ငြင်းပယ်ခံရခြင်း ကို တချိန်မဟုတ် တချိန်တော့ လူတိုင်းကြုံဖူးကြမယ် ထင်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်ရဲ့အမြင် တွေကို ငြင်းပယ် ခံရတာ၊ ကိုယ့်ရဲ့ လုပ်ရပ် တွေကို ငြင်းဆန်ခြင်း ခံရတာ၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို ငြင်းပယ်ခံရတာ၊ ကိုယ့်ရဲ့ ခံစားချက်တွေကို အငြင်းခံရတာ စတဲ့ အခြေအနေတွေမှာ စိတ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်မှုတွေ အနည်းနဲ့ အများ ရင်ဆိုင်ကြရပါတယ်။...