Search on this blog

Search on this blog

တခါတရံမှာ ကိုယ့်အနီးအနားက လူတွေကို ချစ်ခြင်းမေတ္တာတွေ ပေးဖို့ ကြိုးစားနေကြပေမယ့် ကိုယ့်ကိုယ်တိုင်အတွက် တော့ မေ့လျော့နေတတ်ကြပါတယ်။ ကိုယ့်ကိုကိုယ် ချစ်ခင်ကြင်နာခြင်း၊ စာနာနားလည်ခြင်း နဲ့ ဂရုစိုက်တတ်ခြင်းကလည်း ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေ ပေါ်မှာ များစွာ မူတည်နေပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ချစ်ခင် ကြင်နာတတ်ခြင်း (Self-compassion) ရဲ့ အရေးပါပုံနဲ့ Self-compassion ကို...
လူတိုင်းမှာ ကိုယ်ပိုင် လူမှုအသိုင်းအဝန်း တခု ရှိသလို ဒီအသိုင်းအဝန်းထဲမှာ လူဝင်ဆံ့အောင် ကြိုးစားလိုစိတ်က အများစုမှာ ရှိကြပါတယ်။ အထူးသဖြင့် ကိုယ်လုပ်တဲ့ အပြုအမူ၊ ကိုယ့်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ လုပ်ရပ်တွေကို တခြားသူတွေဘက်က အသိအမှတ်ပြုတာ၊ အားပေးတာ၊ ချီးကျုး ဂုဏ်ပြုတာတွေကို လိုလား တောင့်တလေ့ ရှိကြပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး တခြားသူတွေရဲ့ အသိအမှတ်ပြုမှုကို လိုချင်တယ်၊...
လူတိုင်းက စားဝတ်နေရေးအတွက်၊ ကိုယ့်ရဲ့ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ကိုင်ကြရတဲ့အခါမှာ အလုပ်ခွင်ဟာ ကိုယ့်အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တခု ဖြစ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် Work-Life Balance လို့ ခေါ်တဲ့ အလုပ်နဲ့ လူမှုဘဝ ညီမျှဖို့ဆိုတာကလည်း ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မဖြစ်မနေ လိုအပ်ပါတယ်။ ဒီလို မျိုး Work-Life...
Work-life balance ဆိုတာဟာ အလုပ်ခွင်နဲ့ လူနေမှု ဘဝ ညီမျှခြင်းကို ဆိုလိုတာ ဖြစ်ပြီး ဝန်ထမ်းတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော အလုပ်ရှင်တွေနဲ့ company တွေဟာ ဒီအချက်ကို အလေးမထားမိတာကြောင့် မထင်မှတ်ထားတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်ကြရပါတယ်။ Work-Life Balance ကို အလေးထားဖြစ်တဲ့...
အလုပ်ဆိုတာ ကိုယ့်ရဲ့ စားဝတ်နေရေး၊ ဘဝ ရပ်တည်ရေးအတွက် အရေးပါသလို ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝ၊ လူနေမှုပုံစံနဲ့ ဘဝ အရည်အသွေးဆိုတာကလည်း လူတိုင်းအတွက် အရေးကြီးတဲ့ အရာတခု ဖြစ်ပါတယ်။ အလုပ်ထဲမှာ အချိန်ပြည့်ခေါင်းနှစ်ထားရာကနေ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ကိုယ်ပိုင်ဘဝကို ထိခိုက်နစ်နာမှုတွေ များစွာ ဖြစ်လာနိုင်သလို အလုပ်နဲ့ ကိုယ်ပိုင် ဘဝ မမျှတခြင်းကလည်း ပြဿနာများစွာရဲ့...
သင့်ရဲ့ မိသားစုဝင်၊ သူငယ်ချင်း မိတ်ဆွေနဲ့ ချစ်ခင်ရသူ တစ်ယောက်ယောက်မှာ စိတ်ပူပန်မှု ပြဿနာကို တချိန်မဟုတ် တချိန် ခံစားရနိုင်ပြီး ဒီအချိန်မှာ သင့်ဘက်က ဘာတွေ ကူညီပေးနိုင်မလဲ၊ ဒါမှမဟုတ် စိတ်ပူပန်မှု ပြဿနာ ကြုံတွေ့နေရသူ တစုံတယောက်ကို ခရီးသွားဟန်လွှဲ ကြုံတွေ့ရတယ်ဆိုရင် ထိုသူအတွက် စိတ်ပူပန်မှုတွေ သက်သာစေဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ နှစ်သိမ့်ပေးနိုင်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ (၁)...
