top of page

Relationship မှာ သင်ကိုယ်တိုင် Toxic Person မဖြစ်စေဖို့ သတိပြုစရာ အချက်များ 



လူအများစုက Toxic Relationship မှာ ပိတ်မိနေမှာ ကြောက်ကြတယ်၊ Toxic ဖြစ်တဲ့သူနဲ့ ဆက်နွယ်ရမှာကို ပူပန်ကြတယ် ဆိုပေမယ့် ကိုယ်တိုင်က Toxic ဖြစ်နေနိုင်လား ဆိုတာကိုတော့ မတွေးမိကြပါဘူး။ ကိုယ့်ကြောင့် ချစ်ရသူကို မနာကျင်ရဖို့၊ ကိုယ်တန်ဖိုးထားတဲ့ Relationship ကို ကိုယ်တိုင် မဖျက်စီးမိဖို့ဆိုရင် ကိုယ်တိုင် Toxic မဖြစ်နေဖို့ အရေးကြီးပါတယ်။ 


ပထမဆုံး အနေနဲ့ Relationship မှာ Toxic ဖြစ်တဲ့ သူတစ်ယောက် ရဲ့ အပြုအမူတွေ ကို သိထားဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် Toxic person တွေဟာ ပြဿနာတခု ဖြစ်လာပြီးနောက် ထိခိုက်နစ်နာမှု ရှိလာပြီဆိုရင် ချစ်သူအပေါ်မှာ အပြစ်တင်တာ၊ နှိမ့်ချပြောဆိုတာ၊ ဖိအားပေးတာတွေ လုပ်လေ့ ရှိကြပါတယ်။ ဒါတွေဟာ တဖက်လူအတွက် နာကျင်ရသလို Relationship ရဲ့ ရေရှည်တည်တံ့မှုကိုလည်း ထိခိုက်နိုင်ပါတယ်။ 


ဒါ့အပြင် Toxic ဖြစ်သူတစ်ဦးဟာ ချစ်သူကို ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိန်းချုပ်ကန့်သတ်တာတွေ၊ တားဆီးပိတ်ပင်တာတွေ ပြုလုပ်လေ့ရှိကြပါတယ်။ ဟိုနေရာမသွားရဘူး၊ ဟိုလူနဲ့ မတွေ့ရဘူး၊ စသဖြင့် ကန့်သတ်တာမျိုးဟာ တဖက်လူအတွက် စိတ်ကျဉ်းကြပ်စေသလို အချင်းချင်း ဝေးကွာလာစေတဲ့ အပြုအမူ ဖြစ်ပါတယ်။ 


နောက်တခုအနေနဲ့ အရာရာမှာ ကိုယ်ကျိုးအတွက်ကိုပဲ ကြည့်တာ၊ ချစ်သူကို အဆိုးမြင်လွန်းတာ၊ ကိုယ့်ဘက်က တောင်းပန်ဖို့ကို ဝန်လေးပြီး သူ့ဘက်က တောင်းပန်ဖို့အတွက် ဖိအားပေး ပြောဆိုတာတွေဟာလည်း Relationship ကို Toxic ဖြစ်စေတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီလို အပြုအမူတွေ မဖြစ်ရလေအောင် သတိထားရမယ့် အရာတွေကို မျှဝေပေးချင်ပါတယ်။ 


(၁) တခါတရံ တောင်းပန်ကြည့်ပါ 


ချစ်သူတွေကြားမှာ တောင်းပန်ရမှာကို အများစုဟာ တွန့်ဆုတ်လေ့ရှိကြပါတယ်။  ဒါဟာ အချင်းချင်း မာန်မာနတွေ ထားပြီး ကိုယ့်ချစ်သူရဲ့ ခံစားချက်ကို လျစ်လျုရှုသလို  ဖြစ်စေပါတယ်။ ဒါ့ကြောင့် တခါတရံ ကိုယ့်ဘက်က အလျှော့ပေးလိုက်တာမျိုး၊ တောင်းပန်လိုက်တာမျိုးဟာ နှစ်ဦးသားရဲ့ ချစ်ခင်မှုနဲ့ နားလည်မှုကို ပိုမိုပြေလည်စေဖို့ ကူညီပေးပါတယ်။ 


