World Mental Health Day 2021 | Call Me Today
top of page
wmhd2019_logo-rgb (1).png

world mental health day 2021

အမည်မဖော်ပဲ ကိုယ့်စိတ်ခံစားချက်တွေ ရင်ဖွင့်လို့ရမယ်ဆိုရင် ဘာတွေရေးခဲ့ချင်လဲ

ခံစားချက်စာတိုများ

ဒီရက်ပိုင်းအိပ်ရမှာကြောက်နေမိတယ် အိပ်ဖို့မျက်လုံးမှိတ်လိုက်ရင်အိပ်မပျော်ပဲ ပေါ်လာမယ့်အတွေးတွေကိုကြောက်လို့

Love is strange❤️ After 4 years taking antipsychotics, I still love the person who broke my heart into pieces Still excited, fresh & young like it was yesterday Love you zin from paing

Is it my karma to feel miserably every single day?🙂

သူငယ်ချင်း မင်းမအောင်ခင်အချိန်မှာတော့မင်းရဲ့အကြံဉာဏ်တွေကိုလူတွေကဝိုင်းဟားလိမ့်မယ် သူငယ်ချင်း မင်းအောင်မြင်သွားရင်တော့ မင်းရဲ့အကြံဉာဏ်တွေကိုလူတွေကအသုံးချလိမ့်မယ် သူငယ်ချင်း

ငယ်ငယ်က sexual abuse အလုပ်ခံခဲ့ရတယ်၊ဘယ်သူ့ကိုမှပြောမပြနိုင်ခဲ့ပေမယ့် ‌အခုထိသေအချာမှတ်မိနေခဲ့တယ်၊ အဲ့လူနဲ့ တစ်ရပ်ကွက်ထဲနေရတုန်း၊ သူ့မှာသမီးမိန်းကလေးတွေချည်းမွေးလာတော့ ၀ဋ်လည်စေချင်ခဲ့တယ် တကယ်‌‌တော့ကလေးတွေကအပြစ်ကင်းပါတယ်။ မွန်ပြည်နယ်ကနေဆုတောင်းပေးလိုက်ပါတယ် အဖွဲ့သားအားလုံးကျန်းမာဘေးကင်းပါစေ။🍀

တစ်ချို့ရက်တွေ အလုပ်အားလုံးပြီးတဲ့အချိန်အသက်ဝဝရှူနိုင်တဲ့အချိန်မှာ အထီးကျန်နေတာကို သတိထားမိတတ်ပါတယ်။ introvertပေမယ့် ရင်းနှီးတဲ့လူတွေဆီမှာပျော်ဝင်တတ်တဲ့လူမလို့ အခုလိုသူငယ်ချင်းအားလုံးရဲ့အဝေးမှာဖြစ်နေပြီး နိစ္စဓူဝအလုပ်တွေများနေတဲ့အခါသိပ်သတိမရဘူးပေါ့။ ပြောစရာအတိုအထွာလေးတွေရှိရင် တကယ်နားထောင်ပေးတတ်တဲ့သူမရှိတာရော၊ ကိုယ့်အတွေးတွေကိုနားလည်ပေးနိုင်ပါ့မလားနဲ့

လွန်ခဲ့တဲ့ ၂ နှစ်က မင်းကိုစသတိထားမိကတည်းက မင်းကိုတော့ သဘောကျတယ်လို့တွေးနေတာ။ အခုတော့ ငါတို့တွေအများကြီးဖြတ်သန်းပြီးတော့ မင်းနဲ့ငါနဲ့က ဘာကြောင့်မှန်းမသိ ရင်းနှီးပေမယ့် မရင်းနှီးသလိုလို၊ မင်းစိတ်ထဲမှာ ငါမရှိဘူးဆိုတဲ့ ခံစားချက်ပဲဝင်နေတယ်။

i’m stressed, and it feels like i’ll never probably be happy again.

