ယခုခေတ်ကာလမှာ Parenting လို့ခေါ်တဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေးကို ဂရုတစိုက် လုပ်လာကြတဲ့ မိဘတွေ တော်တော်များလာပါပြီ။ လိမ္မာယဥ်ကျေးပြီး ထက်မြက်တဲ့ကလေးတွေ ဖြစ်လာစေဖို့ ပြုစုပျိုးထောင်တဲ့တာဝန်ကို အများအားဖြင့် အပြင်ထွက် အလုပ်မလုပ်ဘဲ အိမ်ထောင်ထိန်းသိမ်းတဲ့ အိမ်ထောင်ရှင်မ မေမေတွေက တာဝန်ယူလေ့ရှိပါတယ်။ အိမ်မှာတစ်နေ့လုံးနေပြီး ကလေးနားနေရတာ မပင်မပန်းဘဲ သက်သာတဲ့ အလုပ်တစ်ခုပဲလို့ ထင်ချင်စရာပါ။ အပြင်ထွက်အလုပ်လုပ်ရတဲ့ မေမေတွေလောက် စိတ်ရှုပ်စရာမရှိဘူးလို့လဲ ထင်တတ်ကြပါတယ်။ ...
မိဘတစ်ယောက်အနေနဲ့ကလေးမှာစိတ်ဖိစီးမှုရှိမရှိကိုသိရှိနိုင်ရန်မိမိကလေးအမူအကျင့်ပြောင်းလာမှု လေ့လာစောင့်ကြည့်ရန် လိုအပ်ပါသည်၊ ကလေးအများစုသည် မိမိတို့ နေထိုင်ရာပတ်ဝန်းကျင် အခြေအနေပေါ်လိုက်၍တုံ့ပြန်မှုအမျိုးမျိုးရှိတတ်ကြပါသည်။ လူမှုပတ်ဝန်းကျင်ယဉ်ကျေးမှုတွေဆိုတာကလည်း မိမိတို့ရဲ့ စိတ်ခံစားမှုတွေကို ဖော်ပြသည့်နည်းလမ်းများအပေါ် လွှမ်းမိုးမှုရှိပါတယ်။စိတ်ဖိစီးမှုများပြီး အကျပ်အတည်းကြုံရသည့် အချိန်များတွင် ကလေးများသည် မိမိဘာသာ မည်သို့ဖြေရှင်းရမည်ကို သိရှိရန်အတွက် လူကြီးများ၏ အပြုအမူများနှင့် စိတ်ခံစားမှုများကို စောင့်ကြည့်တတ်ကြပါတယ်။ အချို့သော ပူဆွေးသောကရောက်မှုလက္ခဏာတွေက မထင်မရှားရှိနိုင်ပါတယ်။ ကလေးရဲ့စိတ်ခံစားမှု အပေါ်မူတည်ပြီး မတူညီတဲ့ စိတ်ဆင်းရဲမှုလက္ခဏာအမျိုးမျိုးကို...
မိမိကိုယ်တိုင်စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်လာရတိုင်း အပူအပင်မရှိတဲ့ ကလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်ဆိုပြီး တမ်းတခဲ့ကြဖူးပါလိမ့်မယ်။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကိုယ်ငယ်ငယ်က တကယ်ရောအပူအပင်မရှိခဲ့တာသေချာရဲ့လားပေါ့။ ကလေးတွေမှာလည်း လူကြီးတွေနဲ့မတူတဲ့ စိတ်ဖိစီးစရာလေးတွေ ခံစားချက်လေးတွေဟာသူ့အခြေအနေနဲ့သူရှိနေကြပါသည်။ ကျောင်းမှာအဆင်ပြေရဲ့လား၊ အိမ်ကပြဿနာတွေရော သူတို့နားလည်နေသလား၊ ဘာကိုစိုးကြောက်နေသလဲ၊ စိတ်ဖိစီးစေတဲ့အရာတွေ ရှိနေသလား ကိုယ့်ကလေးကို သတိထားကြည့်သင့်ပါတယ်။ သူတို့ဘာသာလည်း ဘာဖြစ်နေမှန်းမသိတဲ့စိတ်ဖိစီးမှုတွေအတွက် မိဘတွေကို ဖွင့်ပြောပြလာဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။ ကလေးအရွယ်ကတော့ ဘာကိုပဲဖြစ်ဖြစ် လူကြီးတွေနဲ့အမြင်မတူနိုင်တာ၊ လူကြီးတွေလောက်နားမလည်သေးတာသဘာဝမို့...