top of page

Journaling ရေးနည်း

  • Writer: Kyaw Zin
    Kyaw Zin
  • Jul 31, 2023
  • 1 min read

Journaling လုပ်ခြင်းဟာ ကိုယ့်အိုင်ဒီယာကို ခြေရာခံနိုင်ဖို့ အကောင်းဆုံးချဉ်းကပ်နည်းပါပဲ။ ယခုအချိန် Social Media ပေါ်မှာ Journaling trend ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။ ကိုယ်တိုင် Doodles ပုံလေးတွေ ဆွဲ ၊ Sticker လေးတွေ၊ Cute type ဆန်ဆန် ၊ Classic ဆန်ဆန်၊ Vintage ဆန်ဆန် အရောင်လေးတွေသုံးပြီး Journal လေးတစ်ခုဖန်တီးနိုင်ပါတယ် ။ Journal ဖန်တီးတဲ့အခါမှာ စိတ်ဖိစီးမှုများခဏမေ့သွားစေပြီး ငယ်ဘဝက အမှတ်တရတွေ ပြန်လည်အမှတ်ရလာစေနိုင်ပါတယ်။ Journaling ရေးရန် မိမိကိုယ်တိုင် ကိုယ့်ဘဝအတွက် တစ်ရက်ကို အချိန် ငါးမိနစ်လောက်ပေးသင့်ပါတယ်။ လက်ရှိအချိန်ကာလမှာ စိတ်ရှုပ်စရာတွေ အရင်ကထက် ပိုများတတ်ပါတယ်။ အတွေးတွေရှင်းဖို့ အောင်မြင်သူတွေကျင့်သုံးနေတဲ့ နည်းစနစ်တစ်ခုလည်းဖြစ်ပါတယ်။



အားလုံးသိထားကြတဲ့ Productivity မှာဆရာကြီးတယောက်ဖြစ်တဲ့ Tim Ferriss ကတော့ သူ့ဘဝအမြဲတိုးတက်နေဖို့ သူ့အတွေးတွေအမြဲပြန်သုံးသပ်ဖို့ Journaling လုပ်တယ်လို့ပြောထားပါတယ်။Journaling ရေးတယ် ဆိုတာ အောင်မြင်သူ High-performer တွေကျင့်သုံးလေ့ရှိတဲ့နည်းစနစ်တစ်ခုလည်းဖြစ်သလို နေ့တနေ့ရဲ့ တစ်ရက်တာ မစခင်မှာ မိမိစိတ်ထဲမှာရှိနေတဲ့ ခံစားချက်အတွေးတွေကို ရေးချဖွင့်ထုတ်တာကို Jounaling ရေးတယ် လို့ခေါ်ပါတယ်။ Journaling ရေးတဲ့အတွက် စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်တယ်၊ အတွေးတွေကို ပိုမိုရှင်းလင်းစေနိုင်သလို၊ ​ကိုယ့်ရဲ့အတွေးတွေကိုလည်းမှတ်တမ်းတင်နိုင်ပြီး ပြန်လည်သုံးသပ်လို့ရနိုင်ပါတယ်။


Journalingရေးဖို့ rule (စည်းမျဥ်း၊စည်းကမ်း)တွေမရှိပါဘူး။ မိမိရဲ့ခေါင်းထဲမှာပေါ်တဲ့အတွေးကို

မနက်အခါမှာ သို့မဟုတ် ညပိုင်းမှာများသောအားဖြင့်ရေးကြပါတယ်။ ညမှာ ရေးတဲ့သူအများစုက တစ်ရက်တာမှာ မိမိသင်ယူလိုက်ရတဲ့အရာတွေ၊ အတွေးတွေရေးကြတာများပါတယ်။


Journaling ရေးခြင်းဟာ မိမိဘဝကိုပြန်သုံးသပ်တဲ့နေရာမှာအလွန်အထောက်အကူပြုတာကြောင့် ပုံမှန်လုပ်ဖြစ်လျင်ပိုကောင်းပါတယ်။ Journaling ကိုစတင်လုပ်ဆောင်တော့မယ်ဆိုရင် ပထမဆုံးစိတ်ဖိစီးမှုကင်းကင်းနဲ့ နေ့စဉ်နေ့တိုင်း မိမိကိုယ်တိုင်စိတ်အေးချမ်းစွာ မှတ်တမ်းတင်နိုင်သည့်နေရာကောင်းတစ်ခုရှိပါစေ။

Journaling လုပ်ခြင်းနှင့် ပတ်သက်၍ အရေးကြီးသောအချက်မှာ နေ့စဉ်ရေရှည်လုပ်ဆောင်ရန် လိုအပ်ပါသည်။ မိမိကိုယ်တိုင် စိတ်ဖိစီးမှုဖြစ်လျင်ဘာကြောင့်ဖြစ်လဲဘယ်လိုကျော်လွှားနိုင်မလဲ ကိုသိရှိရန် အရေးအသားနှင့်ထိုးထွင်းသိမြင်မှုများစွာလိုအပ်ပါသည်။ အထိရောက်ဆုံးဖြစ်ရန် Journaling လုပ်ခြင်းကိုအချိန်ကြာမြင့်စွာလုပ်ဆောင်ရပါမည်။ Journaling လုပ်ခြင်းသည် သင်၏ဘဝကိုတိုးတက်စေရန် ရေရှည်မဟာဗျူဟာတစ်ခုဖြစ်ပြီးနေ့ချင်းညချင်းအကျိုးသက်ရောက်စေမည့်အရာမဟုတ်ပါ။ နေ့စဉ်အလေ့အထတခုဖြစ်လာစေရန်ရည်ရွယ်ပါသည်။


Journaling ရေးသားနေစဉ် အခြားအရာများထက် ပို၍လက်တွေ့ကျပြီး ရိုးသားရန်သတိထားပါ။ အကြောင်းအရာ၏ အကောင်းဆုံးနှင့်အဆိုးဆုံးကို စိတ်ကူးကြည့်သည့်အခါ မှလွဲ၍ မိမိလက်ရှိ ဖြစ်ပျက်နေသော အဖြစ်မှန်များကိုလည်း သေချာစွာမှတ်တမ်းတင်ရန်လိုပါသည်။ ဤနည်းဖြင့်မိမိသည် စိတ်ဖိစီးမှုဖြစ်စေသော အခြေအနေကို ဖော်ထုတ် နိုင်မှာဖြစ်ပါသည်။ မိမိရေးသားထားသော Journaling များကိုပြန်လည်ဖတ်ရှုရန် အနည်းဆုံးမိနစ် အနည်းငယ်အချိန်ယူပြန်လည်ဖတ်ရှု့ပါ။ မိမိနေ့စဥ်မပျက်တစ်နှစ်တာလုပ်ဆောင်ခဲ့သည့်အရာများ၊ ခံစားချက်များကိုပြန်လည်သိမြင်ပြုပြင်နိုင်သည့်အတွက်ပိုမိုအောင်မြင်မှုကိုရရှိစေမည်ဖြစ်သည်။




Categories

Other trending posts

1/36
bottom of page