ချစ်ခြင်းမေတ္တာဟာ လေးနက်သလို လက်ထပ်ခြင်းက ဘဝနဲ့ ပတ်သက်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ လက်ထပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်လာပြီဆိုရင် ချစ်ခြင်းမေတ္တာထက် ပိုတဲ့ နားလည်ခွင့်လွတ်မှု၊ ညှိနှိုင်းဆွေးနွေးမှုနဲ့ အနာဂတ်ရည်မှန်းချက်တွေကို အတူတူ ပုံဖော်နိုင်မှု စတာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုလာပြီ ဖြစ်ပါတယ်။ လက်ထပ်မယ့် ချစ်သူတွေအနေနဲ့ မျှော်လင့်ထားရမယ့် အရာတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ (၁) နှစ်ဖက်မိသားစုကိစ္စများ ...
ချစ်သူစုံတွဲတွေဟာ ဘဝတခုကို နှစ်ယောက်အတူတကွ မျှဝေခံစား လျှောက်လှမ်းထားကြဖို့ ရွေးချယ်ထားကြသူတွေ ဖြစ်ပါတယ်။ တဦးစီရဲ့ ကြီးပြင်းလာတဲ့ပုံစံ၊ အတွေးအခေါ်နဲ့ ပတ်ဝန်းကျင်သက်ရောက်မှုတွေဟာ မတူညီနိုင်တာကြောင့် အရာရာမှာ တထပ်ထဲ တူညီဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ ဒီလို ကွဲပြားမှုတွေကြားကနေ နားလည်ခွင့်လွတ်နိုင်တဲ့ စုံတွဲတွေဟာ Relationship မှာ ပိုပျော်ရွှင်ကြတာကြောင့် အသုံးဝင်မယ့် နည်းလမ်းတွေကို ဒီနေရာမှာ ပြောပြပေးချင်ပါတယ်။ (၁) နားထောင်ပေးပါ ...
ချစ်သူတွေရဲ့ ဘဝလမ်းခရီးဟာ အမြဲသာယာနေတယ် ဆိုရင်တောင် ငြင်းခုံမှုတွေကတော့ ရှိနိုင်ပါတယ်။ သဘောထားမတိုက်ဆိုင်တာတွေ၊ ရည်ရွယ်ချက်နဲ့ ခံယူချက် မတူတဲ့အခါမှာ ငြင်းခုံကြလေ့ ရှိသလို တခါတရံ လျစ်လျူရှုခံရတာတွေ၊ ဂရုစိုက်မှုကို ပိုလိုချင်တဲ့အခါမှာလည်း ငြင်းခုံလေ့ရှိကြပါတယ်။ ချစ်သူတွေကြား ငြင်းခုံမှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီနေရာမှာ မျှဝေပေးချင်ပါတယ်။ (၁) အချိန်ယူပါ ပြဿနာတခု ၊ ငြင်းခုံမှု တခုရဲ့အစဟာ...
လူရယ်လို့ ဖြစ်တည်လာတဲ့အခါ တဦးထဲ ဘဝကို ဖြတ်သန်းလိုသူတွေ ရှိကြသလို တချို့က နှစ်ဦးသဘောတူ ကြည်ဖြူတဲ့ Relationship တွေကို တည်ဆောက်လိုတဲ့ ဆန္ဒရှိကြပါတယ်။ Healthy Relationship ဆိုတာ ချစ်သူတိုင်း လိုလားတောင့်တကြတဲ့ အရာတခုဆိုရင်လည်း မမှားပါဘူး။ သင့်ရဲ့ Relationship ဟာ Healthy Relationship ဖြစ်ကြောင်း ဆန်းစစ်နိုင်မယ့် အချက်တွေကို ဒီမှာ...