ကိုယ်ဝန်ဆောင်ခြင်းဆိုတာဟာ အမျိုးသမီးတွေအတွက် ထူးခြားတဲ့ အချိုးအကွေ့ တခုဖြစ်သလို ဒီကာလအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမှာ သက်ရောက်မှုတွေ များစွာ ရှိနိုင်ပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဟာ ကိုယ်ဝန်ရဲ့ ရက်သတ္တပတ်အလိုက် တဖြေးဖြေး ပိုသိသာလာနိုင်သလို ဒါတွေကို သိရှိနားလည်ပြီး အချိန်မှီ ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပေါ်နိုင်တဲ့ စိတ်ကျန်းမာရေး အခြေအနေတွေ ကို...
စိတ်ဒဏ်ရာဆိုတာ လူတိုင်းရဲ့ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တခုခု ဒါမှမဟုတ် အချိန်ကြာကြာ ကြုံတွေ့ရတဲ့ အရာတခုကြောင့် စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှုနဲ့ စိတ်ထိခိုက်ခြင်းစတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကို ခံစားရတာ ဖြစ်ပါတယ်။ စိတ်ဒဏ်ရာတွေကို အသက်အရွယ်မရွေး အချိန်မရွေး ကြုံတွေ့နိုင်သလို အဖြစ်အပျက်ပြီးနောက် အချိန်ကြာတဲ့ တိုင်အောင် ခံစားနေရတတ်ပါတယ်။ စိတ်ဒဏ်ရာအကြောင်း၊ စိတ်ဒဏ်ရာရနိုင်တဲ့ အကြောင်းအရင်းတွေနဲ့ လက္ခဏာတွေအကြောင်းကို ဒီကနေ...
လူအများစုက Toxic Relationship မှာ ပိတ်မိနေမှာ ကြောက်ကြတယ်၊ Toxic ဖြစ်တဲ့သူနဲ့ ဆက်နွယ်ရမှာကို ပူပန်ကြတယ် ဆိုပေမယ့် ကိုယ်တိုင်က Toxic ဖြစ်နေနိုင်လား ဆိုတာကိုတော့ မတွေးမိကြပါဘူး။ ကိုယ့်ကြောင့် ချစ်ရသူကို မနာကျင်ရဖို့၊ ကိုယ်တန်ဖိုးထားတဲ့ Relationship ကို ကိုယ်တိုင် မဖျက်စီးမိဖို့ဆိုရင် ကိုယ်တိုင် Toxic မဖြစ်နေဖို့ အရေးကြီးပါတယ်။ ပထမဆုံး...
နည်းပညာရဲ့ ပြောင်းလဲ တိုးတက်လာမှုက ကောင်းမွန်တဲ့ ချိတ်ဆက်မှု ကွန်ယက်တခုကို ဖန်တီးပေးနိုင်ပြီး ပညာသင်ကြားရေးကိုလည်း များစွာ အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် တဖက်မှာလည်း နည်းပညာက ဖြစ်တည်လာတဲ့ Social Media တွေဟာ တနည်းတဖုံနဲ့ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ သက်ရောက် လွှမ်းမိုးမှုတွေ ရှိနေနိုင်ပါတယ်။ Social Media ကို လိုတာထက် ပိုသုံးစွဲမိတဲ့ရလဒ်ကြောင့်...
စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထလိုက်တဲ့ တနေ့တာမှာ အလုပ်ကို မြန်မြန်ပြီးမြောက်အောင် လုပ်နိုင်တာကို သတိပြုမိကြမှာပါ။ လေ့လာမှုတွေအရဆိုရင် ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဖန်တီးပေးနိုင်တဲ့ အလုပ်ခွင်ဟာ အလုပ်သမားတွေရဲ့ အလုပ်ပျက်ကွက်မှု (absenteeism) ကို နည်းစေပြီး လုပ်ငန်းခွင်အတွင်း productivity ကို ပိုကောင်းစေတယ်လို့ တွေ့ရပါတယ်။ အထူးသဖြင့် အလုပ်ကြောင့်၊ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် စိတ်ရှုပ်စရာ၊ စိတ်ပူပန်စရာနဲ့ စိတ်ဓါတ်ကျမှုတွေ...
တစ်နယ်ရပ်ခြားကို ရွှေ့ပြောင်း လုပ်ကိုင်ရတဲ့ အလုပ်သမားတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထူးဂရုပြုဖို့ လိုပါတယ်။ အထူးသဖြင့် စိတ်ဓါတ်ကျတာ၊ စိတ်ဖိစီးတာ၊ အထီးကျန်အားငယ်တာနဲ့ စိတ်ပူပန်သောက ရောက်တာတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ကြုံနေကျ အခြေအနေတွေ ဖြစ်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ (၁) Work- Life Balance မျှအောင်နေပါ တနယ်ခြားမှာ အလုပ်ကို...
