စိတ်ဒဏ်ရာဟာ လူတိုင်းမှာ ကြုံတွေ့ရနိုင်သလို ခံစားရတဲ့ အခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးရဲ့ သက်ရောက်မှုဟာ တဦးနဲ့ တဦး မတူညီနိုင်ပါဘူး။ အဖြစ်အပျက်တခုကြောင့် စိတ်ဒဏ်ရာ ရှိနေပေမယ့် တချို့က ပုံမှန်အတိုင်း ရှေ့ဆက်ရှင်သန်နိုင်ကြသလို တချို့မှာတော့ စိတ်ဒဏ်ရာဟာ နေ့စဥ်ဘဝအတွက် ဆိုးရွားတဲ့ ပြဿနာတွေကို ခံစားရနိုင်ပြီး မဖြစ်မနေ ဖြေရှင်းဖို့ လိုအပ်လာနိုင်ပါတယ်။ စိတ်ဒဏ်ရာဖြစ်စေတဲ့ အဖြစ်အပျက်တခုကနေ ကျော်ဖြတ်ပြီးနောက်မှာ ဒီစိတ်ဒဏ်ရာကို...