Dear my old best friend, Sorry for everything Thank you for everything

I miss you so much nyi lay ❤️ Come back so we can walk in the sun again

အနာဂတ်အတွက်လျောက်ရမယ့်လမ်းပျောက်ပြီး ကိုယ့်ကိုယ်ယုံကြည်မှုပျောက်ဆုံးနေပါတယ် suicideတခါလုပ်ဖူးပါတယ်အသက်မွေးဝမ်းကြောင်းအတွက်အလုပ်လုပ်တဲ့အခါ ငယ်ငယ်ကတည်းကချုပ်ချယ်မှုနဲ့ ဘာမလုပ်နဲ့ညာမလုပ်နဲ့လို့ အမိန့်အတိုင်းနေစေချင်တဲ့လူကြီးတွေကိုလည်း သံယောဇဥ်မရှိတော့လောက်အောင်မုန်းတီးပါတယ် နေ့တိုင်းအနာဂတ်အတွက်စဥ်းစားရင်သေလိုက်ချင်တဲ့စိတ်တွေဖြစ်ပေါ်လာတတ်ပါတယ် 

မင်းက အချစ်ဦးမဟုတ်ပေမယ့် အချစ်ဆုံးပါ။ မင်းဘာလို့ ငါကို မချစ်လည်းဆိုတာငါလည်း မျက်နှာချင်းဆိုင်ပြီး မေးချင်တယ်။

အနာဂတ်ရည်မှန်းချက်တွေက တစ်ရက်အတွင်း ဖြိုခွဲခံလိုက်ရတဲ့ အချိန်မှာ ငါတို့အားလုံး ကြေကွဲခဲ့ရတယ် မဟုတ်လား။ အခုတော့ မိသားစုအတွက်/ ကိုယ်တိုင်အတွက်/ ကိုယ့်အနားဝန်းကျင်အတွက် ထားခဲ့ဖူးတဲ့ အိပ်မက်အားလုံးက ဇဝေဇဝါပဲ။ ဒီအချိန်မှာ ဒီလိုခံစားရတာက ဓမ္မတာပဲမို့ အားတင်းထားဦး သူငယ်ချင်း။ တစ်ချို့အရာတွေကို ငါတို့က ထိန်းချုပ်လို့ မရတဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်စရာ မလိုပါဘူး။ တစ်ခါတစ်လေ အရမ်းပင်ပန်းလာတဲ့အခါ ကိုယ့်ကို ပင်ပန်းစေတဲ့အရာတွေကို လွှတ်ချလိုက်တာကလည်း အရမ်းစိတ်သက်သာရာ ရစေတယ် မဟုတ်လား။ ဒါပေမယ့် အဲ့ဒီလွှတ်ချလိုက်တဲ့အရာက မင်းကိုယ်တိုင်တော့ မဖြစ်စေနဲ့ပေါ့။

People are like instagram When you follow them first, they will start follow you back Start from your side" လူတွေဟာ ဘာတွေခက်ခဲနေလဲ သူတို့ဘဝမှာဘာတွေရင်ဆိုင်နေရလဲ ဘယ်လိုတွေရုန်းကန်နေရလဲ ဆိုတာ ကျွန်တော်တို့ အမြင်နဲ့ ဘယ်တော့မှမသိနိုင်ပါဘူး လူတိုင်းပေါ်ကြင်နာပါ ကိုယ့်ဘက်ကစပါ အခုပဲစလိုက်ပါ

ayann pin pan tl. bar alote hma ma lote chin vu. akone lone thu alo lo phyit thwr yin kaung ml.