Healthy Work Environment ဖြစ်ဖို့ဆိုတာ ဝန်ထမ်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အရေးကြီးရုံသာမက လုပ်အားကို တိုးစေဖို့၊ မိမိအလုပ်ကို စိတ်ကျေနပ်ဖို့၊ ဝန်ထမ်းကောင်းတွေကို ထိန်းထားနိုင်ဖို့အတွက်လည်း အရေးပါပါတယ်။ မိမိဝန်ထမ်းရဲ့ ကျန်းမာရေး၊သက်တောင့်သက်သာရှိရေး၊ သာတူညီမျှအခွင့်အရေးကို အလေးမပေးတဲ့လုပ်ငန်းခွင်က ဝန်ထမ်းတစ်ဦးကို ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်တွေနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း အစရှိတဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်စေသလို စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကများခြင်း၊ အိပ်မပျော်ခြင်း အစရှိတဲ့...
အခုမှပထမဆုံး အလုပ်စလုပ်ဖူးတဲ့သူဖြစ်ဖြစ်၊ အလုပ်မကြာခဏပြောင်းဖူးသူဖြစ်ဖြစ် ဘယ်သူမဆို လုပ်ငန်းခွင်အသစ်ကို ပြောင်းကာစမှာ စိတ်ဖိစီးမှုလေးတွေ ကြုံရတတ်ပါတယ်။ ဝန်ထမ်းအသစ်ဆိုတော့ အထက်လူကြီးက စောင့်ကြည့်နေမှာဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေက အကဲခတ်နေကြမဲ့အတွက် ဖိအားတွေကို ရင်ဆိုင်ကြရမှာပါ။ လုပ်ငန်းခွင်အသစ်ရောက်တဲ့အခါ စိတ်ဖိစီးမှုကိုခံစားရစေတဲ့ အဓိကအကြောင်းအရာတွေကို Call Me Today က ဖော်ပြပေးလိုက်ပါတယ်။ လုပ်ဖော်ကိုင်ဖက်အသစ်တွေ: ဌာနအသီးသီးက ကိုယ်နဲ့ချိတ်ဆက်ဆောင်ရွက်ရမဲ့သူတွေကို မှတ်ထားရတာ၊ ကိုယ့်ဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့...
လူတိုင်းက အချိန်တိုင်းမှာ စိတ်ဖိစီးမှု တစ်ခုမဟုတ်တစ်ခုနဲ့ ကြုံတွေ့နေကြရပါတယ်။ စိတ်ဖိစီးမှုဆိုတာ အကောင်းဘက်ကကြည့်ရင် စိတ်ကိုသွေးပူအောင်လုပ်ပေးတာဖြစ်ပြီး ပျော်ရွှင်စေမဲ့နည်းလမ်းကို ခပ်မြန်မြန်ရှာတွေ့စေပါတယ်။ သို့ပေမဲ့ ပျော်ရွှင်စရာရှာမတွေ့နိုင်ပဲ စိတ်ဖိစီးမှုချည်းပဲ နေ့စဉ်ရက်ဆက်ရင်ဆိုင်နေရရင်တော့ ဒါကို “စိတ်ဒုက္ခရောက်ခြင်း” လို့ခေါ်ပါတယ်။ စစ်တမ်းတွေအရ လူအများစုကို စိတ်ဒုက္ခအကြီးအကျယ်ရောက်စေတဲ့ အတွေ့အများ ဆုံး အကြောင်းအရာတွေက လူတယောက်က အလွန်အမင်း စိတ်ဒုက္ခရောက်လာတဲ့အခါ အခုပြောပြမဲ့ အပြုအမူတွေ၊ လက္ခဏာတွေကို...
နေ့တဓူဝရုန်းကန်လှုပ်ရှားရင်းနဲ့ တာဝန်တွေ၊ ဝတ္တရားတွေကြား စိတ်ရောကိုယ်ပါနှစ်ထားရင်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့မေ့နေပြီလား? ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖြစ်ဖို့ဆိုတာ ငွေကြေးအကုန်အကျခံပြီး အစားအသောက်ကောင်းတွေဝယ်စားမှ၊ အသုံးအဆောင်ကောင်းတွေ ဝယ်မှ၊ အပန်းဖြေခရီးတွေထွက်မှမဟုတ်ပါဘူး။ အိမ်မှာနေရင်းပဲ အချိန်ခဏလောက်ပေးလိုက်ရုံနဲ့ စိတ်ရောကိုယ်ပါ အပန်းပြေသွားစေမဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) လေကောင်းလေသန့်ကို တစ်ဝကြီးရှူပါ။ စက္ကန့်တိုင်း အလိုလို အသက်ရှူနေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်သတိမထားမိကြသလို အလကားရတဲ့...