Search on this blog

Search on this blog

စိတ်ဖိစီးမှုကိုခံစားရခြင်း (Stress) သည် အန္တရာယ် (သို့မဟုတ်) တစုံတရာထိတ်လန့်စရာ အခြေအနေကို ကြုံတွေ့တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေက အပြင်ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်သလို (ဥပမာ – မီးလောင်တာ, ကားအက်ဆီးဒင့်ဖြစ်တာ)၊ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် (ဥပမာ – အလုပ်ကိစ္စအဆင်မပြေမှု၊ ငွေရေးကြေးရေးပူပန်မှု)။ ဒီလိုကြုံတွေ့ရတဲ့အခါမှာ ခန္ဓာကိုယ်က Stressကိုပြန်လည်တုံပြန်ဖို့ အနေနဲ့ Fight...
ယခုခေတ်ကာလမှာ Parenting လို့ခေါ်တဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေးကို ဂရုတစိုက် လုပ်လာကြတဲ့ မိဘတွေ တော်တော်များလာပါပြီ။ လိမ္မာယဥ်ကျေးပြီး ထက်မြက်တဲ့ကလေးတွေ ဖြစ်လာစေဖို့ ပြုစုပျိုးထောင်တဲ့တာဝန်ကို အများအားဖြင့် အပြင်ထွက် အလုပ်မလုပ်ဘဲ အိမ်ထောင်ထိန်းသိမ်းတဲ့ အိမ်ထောင်ရှင်မ မေမေတွေက တာဝန်ယူလေ့ရှိပါတယ်။ အိမ်မှာတစ်နေ့လုံးနေပြီး ကလေးနားနေရတာ မပင်မပန်းဘဲ သက်သာတဲ့ အလုပ်တစ်ခုပဲလို့ ထင်ချင်စရာပါ။ အပြင်ထွက်အလုပ်လုပ်ရတဲ့ မေမေတွေလောက် စိတ်ရှုပ်စရာမရှိဘူးလို့လဲ ထင်တတ်ကြပါတယ်။ ...
❝ ပြသနာတွေဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ၊ တစ်ခုခုမကောင်းတာဖြစ်လာရင်ရော ၊ ဒီကိစ္စအဆင်မပြေမှာ စိတ်ပူတယ် ❞ ဆိုတဲ့ အလွန်အမင်း စိုးရိမ်ပူပန်နေတဲ့ အတွေးတွေဝင်လာဖူးတယ် ဆိုရင်တော့ သင့်မှာ သင်မသိထားလိုက်ခင် မှာပဲ Anxiety ရှိနေတာဖြစ်ပါတယ် ။ ဒါ့ကြောင့် ဒီနေ့မှာတော့ Anxiety နဲ့ပါတ်သတ်ပြီး သိထားသင့်တာ တွေ ၊ ကိုယ့်မှာရှိနေလား မရှိနေလားဆိုတာကို ကွဲပြားစွာသိစေဖို့နဲ့...
မိဘတစ်ယောက်အနေနဲ့ကလေးမှာစိတ်ဖိစီးမှုရှိမရှိကိုသိရှိနိုင်ရန်မိမိကလေးအမူအကျင့်ပြောင်းလာမှု လေ့လာစောင့်ကြည့်ရန် လိုအပ်ပါသည်၊ ကလေးအများစုသည် မိမိတို့ နေထိုင်ရာပတ်ဝန်းကျင် အခြေအနေပေါ်လိုက်၍တုံ့ပြန်မှုအမျိုးမျိုးရှိတတ်ကြပါသည်။ လူမှုပတ်ဝန်းကျင်ယဉ်ကျေးမှုတွေဆိုတာကလည်း မိမိတို့ရဲ့ စိတ်ခံစားမှုတွေကို ဖော်ပြသည့်နည်းလမ်းများအပေါ် လွှမ်းမိုးမှုရှိပါတယ်။စိတ်ဖိစီးမှုများပြီး အကျပ်အတည်းကြုံရသည့် အချိန်များတွင် ကလေးများသည် မိမိဘာသာ မည်သို့ဖြေရှင်းရမည်ကို သိရှိရန်အတွက် လူကြီးများ၏ အပြုအမူများနှင့် စိတ်ခံစားမှုများကို စောင့်ကြည့်တတ်ကြပါတယ်။ အချို့သော ပူဆွေးသောကရောက်မှုလက္ခဏာတွေက မထင်မရှားရှိနိုင်ပါတယ်။ ကလေးရဲ့စိတ်ခံစားမှု အပေါ်မူတည်ပြီး မတူညီတဲ့ စိတ်ဆင်းရဲမှုလက္ခဏာအမျိုးမျိုးကို...