မနာလိုမှု/ သဝန်တိုမှု ကိုယ်ချစ်တဲ့သူက ကိုယ်ချစ်သလို ကိုယ့်အပေါ် ပြန်ချစ်စေချင်တာမျိုး၊ ကိုယ်က နံပါတ် ၁ နေရာထားတဲ့သူက ကိုယ့်ကို နံပါတ် ၁ နေရာမှာ ပြန်ထားစေချင်တာမျိုး ဖွင့်မပြောပြခဲ့ပေမယ့် စိတ်ထဲမှာတော့ အမြဲရှိနေခဲ့တယ်။ ဒါပေမယ့် မထင်မှတ်ဘဲ သူ သိသွားခဲ့တယ်။ အခေါ်အပြော မပြတ် ဆက်ဆံပေးနေပေမယ့် သူ့စိတ်တွေ ပြောင်းလဲ သွားတယ် ဆိုတာကို ခံစားလို့ရခဲ့တယ်။

ကြိုးစားထားတဲ့အရာက အသိအမှတ်ပြုခံရရင် ပင်ပန်းရကျိုးနပ်ပါတယ် (ကျိုင်းတုံမြို့)

စမတ်ကျကျနဲ့ ရိုးရိုးသားသား အလုပ်လုပ်ပြီး ရလာတဲ့ ရလဒ်၊ ပျော်ရွင်မှု၊ ပင်ပန်းမှု၊ စိတ်ကျေနပ်မှု၊ အားရမှုတို့ဟာ ဘာနဲ့မှ လဲလို့မရပါ

သူငယ်ချင်း မင်းတို့အလုပ်လုပ်နေတဲ့အချိန်မှာ ငါနားနေရလို့ ငါဘဝကိုအားကျနေတာလား သူငယ်ချင်း မင်းတို့အိပ်နေတဲ့အချိန်မှာငါအလုပ်လုပ်နေရတယ်ဆိုရင် ငါဘဝကိုကံကောင်းတယ်လို့ မင်းပြောဦးမှာလား သူငယ်ချင်း ဆက်ပိုင် ရေးမြို့

I am so embrassed and confused in this week I atttented to English course last two weeks ago firstly I am so happy I want to join it and then I am luck of cofidence to speak English I am so tired to try out high cofidence I am not happy during this days When I am learning English Language, My familys want me to home work one other to another

အပိုလုပ်မပြတတ်တော့ လူမုန်းများနေတယ်..ခွဲခြားဆက်ဆံလဲခံနေရတယ်...ဒါပေမယ့်ကိုယ့်မှာ အိပ်မက်တွေရှိနေတဲ့အတွက် အရာရာကိုသည်းခံနေပါတယ်..ရလဒ်ကိုမြင်အောင်ပြမယ်..ခုထိအားတင်းထားဆဲ...

You're doing well.

ဘာဆက်လုပ်ရမလဲ​တွေးရင်းအကုန်ရပ်နားပီးငြိမ်ငြိမ်​လေးထိုင်​​နေလိုက်ချင်တယ် ဒီရက်ပိုင်းအ​ဝေးကိုထွက်​ပြေးချင်ပြန်ပီ Passionပျောက်တာအဆိုးဆုံးပဲ အားလုံးကိုတာ၀န်ယူမူမရှိဘဲရပ်တန့်ချင်ပီ ဟိုးရင်ထဲကအသက်ဆက်ရှင်ဖို့အတွက်ရည်ရွယ်ချက်မရှိခဲ့တာ ဘယ်​တော့မှလဲရှိလာမှာမဟုတ်ဘူး ရှိ​အောင်လဲမကြိုးစားချင်ဘူး ဒီလိုကာလမျိုးမှာကိုယ့်ကဆန်ကုန်​မြေ​လေးပဲ

သမီးတွေမရှိရင် ထွက်သွားတာကြာပြီလိုပြောပြီး နေတိုင်း စကားများနေကြတာဘာသဘောလဲ လုပ်ချင်တာလုပ်လို့ သာပြောနေတာ ကိုစိတ်ပါတာ လေးလုပ်တော့ နင့်ဟာက ဖြစ်မလား ငါအကုန်လွင့်ပစ်မာ စိတ်တိုင်းကျ အကုန် လုပ်ပေးနေတယ် မရရအောင်အပြစ်ရှာရင်း နေ့တိုင်း ဝဋ်ကြွေးလားဒါ အသက် တစ်ခု မာ မအောငင်မြင်ရင်လည်း သေဖို့ပဲရှိတော့မဘ် ဒီဘဝနေရတာ မပျော်ဘူး

