အလုပ်ဆိုတာ ကိုယ့်ရဲ့ စားဝတ်နေရေး၊ ဘဝ ရပ်တည်ရေးအတွက် အရေးပါသလို ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝ၊ လူနေမှုပုံစံနဲ့ ဘဝ အရည်အသွေးဆိုတာကလည်း လူတိုင်းအတွက် အရေးကြီးတဲ့ အရာတခု ဖြစ်ပါတယ်။ အလုပ်ထဲမှာ အချိန်ပြည့်ခေါင်းနှစ်ထားရာကနေ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ကိုယ်ပိုင်ဘဝကို ထိခိုက်နစ်နာမှုတွေ များစွာ ဖြစ်လာနိုင်သလို အလုပ်နဲ့ ကိုယ်ပိုင် ဘဝ မမျှတခြင်းကလည်း ပြဿနာများစွာရဲ့...