လူရယ်လို့ဖြစ်လာတာနဲ့အမျှ လူတိုင်းလူတိုင်းရဲ့ဘဝမှာ အမြဲတမ်းပြီးပြည့်စုံနေတယ် ဆိုတာ မရှိကြပါဘူး ။ ဘဝမှာကြုံတွေ့ရတဲ့ အခန်းကဏ္ဏတွေမတူညီကြသလိုရင်ဆိုင်လာရတဲ့အခက်အခဲတွေဆိုတာလည်းမတူကြပါဘူး ။ ဒါကြောင့်ပဲ လူတွေအနေနဲ့ ကြုံတွေ့ရတဲ့အခြေအနေတွေအပေါ်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ၊ ပြသနာတွေ ဆိုတာရှိလာကြပါတယ်။ ✅ စိတ်ပိုင်းဆိုင်ရာအရ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျဆင်းတာတွေ ၊ Social Anxiety ခံစားရတာတွေ ၊ စိတ်အတက်အကျအစွန်းရောက်မြန်တဲ့ Bipolar...