အိမ်ထောင်ဖောက်ပြန်မှ အိမ်ထောင်ရေး အဆင်မပြေတာ မဟုတ်ပါဘူး အိမ်ထောင်ဘက်ကသံသယဝင်စရာမရှိလောက်အောင် သစ္စာရှိသူ ဒါပေမယ့် အပြန်အလှန်လေးစားမှု ယုံကြည်မှု တန်ဖိုးထားမှု ချစ်ခင်ကြင်နာမှုတွေ မရှိပြန်ဘူး တခြားတယောက်ယောက်နဲ့ ဒေါသ ဖြစ်စရာရှိလည်း ကိုယ့်အပေါ်ပုံချ သဝန်တွေလိုက်ကြောင် ရန်ဖြစ်ရင် မိဘဆွေမျိုး အကုန်မကျန် အဆဲခံရ ဒီဆက်ဆံရေးကြောင့် Trama ရနေပါပီ

ဒီစာကို ရေးတဲ့ အချိန်က6:15 pm ပါ။ ကျွန်တော်က စိတ်ကျ ဝေဒနာ ကို လက်ရှိ ခံစားနေရသူပါ။ အများကြီး ရေးရမှာထက် ph ပုံမှန်ခေါ်ပေးပြီး အားပေးတဲ့သူငယ်ချင်းတွေလိုချင်ပါတယ်။ ဖြစ်နေတာက သွေး၊ ဓား နဲ့ ချွန်ထက်တဲ့အရာ တွေနဲ့ အမှောင်တွေ နဲ့ ကြောက်စရာ ကောင်းတဲ့ သတင်းမြင်ကွင်းမျိုးတွေ လုံးဝမြင်လို့မရတာပါ။

Depression and anxieties appear as a result of comparing myself to others.

Don't ever try to gain a "clever and obedient girl" title by giving yourself away. Please love yourself more. ❤️

​လောကကြီးမှာ မင်းအနားက ​နှောင်ကြိုး​တွေက ဝန်ထုပ်ဝန်ပိုး​တွေ ဖြစ်လာတဲ့အခါ၊ ​ငွေ မရှိရင် သိမ်ငယ်ရတဲ့အခါ၊ ဘဝက ​​ဘေးလူ​တွေ​ကြောင့် ​ရှေ့ဆက်မသွားဘဲ တန့်​နေတဲ့အခါမျိုးမှာ မင်းဘဝ မင်းအပိုင် ဆိုတာ သတိရပါ။ အ​နှောင့်အယှက်​တွေကို လွှတ်ချပြီး မင်းလိုချင်တဲ့ဘဝကို ရုန်းကန်ပြီး အလှပဆုံး တည်​ဆောက်ပါ။ #ကိုယ့်အတွက်ကိုယ့်စကား

​လောကကြီးမှာ မင်းအနားက ​နှောင်ကြိုး​တွေက ဝန်ထုပ်ဝန်ပိုး​တွေ ဖြစ်လာတဲ့အခါ၊ ​ငွေ မရှိရင် သိမ်ငယ်ရတဲ့အခါ၊ ဘဝက ​​ဘေးလူ​တွေ​ကြောင့် ​ရှေ့ဆက်မသွားဘဲ တန့်​နေတဲ့အခါမျိုးမှာ မင်းဘဝ မင်းအပိုင် ဆိုတာ သတိရပါ။ အ​နှောင့်အယှက်​တွေကို လွှတ်ချပြီး မင်းလိုချင်တဲ့ဘဝကို ရုန်းကန်ပြီး အလှပဆုံး တည်​ဆောက်ပါ။ #ကိုယ့်အတွက်ကိုယ့်စကား

It's okay to feel angry, anxious, demotivated, empty, sad, or tired. Your feelings are valid. Just because you're feeling this way, it doesn't mean that you're failing. You aren't being sensitive or dramatic. You're feeling and that's perfectly okay. Always remember to take a break, breathe, and calm your mind. HAPPY WORLD MENTAL HEALTH DAY!

bottom of page