top of page

အတွေးလွန်တိုင်း သတိရပါ 🙋🏻‍♀️



အတွေးလွန်ခြင်း (Over Thinking) ဆိုတာကတော့ လူတွေရဲ့ နေ့စဉ်ဘဝမှာ မဖြစ်လာသေးတဲ့ကိစ္စတွေကိုကြိုတွေးရင်း၊ ဖြစ်ခဲ့ပြီးသားကိစ္စတွေကို ပြန်တွေးရင်းနဲ့ လိုတာထက်ပိုပြီးအတွေးလွန်သွားတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ် ။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ဦးနှောက်ဟာ အမျိုးသားတွေထက်ပိုပြီး Active ဖြစ်တာကြောင့်မလို့ အတွေးလွန်ခြင်းတွေက အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များလေ့ရှိတယ်လို့လည်းသိရပါတယ် ။ ✔️ 


🔰 အတွေးလွန်ခြင်း (Over Thinking) တွေဘာလို့ဖြစ်လာရတာလဲ? 


Over Thinking ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ မျိုးစုံရှိကြပါတယ် ။ အတွေးလွန်ခြင်းကို အတိတ်ကိုပြန်ပြီးတွေးတောခြင်း နဲ့ အနာဂတ်ကို ကြိုပြီးပူပန်ခြင်း ဆိုပြီးလည်း အပိုင်း (၂) ခုခွဲပြီးလည်း ပြောလို့ရပါတယ် ။ NYC Neuropsychologist တစ်ယောက်ဖြစ်တဲ့ Sanam Hafeez ကတော့  Over Thinking တွေဆိုတာက ကိစ္စတစ်ခုလုပ်ဆောင်နေတဲ့အခါမှာ ၊ ဒီကိစ္စနဲ့ပါတ်သတ်ပြီး ဖြစ်လာနိုင်တဲ့ပြသနာတွေကို ကြိုတင်တွေးတောပြီးပြင်ဆင်ထားခြင်းဖြင့် မဖြစ်သေးတဲ့အခြေအနေတစ်ခုကိုထိန်းချုပ်ရန်ကြိုးစားနေတာကနေ အတွေးလွန်လာတာမျိုး ဖြစ်တယ်လို့ပြောကြားထားပါတယ် ။ ဒါကြောင့်မလို့ Over Thinking ဖြစ်တဲ့အခါမှာ ကိုယ့်အတွေးထဲမှာ ဘာပဲလုပ်လုပ် အမြဲတမ်းနောက်ထပ် အကယ်၍များ ( What If .. ) ဆိုပြီး မဖြစ်လာသေးတဲ့အရာတွေကို ကြိုတင်စဉ်းစားပြီး အတွေးတွေနဲ့ ပြည့်နေတာပဲဖြစ်ပါတယ် ။ တစ်ခါတစ်လေမှာလည်းလုပ်ခဲ့ပြီးသားကိစ္စတွေကိုပြန်တွေးပြီး (What If I Was .. ) ဆိုပြီး အတွေးလွန်တာမျိုးလည်းရှိတတ်ပါတယ် ။ 


🔰အတွေးလွန်တဲ့အခါဘယ်လိုတွေခံစားရလဲ? 


✔️တူညီတဲ့အတွေးတစ်ခုကိုပဲ ထပ်ခါထပ်ခါ တွေးနေတာမျိုး ၊ ဖြစ်နိုင်​ချေအဆိုးဆုံးကိုအမြဲတမ်းကြိုပြီးတွေးနေတတ်မျိုး၊ ဒီလို အတွေးတွေကြောင့် စိတ်မပျော်ရွှင်ဖြစ်နေရပြီး ၊ ညဘက်တွေဆိုရင် လည်း အတွေးလွန်ပြီး အိပ်လို့မပျော်တာမျိုး ရှိလာမယ် ။ 


✔️ အတိတ်မှာ ဖြစ်ခဲ့ပြီးသားမကောင်းတဲ့ကိစ္စတစ်ခုကို ပြန်ပြန်ပြီး တွေးနေတာမျိုး ၊ ဖြေရှင်းချက်ရှိပြီးသား ကိစ္စတွေကိုလည်း မကျေနပ်သေးပဲ ဆက်ပြီးစဉ်းစားနေတာမျိုး ၊ အမှားလုပ်မိတာတွေကိုအမြဲတမ်းသတိရပြီး မလုပ်ခဲ့ရင်ကောင်းသား / ဘယ်လိုလုပ်ခဲ့ရင်ကောင်းသား ဆိုပြီး တွေးနေမိမယ် ။ 


