top of page

A Parent's Guide to Recognizing Child Stress


မိဘတစ်ယောက်အနေနဲ့ကလေးမှာစိတ်ဖိစီးမှုရှိမရှိကိုသိရှိနိုင်ရန် မိမိကလေးအမူအကျင့်ပြောင်းလာမှု လေ့လာစောင့်ကြည့်ရန် လိုအပ်ပါသည်။ ကလေးအများစုသည် မိမိတို့ နေထိုင်ရာပတ်ဝန်းကျင်အခြေအနေပေါ်လိုက်ပြီး တုံ့ပြန်မှုအမျိုးမျိုးရှိတတ်ကြပါတယ်။


လူမှုပတ်ဝန်းကျင်ယဉ်ကျေးမှုတွေဆိုတာကလည်း မိမိတို့ရဲ့ စိတ်ခံစားမှုတွေကို ဖော်ပြတဲ့နည်းလမ်းတွေအပေါ် လွှမ်းမိုးမှုရှိပါတယ်။ စိတ်ဖိစီးမှုများပြီး အကျပ်အတည်းကြုံရတဲ့ အချိန်တွေမှာ ကလေးတွေက မိမိဘာသာဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုသိနိုင်ဖို့အတွက် လူကြီးများ၏ အပြုအမူများနှင့် စိတ်ခံစားမှုများကို စောင့်ကြည့်တတ်ကြပါတယ်။ အချို့သော ပူဆွေးသောကရောက်မှုလက္ခဏာတွေက မထင်မရှားရှိနိုင်ပါတယ်။ ကလေးရဲ့စိတ်ခံစားမှု အပေါ်မူတည်ပြီး မတူညီတဲ့ စိတ်ဆင်းရဲမှုလက္ခဏာအမျိုးမျိုးကို ပြသတတ်ကြပါတယ်၊၊


ကလေးများတွင် တွေ့ရများသော စိတ်ဖိစီးမှုအပေါ် တုံ့ပြန်မှုများမှာ အသက် ၃နှစ် ဝန်းကျင်တွင် ဂရုစိုက်စောင့်ရှောက်သူအား ပုံမှန်ထက်ပို၍တွယ်ကပ်လာခြင်း၊ အိပ်စက်ပုံနှင့် စားသောက်ပုံ ပုံစံများပြောင်းလဲလာခြင်း၊ ပို၍စိတ်ဆိုးလွယ်လာခြင်း၊ အရာဝတ္ထုများကို ပိုမိုကြောက်ရွံ့လာခြင်း၊ပို၍တောင်းဆိုမှုများလာခြင်း၊ ပို၍မကြာမကြာငိုတတ်လာခြင်းတို့အဖြစ်များပါသည်။ ၆နှစ်ပတ်ဝန်းကျင် ကလေးများတွင် စိတ်ဖိစီးမှုအပေါ် တုံ့ပြန်မှုများမှာ လူကြီးများကိုပို၍တွယ်ကပ်လာခြင်း၊ ငယ်ငယ်ကအမူအကျင့်များပြန်ပေါ်လာခြင်း၊ အိပ်စက်ပုံနှင့် စားသောက်ပုံ ပုံစံများပြောင်းလဲလာခြင်း၊ ပို၍ စိတ်ဆိုးလွယ်လာခြင်း၊ အာရုံစိုက်မှုအားနည်းလာခြင်း၊ ပို၍လှုပ်ရှားမှုနည်းလာခြင်း သို့မဟုတ် ပို၍ လွန်လွန်ကဲကဲတက်ကြွလာခြင်း၊ မကစားတော့ခြင်း၊ စကားမပြောတော့ခြင်း၊ပို၍စိုးရိမ်လွန်လာခြင်း သို့မဟုတ် ပူပန်တတ်လာခြင်းတို့ဖြစ်တတ်ကြပါသည်။


ရုပ်ပိုင်းဆိုင်ရာလက္ခဏာများကတော့ နေမကောင်းကြောင်းပြသည့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ မှာတုန်ရီခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ကိုက်ခဲခြင်းနှင့် နာကျင်ခြင်း တို့ဖြစ်လေ့ရှိပါတယ်။

အသက်အရွယ်အုပ်စုအားလုံး ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများမှာ အားအင်ကုန်ခမ်းခြင်း၊ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်း၊ တုန်ရီခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်းတို့ဖြစ်ပါတယ်။


ဤအမူအကျင့်များကိုတွေ့ရပြီဆိုလျှင် မိမိကလေးတွင် စိတ်ဖိစီးမှုခံစားနေရပြီလားဆိုတာကို မိဘများအနေဖြင့် မိမိကလေးကိုသေချာစောင့်ကြည့်ဂရုစိုက်အလေးထားစောင့်ရှောက်ပေးခြင်းဖြင့် မိမိကလေးရဲ့လိုအပ်ချက်ကိုပိုမိုသိရှိလာစေမှာဖြစ်ပါသည်။

Categories

Other trending posts

1/7
bottom of page