ဒေါသကို ထိန်းချုပ်နိုင်စွမ်း အားနည်းတဲ့အခါမှာ စိတ်ခံစားချက်တွေ ပြင်းထန်နိုင်တာကြောင့် ကျိုးကြောင်းဆင်ခြင်မှု အားနည်းနိုင်ပါတယ်။ ဒီအချိန်မှာ ကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ကိုပါ အန္တရာယ်ရှိစေတဲ့ အပြုအမူတွေ ကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုနဲ့ပဲ မထင်မှတ်ထားတဲ့ ပြဿနာတွေ ဖြစ်နိုင်သလို နောင်တရစေမယ့် ဖြစ်ရပ်တွေကို ကျုးလွန်မိနိုင်တာကြောင့် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ (၁) သတိပေး လက္ခဏာတွေကို ထိန်းချုပ်ပါ ဒေါသရဲ့...