စိတ်ပူပန်မှုတွေကို လူတိုင်းက အကြောင်းအရာ အမျိုးမျိုးကြောင့် တချိန်မဟုတ် တချိန်မှာ ခံစားနေကြရပါတယ်။ ဒီလိုမျိုး စိတ်ပူပန်မှုကို ဖြစ်စေတဲ့ အရာတွေကို ထိန်းချုပ်ဖို့ရာ ခက်ခဲတယ်ဆိုပေမယ့် အကြောင်းတခုခုကြောင့် စိတ်ပူပန်မှုတွေ ခံစားရတဲ့အခါမှာ တတ်နိုင်သလောက် ထိန်းချုပ်နိုင်ဖို့အတွက် နေ့စဥ် ပုံမှန် လေ့ကျင့်နိုင်တဲ့ နည်းလမ်းတချို့ ရှိပါတယ်။ ဒီနည်းလမ်းတွေထဲက (၁၀) ချက်ကို မျှဝေပေးချင်ပါတယ်။  (၁) အသက်ရှုလေ့ကျင့်ခန်းကို...
ကြောက်ရွံခြင်းနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို နေ့စဉ်ဘဝမှာ ခံစားရလေ့ ရှိကြပြီး ဒီလို စိတ်ပူပန်မှုတွေကို ပုံစံ အမျိုးမျိုးနဲ့ ခံစားရလေ့ရှိပါတယ်။ စိတ်ပူပန်ခြင်း အမျိုးအစား တစ်ခုချင်းစီရဲ့ လက္ခဏာတွေနဲ့ ဖြစ်ပေါ်လာတဲ့ ပုံစံတွေကလည်း ကွဲပြားနိုင်ပါတယ်။ ဒီလို ကွဲပြားသွားတာနဲ့ အမျှ ကုသမှုပုံစံတွေနဲ့ ဖြေရှင်းနည်းတွေကလည်း မတူညီနိုင်ပါဘူး။ ဒါ့ကြောင့် စိုးရိမ်ပူပန်ခြင်း အမျိုးအစားများ ( Anxiety Types)...
သဘာဝဘေးအန္တရာယ်တွေဟာ ရှောင်လွှဲလို့မရသလို မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို  ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ကို ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် လက်တလော ပြင်းထန်တဲ့ ငလျင် ဘေးအန္တရာယ်ကြောင့် တုန်လှုပ်ခြောက်ခြားမှုတွေကို ကြုံတွေ့ခံစားရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာများစွာကို ဆိုးရွားစွာ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ လျော့ပါးသက်သာပြီး စိတ်ကျန်းမာရေးကို ဂရုစိုက်နိုင်မယ့်...
စိတ်ကျန်းမာရေးဟာ အသက်အရွယ်မရွေး ကျားမမရွေး လူတန်းစားမရွေး ဂရုစိုက်ဖို့လိုအပ်တဲ့ အရာဖြစ်ပါတယ်။ အများအားဖြင့် ကလေးတွေရဲ့ စိတ်ခံစားချက်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လူကြီးတွေအနေနဲ့ လျစ်လျုရှုတတ်ကြသလို ဒါဟာ ကလေးတွေအတွက် အသက်အရွယ်ရလာတာနဲ့ အမျှ ပိုပိုဆိုးလာနိုင်သလို စိတ်ကျန်းမာရေးထိခိုက်မှုတွေနဲ့ နောက်ဆက်တွဲ ပြဿနာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် မိဘတစ်ယောက် အုပ်ထိန်းသူ တစ်ယောက်အနေနဲ့ ကလေးရဲ့ အသက်အရွယ်အလိုက် စိတ်ကျန်းမာရေး...