လက်ရှိလုပ်နေတဲ့ အလုပ်ကို ဘယ်လိုမှအာရုံမစိုက်နိုင်ပဲ ဖြစ်နေတယ်။ တကယ်လုပ်ရင် (၅)မိနစ်ပဲကြာနိုင်တဲ့ အလုပ်ကို စိတ်ထဲမှာ ကောင်းကောင်းမလုပ်နိုင်ရင် ဘာဖြစ်မလဲဆိုတာတွေးမိရင်း အချိန်တွေကုန်သွားတယ်။ နှလုံးခုန်မြန်ပြီး အသက်ရှူမြန်လာတယ်။ လက်ဖဝါး ခြေဖဝါးတွေ ချွေးစောအရမ်းပြန်ပြီး ဘာကိုသေချာမကိုင်တွယ်နိုင်ပဲ ဖြစ်လာရတယ်။ ဒီလို စိုးရိမ်ပူပန်တတ်ခြင်း (anxiety) အခြေအနေကို လူတိုင်း တချိန်ချိန် တနည်းမဟုတ်တနည်း ကြုံတွေ့ခဲ့ဖူးကြမှာ အမှန်ပါပဲ။ စိုးရိမ်ပူပန်တတ်ခြင်း (anxiety)...
စိတ်ဖိစီးမှုကိုခံစားရခြင်း (Stress) သည် အန္တရာယ် (သို့မဟုတ်) တစုံတရာထိတ်လန့်စရာ အခြေအနေကို ကြုံတွေ့တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေက အပြင်ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်သလို (ဥပမာ – မီးလောင်တာ, ကားအက်ဆီးဒင့်ဖြစ်တာ)၊ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် (ဥပမာ – အလုပ်ကိစ္စအဆင်မပြေမှု၊ ငွေရေးကြေးရေးပူပန်မှု)။ ဒီလိုကြုံတွေ့ရတဲ့အခါမှာ ခန္ဓာကိုယ်က Stressကိုပြန်လည်တုံပြန်ဖို့ အနေနဲ့ Fight...
ညအိပ်မပျော်ခြင်း (Insomnia) က ညအခါ စိတ် နဲ့ ခန္ဓာကိုယ် မှာ ငြိမ်သက်ခြင်းမရှိတဲ့အခါမှာ အကျိုးဆက်အနေနဲ့ အိပ်ပျော်ရန်ခက်ခဲခြင်း၊ အိပ်စက်ချိန်တိုတောင်းခြင်း၊ မကြာခဏနိုးတတ်ခြင်း တွေဖြစ်တတ်ခြင်းပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ သူ့ရဲ့အသက်အရွယ်ပေါ်လိုက်ပြီး တစ်နေ့ ၇ – ၉ နာရီ အိပ်စက်ချိန်လိုအပ်ပါတယ်။ ညအိပ်မပျော်ခြင်း (Insomnia) ကို အောက်ပါအတိုင်း နှစ်မျိုးခွဲခြားထားလို့ရပါတယ်။...
စိတ်ကျန်းမာရေးဆိုတာဘာလဲ? လူ့ရဲ့ ဦးနှောက်ကို ကစားကွင်းတစ်ခုလို ကျွန်တော်တို့မြင်ကြည့်လိုရပါတယ်။ ကလေးပေါင်း ရာနဲ့ချီပြီး နေစဉ် လာရောက်ဆော့ကစားကြတဲ့ ကစားကွင်းကြီး တစ်ခုမှာ – တချို့ကလေးတွေက ဒန်းစီးတာ၊ တချို့က လျှောစီးတာ၊ တချို့က ပြေးတမ်းလိုက်တမ်းကစားတာ၊ စသဖြင့် အရမ်းကိုလူစည်းကားပြီး ဆူညံနေတဲ့ ကစားကွင်းတစ်ခုမှာ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ထားရှိထားခြင်းက အရေးကြီးပါလိမ့်မယ်။ ဒီ စည်းမျဉ်းစည်းကမ်းတွေက လာရောက်ကစားတဲ့သူတွေ ထိခိုင်ဒဏ်ရာမရအောင်၊...
Eating Disorder နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေ ၊ ဖြစ်တတ်တဲ့ အကြောင်းလေးတွေ Symptoms လေးတွေကိုတော့ ကျွန်မတို့တွေ သေသေချာချာလေး ပြောပြခဲ့ပြီးပြီဖြစ်ပါတယ် ။ ဒီ Eating Disorder တွေ မှာလည်း ပုံစံ အမျိုးအစားတွေ မတူညီကြပဲ အမျိုးအစားကွဲပြားကြပါသေးတယ် ။ ဖြစ်တည်လာရတဲ့ အခြေအနေအကြောင်းအရာ သက်ဆိုင်ရာ တစ်ခုစီပေါ်မူတည်ပြီးတော့ ပုံစံတွေလည်းကွဲပြားကြပါတယ် ။ ဒီထဲမှာမှ...
ဒီရက်ထဲမှာ ကိုယ့်ကိုကိုယ်Eating Disorder ဖြစ်နေရပြီလို့ ခံစားနေရလား ရှင့် ။ ဆိုတော့ ပထမဆုံးအနေနဲ့ မသိသေးသူတွေအတွက် Eating Disorder ဆိုတာဘာလဲ ❗️ ✅ Eating Disorder ဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပါ တကယ်ကိုစိတ်ပူရတဲ့ စားသောက်တဲ့ပုံစံနဲ့ပတ်သတ်တဲ့ကျန်းမာရေးအခြေအနေတစ်ခုပဲဖြစ်ပါတယ် ။ ED Type တွေအမျိုးမျိုးရှိပေမဲ့ အဓိကကတော့ အစားအသောက်...