လူတိုင်းက စားဝတ်နေရေးအတွက်၊ ကိုယ့်ရဲ့ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ကိုင်ကြရတဲ့အခါမှာ အလုပ်ခွင်ဟာ ကိုယ့်အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တခု ဖြစ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် Work-Life Balance လို့ ခေါ်တဲ့ အလုပ်နဲ့ လူမှုဘဝ ညီမျှဖို့ဆိုတာကလည်း ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မဖြစ်မနေ လိုအပ်ပါတယ်။ ဒီလို မျိုး Work-Life...
Work-life balance ဆိုတာဟာ အလုပ်ခွင်နဲ့ လူနေမှု ဘဝ ညီမျှခြင်းကို ဆိုလိုတာ ဖြစ်ပြီး ဝန်ထမ်းတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော အလုပ်ရှင်တွေနဲ့ company တွေဟာ ဒီအချက်ကို အလေးမထားမိတာကြောင့် မထင်မှတ်ထားတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်ကြရပါတယ်။ Work-Life Balance ကို အလေးထားဖြစ်တဲ့...
အလုပ်နဲ့ ကိုယ်ပိုင်ဘဝကြား စည်းမျဉ်းတချို့ သတ်မှတ်ခြင်းဟာ work-life balance အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီလို စည်းမျဉ်းသတ်မှတ်ထားခြင်းက အလုပ်ကြောင့် စိတ်ဖိစီးဖြစ်ခြင်း ကို တားဆီးနိုင်မှာ ဖြစ်သလို ပြန်လည်အနားယူဖို့ အချိန်လုံလောက်စွာ ရနိုင်တယ်၊ ချစ်ရသူတွေအတွက် အချိန်ပေးနိုင်မှာ ဖြစ်တဲ့အပြင် ကိုယ်ရဲ့ ကိုယ်ပိုင် ဘဝကိုလည်း အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။...
အလုပ်ချိန်မှာ အချိန်ပြည့် ကြိုးကြိုးစားစား လုပ်နေပေမယ့် အလုပ်တွေက မပြီးဘူး၊ ဒီလို အလုပ်တွေ မပြီးပျက်တာကြောင့်ပဲ အလုပ်ချိန်အပြင် ကိုယ်ပိုင်အချိန်တွေမှာပါ ထိခိုက်မှု ရှိလာပြီဆိုရင်တော့ ဒါဟာ work-life balance ညီမျှမှု မရှိကြောင်းကို ပြသနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အချိန်စီမံခန့်ခွဲပြီး work-life balance ကို ပြန်လည် ညှိယူခြင်းကလည်း အရေးပါတာကြောင့်...
အလုပ်ဆိုတာ ကိုယ့်ရဲ့ စားဝတ်နေရေး၊ ဘဝ ရပ်တည်ရေးအတွက် အရေးပါသလို ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝ၊ လူနေမှုပုံစံနဲ့ ဘဝ အရည်အသွေးဆိုတာကလည်း လူတိုင်းအတွက် အရေးကြီးတဲ့ အရာတခု ဖြစ်ပါတယ်။ အလုပ်ထဲမှာ အချိန်ပြည့်ခေါင်းနှစ်ထားရာကနေ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ကိုယ်ပိုင်ဘဝကို ထိခိုက်နစ်နာမှုတွေ များစွာ ဖြစ်လာနိုင်သလို အလုပ်နဲ့ ကိုယ်ပိုင် ဘဝ မမျှတခြင်းကလည်း ပြဿနာများစွာရဲ့...
ပညာတဖက်နဲ့ အလုပ်လုပ်နေရတဲ့အခါ ဒါမှမဟုတ် အလုပ်နှစ်ခု သုံးခု တပြိုင်နက်လုပ်ရတဲ့ အခါမှာ ကျောင်းသားလူငယ်တွေအနေနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ အထူးသဖြင့် အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှု ပင်ပန်းနွမ်းနယ်မှုတွေကို မဖြေဖျောက်ဖြစ်တဲ့အခါ အချိန်ကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် လူငယ်တွေအတွက် အလုပ်နဲ့ဘဝ မျှတစေမယ့် (work-life balance) နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ (၁)...
လူတိုင်းဟာ အလုပ်ခွင်မှာ အမြဲ ပျော်ရွှင်နေဖို့ မဖြစ်နိုင်ပါဘူး။ အလုပ်ကြောင့် ကိုယ်ရေးကိုယ်တာ ကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်တဲ့အခါ ကိုယ့်ရဲ့ နေ့စဉ် အလုပ်ကို သက်ရောက်မှုတွေ ရှိနေနိုင်ပြီး ဒါဟာ ဝန်ထမ်းတဦးစီအတွက်ရော အလုပ်ခွင်အတွက်ကိုပါ ဆိုးကျိုးတွေ ရှိနေနိုင်ပါတယ်။ ဒီအချိန်မှာ ဝန်ထမ်းတွေအတွက် ရင်ဖွင့်ပြောနိုင်မယ့် တစုံတယောက် လိုအပ်လာပါတယ်။ ဝန်ထမ်းတွေမှာ တကိုယ်ရေ ခံစားချက်တွေ ရှိကြသလို ...
လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြတဲ့ အလွှာအသီးသီးက ဝန်ထမ်းတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့ လိုသလို စိတ်ကျန်းမာမှုမှာလည်း ထိခိုက်မှု မရှိနေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့်လည်း ဝန်ထမ်းတွေအတွက် ကူညီပြီး နှစ်သိမ့်ဆွေးနွေးခြင်း EAP (Employee Assistance Program) Counseling ဟာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ EAP Counseling ကနေတဆင့် ဝန်ထမ်းတွေ...
တစ်နယ်ရပ်ခြားကို ရွှေ့ပြောင်း လုပ်ကိုင်ရတဲ့ အလုပ်သမားတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထူးဂရုပြုဖို့ လိုပါတယ်။ အထူးသဖြင့် စိတ်ဓါတ်ကျတာ၊ စိတ်ဖိစီးတာ၊ အထီးကျန်အားငယ်တာနဲ့ စိတ်ပူပန်သောက ရောက်တာတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ကြုံနေကျ အခြေအနေတွေ ဖြစ်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ (၁) Work- Life Balance မျှအောင်နေပါ တနယ်ခြားမှာ အလုပ်ကို...