Search on this blog

Search on this blog

လူတိုင်းက စားဝတ်နေရေးအတွက်၊ ကိုယ့်ရဲ့ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ကိုင်ကြရတဲ့အခါမှာ အလုပ်ခွင်ဟာ ကိုယ့်အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တခု ဖြစ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် Work-Life Balance လို့ ခေါ်တဲ့ အလုပ်နဲ့ လူမှုဘဝ ညီမျှဖို့ဆိုတာကလည်း ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မဖြစ်မနေ လိုအပ်ပါတယ်။ ဒီလို မျိုး Work-Life...
Work-life balance ဆိုတာဟာ အလုပ်ခွင်နဲ့ လူနေမှု ဘဝ ညီမျှခြင်းကို ဆိုလိုတာ ဖြစ်ပြီး ဝန်ထမ်းတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော အလုပ်ရှင်တွေနဲ့ company တွေဟာ ဒီအချက်ကို အလေးမထားမိတာကြောင့် မထင်မှတ်ထားတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်ကြရပါတယ်။ Work-Life Balance ကို အလေးထားဖြစ်တဲ့...
အလုပ်နဲ့ ကိုယ်ပိုင်ဘဝကြား စည်းမျဉ်းတချို့ သတ်မှတ်ခြင်းဟာ work-life balance အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီလို စည်းမျဉ်းသတ်မှတ်ထားခြင်းက အလုပ်ကြောင့် စိတ်ဖိစီးဖြစ်ခြင်း ကို တားဆီးနိုင်မှာ ဖြစ်သလို ပြန်လည်အနားယူဖို့ အချိန်လုံလောက်စွာ ရနိုင်တယ်၊ ချစ်ရသူတွေအတွက် အချိန်ပေးနိုင်မှာ ဖြစ်တဲ့အပြင် ကိုယ်ရဲ့ ကိုယ်ပိုင် ဘဝကိုလည်း အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။...
အလုပ်ချိန်မှာ အချိန်ပြည့် ကြိုးကြိုးစားစား လုပ်နေပေမယ့် အလုပ်တွေက မပြီးဘူး၊ ဒီလို အလုပ်တွေ မပြီးပျက်တာကြောင့်ပဲ အလုပ်ချိန်အပြင် ကိုယ်ပိုင်အချိန်တွေမှာပါ ထိခိုက်မှု ရှိလာပြီဆိုရင်တော့ ဒါဟာ work-life balance ညီမျှမှု မရှိကြောင်းကို ပြသနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အချိန်စီမံခန့်ခွဲပြီး  work-life balance ကို ပြန်လည် ညှိယူခြင်းကလည်း အရေးပါတာကြောင့်...
အလုပ်ဆိုတာ ကိုယ့်ရဲ့ စားဝတ်နေရေး၊ ဘဝ ရပ်တည်ရေးအတွက် အရေးပါသလို ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝ၊ လူနေမှုပုံစံနဲ့ ဘဝ အရည်အသွေးဆိုတာကလည်း လူတိုင်းအတွက် အရေးကြီးတဲ့ အရာတခု ဖြစ်ပါတယ်။ အလုပ်ထဲမှာ အချိန်ပြည့်ခေါင်းနှစ်ထားရာကနေ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ကိုယ်ပိုင်ဘဝကို ထိခိုက်နစ်နာမှုတွေ များစွာ ဖြစ်လာနိုင်သလို အလုပ်နဲ့ ကိုယ်ပိုင် ဘဝ မမျှတခြင်းကလည်း ပြဿနာများစွာရဲ့...
Healthy Work Environment ဖြစ်ဖို့ဆိုတာ ဝန်ထမ်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အရေးကြီးရုံသာမက လုပ်အားကို တိုးစေဖို့၊ မိမိအလုပ်ကို စိတ်ကျေနပ်ဖို့၊ ဝန်ထမ်းကောင်းတွေကို ထိန်းထားနိုင်ဖို့အတွက်လည်း အရေးပါပါတယ်။  မိမိဝန်ထမ်းရဲ့ ကျန်းမာရေး၊သက်တောင့်သက်သာရှိရေး၊ သာတူညီမျှအခွင့်အရေးကို အလေးမပေးတဲ့လုပ်ငန်းခွင်က ဝန်ထမ်းတစ်ဦးကို ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်တွေနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း အစရှိတဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်စေသလို စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကများခြင်း၊ အိပ်မပျော်ခြင်း အစရှိတဲ့...
