်ခြင်းစတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကို ခံစားရတာ ဖြစ်ပါတယ်။ စိတ်ဒဏ်ရာတွေကို အသက်အရွယ်မရွေး အချိန်မရွေး ကြုံတွေ့နိုင်သလို အဖြစ်အပျက်ပြီးနောက် အချိန်ကြာတဲ့ တိုင်အောင် ခံစားနေရတတ်ပါတယ်။ စိတ်ဒဏ်ရာအကြောင်း၊ စိတ်ဒဏ်ရာရနိုင်တဲ့ အကြောင်းအရင်းတွေနဲ့ လက္ခဏာတွေအကြောင်းကို ဒီကနေ...
ချစ်ခြင်းမေတ္တာဟာ လေးနက်သလို လက်ထပ်ခြင်းက ဘဝနဲ့ ပတ်သက်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ လက်ထပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်လာပြီဆိုရင် ချစ်ခြင်းမေတ္တာထက် ပိုတဲ့ နားလည်ခွင့်လွတ်မှု၊ ညှိနှိုင်းဆွေးနွေးမှုနဲ့ အနာဂတ်ရည်မှန်းချက်တွေကို အတူတူ ပုံဖော်နိုင်မှု စတာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုလာပြီ ဖြစ်ပါတယ်။ လက်ထပ်မယ့် ချစ်သူတွေအနေနဲ့ မျှော်လင့်ထားရမယ့် အရာတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။  (၁) နှစ်ဖက်မိသားစုကိစ္စများ ...
လူအများစုက Toxic Relationship မှာ ပိတ်မိနေမှာ ကြောက်ကြတယ်၊ Toxic ဖြစ်တဲ့သူနဲ့ ဆက်နွယ်ရမှာကို ပူပန်ကြတယ် ဆိုပေမယ့် ကိုယ်တိုင်က Toxic ဖြစ်နေနိုင်လား ဆိုတာကိုတော့ မတွေးမိကြပါဘူး။ ကိုယ့်ကြောင့် ချစ်ရသူကို မနာကျင်ရဖို့၊ ကိုယ်တန်ဖိုးထားတဲ့ Relationship ကို ကိုယ်တိုင် မဖျက်စီးမိဖို့ဆိုရင် ကိုယ်တိုင် Toxic မဖြစ်နေဖို့ အရေးကြီးပါတယ်။  ပထမဆုံး...
ချစ်သူစုံတွဲတွေဟာ ဘဝတခုကို နှစ်ယောက်အတူတကွ မျှဝေခံစား လျှောက်လှမ်းထားကြဖို့ ရွေးချယ်ထားကြသူတွေ ဖြစ်ပါတယ်။ တဦးစီရဲ့ ကြီးပြင်းလာတဲ့ပုံစံ၊ အတွေးအခေါ်နဲ့ ပတ်ဝန်းကျင်သက်ရောက်မှုတွေဟာ မတူညီနိုင်တာကြောင့် အရာရာမှာ တထပ်ထဲ တူညီဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ ဒီလို ကွဲပြားမှုတွေကြားကနေ နားလည်ခွင့်လွတ်နိုင်တဲ့ စုံတွဲတွေဟာ Relationship မှာ ပိုပျော်ရွှင်ကြတာကြောင့် အသုံးဝင်မယ့် နည်းလမ်းတွေကို ဒီနေရာမှာ ပြောပြပေးချင်ပါတယ်။  (၁) နားထောင်ပေးပါ ...
ယုံကြည်မှု (Trust) ဆိုတာ Relationship တွေမှာ မရှိမဖြစ် အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။ ချစ်သူ အချင်းချင်း အပြန်အလှန် ယုံကြည်မှု မရှိတဲ့အခါ ရေရှည်တည်တံ့တဲ့ Relationship ကို တည်ဆောက်ဖို့ရာ ခက်ခဲနိုင်ပါတယ်။ ဒီလို အချင်းချင်း မယုံကြည်ရတဲ့ အကြောင်းရင်းတွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။  ချစ်သူတွေကြားမှာ...
လက်တွဲဖော် ပြောင်းသွားပေမယ့် တူညီတဲ့ Relationship ပြဿနာတွေကို ခံစားနေရတာဟာ Relationship ရဲ့ ပတ်သက်ဆက်နွယ်မှုပုံစံ (Attachment Style) နဲ့ သက်ဆိုင်နေပါတယ်။ အထူးသဖြင့် ငယ်စဉ်က အုပ်ထိန်းသူနဲ့ ပတ်သက်ဆက်နွယ်မှုဟာ အရွယ်ရောက်လာချိန် Relationship ရဲ့ Attachment Style ကို သက်ရောက်မှု ရှိတယ်လို့လည်း ပညာရှင်တွေက သုံးသပ်ကြပါတယ်။  Relationship တွေမှာ...
ချစ်သူတွေရဲ့ ဘဝလမ်းခရီးဟာ အမြဲသာယာနေတယ် ဆိုရင်တောင် ငြင်းခုံမှုတွေကတော့  ရှိနိုင်ပါတယ်။  သဘောထားမတိုက်ဆိုင်တာတွေ၊ ရည်ရွယ်ချက်နဲ့ ခံယူချက် မတူတဲ့အခါမှာ ငြင်းခုံကြလေ့ ရှိသလို တခါတရံ လျစ်လျူရှုခံရတာတွေ၊ ဂရုစိုက်မှုကို ပိုလိုချင်တဲ့အခါမှာလည်း ငြင်းခုံလေ့ရှိကြပါတယ်။ ချစ်သူတွေကြား ငြင်းခုံမှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီနေရာမှာ မျှဝေပေးချင်ပါတယ်။  (၁) အချိန်ယူပါ  ပြဿနာတခု ၊ ငြင်းခုံမှု တခုရဲ့အစဟာ...
လူရယ်လို့ ဖြစ်တည်လာတဲ့အခါ တဦးထဲ ဘဝကို ဖြတ်သန်းလိုသူတွေ ရှိကြသလို တချို့က နှစ်ဦးသဘောတူ ကြည်ဖြူတဲ့ Relationship တွေကို တည်ဆောက်လိုတဲ့ ဆန္ဒရှိကြပါတယ်။ Healthy Relationship ဆိုတာ ချစ်သူတိုင်း လိုလားတောင့်တကြတဲ့ အရာတခုဆိုရင်လည်း မမှားပါဘူး။ သင့်ရဲ့ Relationship ဟာ Healthy Relationship ဖြစ်ကြောင်း ဆန်းစစ်နိုင်မယ့် အချက်တွေကို ဒီမှာ...
နည်းပညာရဲ့ ပြောင်းလဲ တိုးတက်လာမှုက ကောင်းမွန်တဲ့ ချိတ်ဆက်မှု ကွန်ယက်တခုကို ဖန်တီးပေးနိုင်ပြီး ပညာသင်ကြားရေးကိုလည်း များစွာ အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် တဖက်မှာလည်း နည်းပညာက ဖြစ်တည်လာတဲ့ Social Media  တွေဟာ တနည်းတဖုံနဲ့ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ သက်ရောက် လွှမ်းမိုးမှုတွေ ရှိနေနိုင်ပါတယ်။ Social Media ကို လိုတာထက် ပိုသုံးစွဲမိတဲ့ရလဒ်ကြောင့်...