ဇနီးမောင်နှံတွေ အနေနဲ့ နှစ်ဦးသဘောတူ ရင်သွေးယူခဲ့ကြပေမယ့် အခြေအနေ အကြောင်းတခုခုကြောင့် ကွာရှင်းပြတ်စဲကြတဲ့အခါ ကလေးရဲ့ အနာဂတ်ကို စီမံဖို့အတွက် နှစ်ဦးလုံးမှာ တာဝန်ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်စီ သီးခြားနေထိုင်ဖို့ ဖြစ်လာပေမယ့် နှစ်ဦးသဘောတူ ကလေးကို ဆက်လက် ပြုစုပျိုးထောင်မယ် (co-parenting) လုပ်မယ်ဆိုရင် သတိပြုသင့်တဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။ (၁) ကလေးရဲ့...
မိဘနှစ်ဦးရဲ့ အိမ်ထောင်ရေး အခြေအနေနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေး အပေါ်မှာ များစွာသက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် အခြေအနေ အကြောင်းကြောင်းကြောင့် ကွာရှင်းပြတ်စဲခြင်းကို ရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ ကလေးတွေ ရဲ့ စိတ်ခံစားချက်တွေကိုလည်း လျစ်လျုမရှုသင့်ပါဘူး။ လမ်းခွဲခြင်းကြောင့် ကလေးတွေမှာ စိတ်ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု ဘယ်လို ရှိနိုင်လဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။ ...
စိတ်ကျန်းမာရေးလို့ ပြောလိုက်ရင် အများစုက အရွယ်ရောက်ပြီးသား လူကြီးတွေကိုပဲ တွေးမိကြပြီး ကလေးတွေရဲ့ စိတ်ကျန်းမာရေးကိုတော့ လျစ်လျုရှုလေ့ရှိကြပါတယ်။ ကလေးတွေမှာလည်း အရွယ်အလိုက် စိတ်ခံစားချက်တွေ နဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ရှိနိုင်ကြသလို ဒါတွေကို အချိန်မှီမဖြေရှင်းတဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် မိဘတွေအနေနဲ့ မိမိကလေး ရဲ့ စိတ်ကျန်းမာရေး လိုအပ်ချက်ကို ကြိုတင်သိရှိ အကူအညီပေးနိုင်ဖို့ လိုအပ်တာကြောင့် ကလေးတွေမှာ...