အခုမှပထမဆုံး အလုပ်စလုပ်ဖူးတဲ့သူဖြစ်ဖြစ်၊ အလုပ်မကြာခဏပြောင်းဖူးသူဖြစ်ဖြစ် ဘယ်သူမဆို လုပ်ငန်းခွင်အသစ်ကို ပြောင်းကာစမှာ စိတ်ဖိစီးမှုလေးတွေ ကြုံရတတ်ပါတယ်။ ဝန်ထမ်းအသစ်ဆိုတော့ အထက်လူကြီးက စောင့်ကြည့်နေမှာဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေက အကဲခတ်နေကြမဲ့အတွက် ဖိအားတွေကို ရင်ဆိုင်ကြရမှာပါ။  လုပ်ငန်းခွင်အသစ်ရောက်တဲ့အခါ  စိတ်ဖိစီးမှုကိုခံစားရစေတဲ့ အဓိကအကြောင်းအရာတွေကို Call Me Today က ဖော်ပြပေးလိုက်ပါတယ်။  လုပ်ဖော်ကိုင်ဖက်အသစ်တွေ: ဌာနအသီးသီးက ကိုယ်နဲ့ချိတ်ဆက်ဆောင်ရွက်ရမဲ့သူတွေကို မှတ်ထားရတာ၊ ကိုယ့်ဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့...
လူတိုင်းက အချိန်တိုင်းမှာ စိတ်ဖိစီးမှု တစ်ခုမဟုတ်တစ်ခုနဲ့ ကြုံတွေ့နေကြရပါတယ်။ စိတ်ဖိစီးမှုဆိုတာ အကောင်းဘက်ကကြည့်ရင် စိတ်ကိုသွေးပူအောင်လုပ်ပေးတာဖြစ်ပြီး ပျော်ရွှင်စေမဲ့နည်းလမ်းကို ခပ်မြန်မြန်ရှာတွေ့စေပါတယ်။ သို့ပေမဲ့ ပျော်ရွှင်စရာရှာမတွေ့နိုင်ပဲ စိတ်ဖိစီးမှုချည်းပဲ နေ့စဉ်ရက်ဆက်ရင်ဆိုင်‌နေရရင်တော့ ဒါကို “စိတ်ဒုက္ခရောက်ခြင်း” လို့ခေါ်ပါတယ်။ စစ်တမ်းတွေအရ လူအများစုကို စိတ်ဒုက္ခအကြီးအကျယ်ရောက်စေတဲ့ အတွေ့အများ ဆုံး အကြောင်းအရာတွေက  လူတယောက်က အလွန်အမင်း စိတ်ဒုက္ခရောက်လာတဲ့အခါ အခုပြောပြမဲ့ အပြုအမူတွေ၊ လက္ခဏာတွေကို...
လက်ရှိအလုပ်ထဲမှာ ရောက်နေတဲ့လူတိုင်းကိုမေးချင်ပါတယ် “အလုပ်ထဲမှာ ပျော်ကြရဲ့လား?” မပျော်ဘူးလို့ ဖြေခဲ့မယ်ဆိုရင်တော့ ဘာကြောင့်မပျော်တာလဲလို့ မေးချင်ပါတယ်။အလုပ်ထဲမှာ မပျော်နိုင်တဲ့ အကြောင်းအရင်းတွေကတော့ ပြောရမယ်ဆိုရင် အများကြီးရှိနေနိုင်မှာပါ ဒါပေမယ့် လို့အဓိကအကြောင်းအရင်းကို ကိုယ်တိုင်က မတွေးမိကြဘူး မသိကြဘူးဆိုရင်တော့ မိမိဘဝမှာနေ့စဉ်နဲ့ အမျှအိမ်မှာနေတာထက်အလုပ်မှာနေရတဲ့အချိန်က ပိုများတဲ့အတွက်လူတွေဟာများသောအားဖြင့် မိမိဘဝမှာလူဖြစ်ရကျိုးမနပ်သလို ခံစားလာရပြီး စိတ်ပန်းလူပန်းနဲ့ မိမိဘ၀ အခြေအနေကို ငြီးငွေ့စိတ်ပျက်လာ ကြပါတယ်။ ဒါကြောင့် အလုပ်ထဲမှာ...