✔️တစ်ခုထဲကိုပဲအရမ်းတွေးနေပြီးအခြားအရာတွေကို အာရုံစိုက်ဖို့ခက်လာမယ် ။ ဒီလိုမျိုး တစ်နေရာထဲမှာပဲ အကြာကြီးအတွေးလွန်နေတာကြောင့်ပိုအရေးကြီးတဲ့တစ်ခြားတစ်ခုကိုဆက်မလုပ်နိုင်တော့တာမျိုးတွေရှိလာပါလိမ့်မယ် ။ 


🔰အတွေးလွန်တာကိုဘယ်လိုမျိုးသက်သာအောင်လုပ်လို့ရလဲ? 


▪️တစ်ခါတစ်လေကြရင် အတိတ်ကအမှားတွေကြောင့် Over Thinking ဖြစ်တတ်ပါတယ် ။ ဒီအခါကျရင် ကိုယ့်ကိုကိုယ် ပြန်ပြင်လို့မရတော့တဲ့အမှားတွေအတွက်လက်ခံလိုက်ပါ ။ အတိတ်ကိုထပ်ခါထပ်ခါတွေးမနေနဲ့လွှတ်ချပြီး ရှေ့ဆက်အကောင်းဆုံးလုပ်ဖို့ကြိုးစားပါ ။ 


▪️အတွေးလွန်နေပြီဆိုတာကိုယ့်ကိုကိုယ်သိတာနဲ့ အခြားအရာတစ်ခုကို အာရုံပြောင်းလိုက်ပါ ။ မဖြစ်သေးတဲ့ ပြသနာတစ်ခုကိုအဆုံးအစမရှိထိုင်ပြီးတွေးနေမဲ့အစား လက်ရှိမှာပဲနေပြီး တခြားအလုပ်တစ်ခုကိုထလုပ်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားအောင် နေလိုက်ပါ။ အိပ်ပြီး ခဏတာအနားယူလိုက်တာမျိုးကလည်းအတွေးလွန်တာကိုလျော့ချပေးပါတယ်။ 


▪️လမ်းလျှောက်တာ ၊ ပြေးတာလိုမျိုး ခန္ဓာကိုယ်လေ့ကျင့်ခန်းများများလုပ်တာကလည်း စိတ်ကိုတည်ငြိမ်စေပြီး ဦးနောက်ကို Endorphins လိုမျိုး ဟော်မုန်းတွေတိုးစေပါတယ် ။ Meditation လိုမျိုးတရားထိုင်တာမျိုးကလည်းအတွေးလွန်ခြင်းအတွက် အကောင်းဆုံးစိတ်သက်သာစေတဲ့ နည်းလမ်းဖြစ်ပါတယ် ။ ဒီလေ့ကျင့်ခန်းတွေက စိတ်ကိုအတော်လေးငြိမ်သက်အေးချမ်းစေပြီး အတွေးလွန်တာကြောင့်ဖြစ်လာရတဲ့ စိတ်ဖိစီးမှုတွေကိုပါလျှော့ချပေးပါတယ် ။ 


▪️အကယ်၍ကိုယ်ကအတွေးအရမ်းလွန်ပြီးတစ်နေရာထဲမှာပဲ ပိတ်မိနေသလိုမျိုး ဖြစ်နေပြီး အဆင်မပြေဖြစ်လာပြီဆိုရင်တော့ နောက်ဆုံးအနေနဲ့ သူငယ်ချင်းတွေကို ပြောပြတာမျိုး ၊ Health Care Professionals  နဲ့တိုင်ပင်ပြီး Counseling Session / Therapy Session  ယူပြီး ရင်ဖွင့်ပြောဆိုတာမျိုးလုပ်သင့်ပါတယ်။ 


✅ ကိုယ့်ရဲ့ (Over Thinking) အတွေးလွန်တာတွေကို ကူညီဖြေရှင်းပေးပြီး စနစ်တကျ ဆွေးနွေးတိုင်ပင်ဖို့ အတွက် Counseling လိုအပ်နေရင်တော့  Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပေးမှာပဲ ဖြစ်ပါတယ်ရှင့် ။ 💁🏻‍♀️


ဖုန်းနံပါတ် ☎️: 09-5131873 သို့ရုံးချိန်အတွင်းဖြစ်စေ၊ https://app.callmetoday.org/book ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို online counseling ရယူနိုင်ပါတယ်ရှင်။



コメント


Categories

Other trending posts

1/10
bottom of page