ဇနီးမောင်နှံတွေရဲ့ အိမ်တွင်းရေးပြဿနာတွေထဲမှာ တာဝန်ခွဲဝေမှု မညီမျှတာ၊ တာဝန်တွေနဲ့ ပတ်သက်ပြီး အပြန်အလှန် သဘောတူညီမှု မရှိတာတွေကလည်း အဖြစ်များတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသားဖြစ်သူက အိမ်ထောင်ဦးစီးနေရာနဲ့ မိသားစုရဲ့ ငွေကြေးဆိုင်ရာ လိုအပ်ချက်အတွက်် အလုပ်လုပ်ရတဲ့ အခါမှာ အမျိုးသမီးအနေနဲ့ အိမ်မှုကိစ္စနဲ့ ကလေးပြုစုစောင့်ရှောက်ရေးမှာ တာဝန်ယူသင့်တယ်လို့ စံသတ်မှတ်ချက်တွေ ရှိနေကြပေမယ့် ဒါဟာ မိသားစုတိုင်းအတွက် မသင့်တော်တာလည်း...