(၂) ကိုယ့်ကိုကိုယ် သတိပြုမိပါစေ 


Relationship တခု အဆင်မပြေ ဖြစ်ရတာဟာ နှစ်ဦးစလုံးနဲ့ သက်ဆိုင်တယ် ဆိုပေမယ့် မိမိကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ အပြုအမူတွေ ၊ အပြောအဆိုတွေကို ပြန်သတိပြုဖို့ လိုပါတယ်။ တခါတလေမှာ ကိုယ်တိုင် မသိလိုက်မိပဲ ချစ်သူအပေါ် နာကျင်စေအောင် လုပ်မိနေသလားဆိုတာကို ပြန်လည် ဆန်းစစ်ဖို့ အရေးကြီးပါတယ်။ 


(၃) တုန့်ပြန်မှုနဲ့ အမြင်တွေကို လက်ခံပါ 


ချစ်သူဘက်က ကိုယ့်ရဲ့ အပြုအမူ၊ အပြောအဆိုတွေနဲ့ ပတ်သက်ပြီး ထောက်ပြ ပြောဆိုလာတာတွေ ရှိတယ်ဆိုရင် ဒါတွေကို အမှန်အတိုင်း မြင်တတ်ဖို့ လိုပါတယ်။ သူ့ဘက်၊ ကိုယ့်ဘက် လိုအပ်ချက်တွေကို အပြန်အလှန် ညှိယူဖို့အတွက် ပွင့်ပွင်းလင်းလင်းနဲ့ အမြင်တွေကို ဖလှယ်တာဟာ ချစ်သူတွေမှာ ပြုလုပ်သင့်တဲ့ အပြုအမူ တခုဖြစ်ပါတယ်။  


(၄) စည်း၊ ဘောင်တွေကို အလေးထားပါ 


လူတိုင်းမှာ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင် အချိန် ဆိုတာ ရှိသလို လူသိမခံလိုတဲ့ တချို့သော အရာတွေလည်း ရှိပါတယ်။ ချစ်သူတွေမှာလည်း ဒါတွေကို လေးစားဖို့ အရေးကြီးပါတယ်။ ချစ်တဲ့စိတ်နဲ့ ချစ်သူရဲ့ အရာရာကို စွက်ဖက်တာမျိုး၊ ထိန်းချုပ်ခြယ်လှယ်တာမျိုးဟာ ချစ်သူအတွက် စိတ်ပိုင်းဆိုင်ရာ အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။ 


(၅) အကောင်းဘက်ကနေ ဖြည့်တွေးပါ 


ဘဝရဲ့ နေ့ရက်တိုင်းမှာ အကောင်းတွေချည်း လာမှာမဟုတ်ပါဘူး။ အဆိုးအကောင်း အမြဲ ဒွန်တွဲနေလေ့ ရှိသလို သင့် ချစ်သူရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကိုလည်း သင့်ဘက်က လက်ခံပေးဖို့ လိုပါတယ်။ တခါတရံ အဆိုးနဲ့ တွေ့ရချိန်မှာလည်း ချစ်သူရဲ့ ကောင်းခဲ့ဖူးတဲ့ အရာတွေကို ပြန်လည် မြင်ယောင်ပြီး ခွင့်လွတ်ပေးတတ်ဖို့ လိုပါတယ်။ 


Relationship တခုဟာ နှစ်ဦးရဲ့ ချစ်ခင်မှု၊ အပြန်အလှန် နားလည်မှုနဲ့၊ အကောင်းအဆိုး မျှဝေခံစားတတ်မှုနဲ့ ရှေ့ဆက်မှသာ Healthy ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ သင် ဒါမှမဟုတ် သင့်ရဲ့ ချစ်သူက Toxic Person ဖြစ်နေတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေ ရှိနိုင်ပြီး Relationship ကိုလည်း ပျက်စီးစေနိုင်တာကို အထူးဂရုပြုရမှာ ဖြစ်ပါတယ်။ 


သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873







Categories

Other trending posts

1/25
bottom of page