Search on this blog

Search on this blog

လူအများစုဟာ မိမိကိုယ်ကို ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်၊၊ ကိုယ့်မိသားစုအပေါ်၊ ကိုယ့်ကလေးအပေါ်၊ ကိုယ့်ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေတွေအပေါ်ကိုပဲအမြဲလိုလို ကိုယ့်စိတ်က မသိလိုက်ခင်မှာပဲ ဂရုစိုက်ပြီးသား ဖြစ်နေတတ်ကြပါတယ်၊၊ မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) မလုပ်တာကြာတော့ပျော်ရွှင်မှုမရှိဖြစ်လာတတ်ပါတယ်၊၊ကိုယ်တိုင်လည်းသက်တောင့်သက်သာ မဖြစ်နေပါ၊၊ စိတ်အလိုမကျဖြစ်ခြင်း (frustration)၊ ဆက်ဆံရေး အဆင်မပြေဖြစ်ခြင်း တို့ဖြစ်တတ်ပါသည်၊၊ မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) လုပ်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာပိုမိုကောင်းမွန်စေရန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးခြင်း၊ ယောဂလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊...
အားကစားလုပ်ခြင်းဟာမိမိရဲ့ခန္ဓာကိုယ်ကိုကျန်းမာကြံ့ခိုင်စေဖို့နဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်ကြွစွာလုပ်ကိုင်ဖို့အထောက်အကူပေးနိုင်တယ်ဆိုတာအားလုံးပဲသိပြီးသားဖြစ်မှာပါ။ လူတစ်ယောက်သည်အားကစားလုပ်ခြင်းဖြင့်စိတ်ကျန်းမာရေးကိုကောင်းမွန်စွာပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ-ပုံမှန်လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေဟာလည်း လေ့ကျင့်ခန်းလုပ်တာနဲ့ အတူတူပါပဲ။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် အမောခံနိုင်တယ်၊ သက်လုံကောင်းလာမယ်။ အရိုးနဲ့ ကြွက်သားကို သန်မာလာစေမယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေမယ်။ မှတ်ဉာဏ်ကောင်းစေတယ်။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ ရောဂါ အစရှိတဲ့ စိတ်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ အားကစားလုပ်ပေးခြင်းဖြင့် စိတ်ဓာတ်ကျခြင်းကို ဖယ်ထုတ်နိုင်တယ်။...
လူများဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့အရေးကြီးတယ်ဆိုတာ သိကြပေမယ့် ကိုယ့်ရဲ့စိတ်ကိုလည်း ဂရုစိုက်ပေးရမယ် ဆိုတာကိုတော့ လူတော်တော်များများ မေ့နေတတ်ကြပါတယ်။ လူတွေရဲ့စိတ်နဲ့ကိုယ်ခန္ဓာကချိတ်ဆက်နေပါတယ်။အဲ့လိုပဲ ကိုယ့်ရဲ့ခန္ဓာကိုယ်က ပင်ပန်းနေပြီဆိုရင်လည်း စိတ်ကိုဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်။ တရားထိုင်တယ်ဆိုတာ စိတ်နဲ့အလုပ်တွဲလုပ်ပြီး တည်ငြိမ်မှုနှင့်အေးချမ်းမှုကို ရယူတာပဲဖြစ်ပါတယ်။ တရားထိုင်ခြင်းအားဖြင့် စိတ်ထဲမှာရှိနေတဲ့ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေကို လျော့ကြစေပြီး စိတ်ကို ရှင်းရှင်းလင်းလင်းဖြစ်စေပါတယ်။ အဲ့အတွက် အမှားလုပ်တာလည်းနည်းစေပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ပို၍ချမှတ်...