တခါတရံမှာ ကိုယ့်အနီးအနားက လူတွေကို ချစ်ခြင်းမေတ္တာတွေ ပေးဖို့ ကြိုးစားနေကြပေမယ့် ကိုယ့်ကိုယ်တိုင်အတွက် တော့ မေ့လျော့နေတတ်ကြပါတယ်။ ကိုယ့်ကိုကိုယ် ချစ်ခင်ကြင်နာခြင်း၊ စာနာနားလည်ခြင်း နဲ့ ဂရုစိုက်တတ်ခြင်းကလည်း ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေ ပေါ်မှာ များစွာ မူတည်နေပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ချစ်ခင် ကြင်နာတတ်ခြင်း (Self-compassion) ရဲ့ အရေးပါပုံနဲ့ Self-compassion ကို...
ဟာကွက်မရှိလောက်အောင် အစစအရာရာမှာ ပြီးပြည့်စုံချင်တယ်၊ တခြားသူတွေရဲ့ ထောက်ပြ ဝေဖန်တာကို မခံရအောင် ကိုယ့်ရဲ့ အစွမ်းအစကို ပြသချင်တယ်။ ဒီလို စိတ်ဆန္ဒကို perfectionism လို့ ပြောပြီး ဒီလို စိတ်ဆန္ဒဟာ တခါတရံမှာ ကိုယ့်ရဲ့ တကိုယ်ရေ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်ပြီးမြောက်မှုနဲ့ စိတ်ကျန်းမာရေး စတာတွေ အပေါ်မှာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေအကြောင်းနဲ့ ဒီစိတ်ဆန္ဒကို...
ငြင်းပယ်ခံရခြင်း ကို တချိန်မဟုတ် တချိန်တော့ လူတိုင်းကြုံဖူးကြမယ် ထင်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်ရဲ့အမြင် တွေကို ငြင်းပယ် ခံရတာ၊ ကိုယ့်ရဲ့ လုပ်ရပ် တွေကို ငြင်းဆန်ခြင်း ခံရတာ၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို ငြင်းပယ်ခံရတာ၊ ကိုယ့်ရဲ့ ခံစားချက်တွေကို အငြင်းခံရတာ စတဲ့ အခြေအနေတွေမှာ စိတ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်မှုတွေ အနည်းနဲ့ အများ ရင်ဆိုင်ကြရပါတယ်။...
လူတိုင်းမှာ ကိုယ်ပိုင် လူမှုအသိုင်းအဝန်း တခု ရှိသလို ဒီအသိုင်းအဝန်းထဲမှာ လူဝင်ဆံ့အောင် ကြိုးစားလိုစိတ်က အများစုမှာ ရှိကြပါတယ်။ အထူးသဖြင့် ကိုယ်လုပ်တဲ့ အပြုအမူ၊ ကိုယ့်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ လုပ်ရပ်တွေကို တခြားသူတွေဘက်က အသိအမှတ်ပြုတာ၊ အားပေးတာ၊ ချီးကျုး ဂုဏ်ပြုတာတွေကို လိုလား တောင့်တလေ့ ရှိကြပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး တခြားသူတွေရဲ့ အသိအမှတ်ပြုမှုကို လိုချင်တယ်၊...