စိတ်ခံစားချက်တွေကို ဖော်ထုတ်ရာမှာ အနုပညာက အရေးပါသလို အတွင်းစိတ်အခြေအနေ နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသတဲ့အခါမှာလည်း အနုပညာကုထုံး (Art Therapy) ကို ထိရောက်တဲ့ စိတ်ရောဂါ ကုထုံးတခုအဖြစ် သုံးလာကြပါပြီ။ အထူးသဖြင့် အနုပညာဖန်တီးမှုကနေ တဆင့် ကိုယ့်ရဲ့ လက်ရှိခံစားချက်တွေကို အသိအမှတ်ပြုစေဖို့ ကူညီပေးနိုင်သလို စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့အတွက်ကိုလည်း Art Therapy က...
တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် သင်ယူခြင်းနဲ့ ဝေမျှခြင်းဟာလည်း စိတ်ရောဂါ ကုသရာမှာ အသုံးဝင်တဲ့ နည်းလမ်း တခု ဖြစ်ပါတယ်။ ဒါ့ကြောင့် တခါတရံမှာ လူအနည်းစု ပါဝင်တဲ့ အစုအဖွဲ့လိုက် စိတ်ပိုင်းဆိုင်ရာ ကုထုံး (Group Therapy) ကိုလည်း အသုံးပြုလေ့ရှိပါတယ်။ Group Therapy အတွင်းမှာ ပါဝင်သူတွေဟာ ခံစားချက်၊ အတွေ့အကြုံနဲ့ အခက်အခဲတွေကို...
စိတ်ပိုင်းဆိုင်ရာ ကုသမှုအတွက် လက်တွေ့ သီအိုရီတွေ များစွာရှိသလို တခါတရံမှာ ဒီ သီအိုရီတွေကို ပူးပေါင်းပြီးနောက် ထိရောက်မှု ရှိအောင် အသုံးပြုရတာလည်း ရှိပါတယ်။ Integrative Adapt Theory ဆိုတာက စိတ်ပညာ သီအိုရီ တချို့ကို ပူးပေါင်းပြီး လက်တွေ့ အခြေအနေနဲ့ ကိုက်ညီအောင် ညှိနှိုင်းကုသတဲ့ နည်းလမ်းဖြစ်ပြီး နောက်ပိုင်းမှာ အသုံးပြုဖြစ်လာတဲ့ သီအိုရီ...
တခါတရံမှာ စိတ်ခံစားချက်အချို့က အစွန်းနှစ်ဖက်ကို ရောက်တတ်သလို ဒါကို မျှချေ အခြေအနေ ပြန်ဖြစ်ဖို့ ကုသရတဲ့ စိတ်ကုထုံး တခုကတော့ DBT (Dialectical Behavioral Therapy) ဖြစ်ပါတယ်။ ဒီကုထုံးကို လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်လောက်ထဲက စိတ်ပညာရှင်တဦး ဖြစ်တဲ့ Marsha Linehan က စတင်ဖော်ထုတ်ခဲ့တာ ဖြစ်ပြီး အခုခေတ်ကာလအထိ အသုံးတည့်နေဆဲ...
လူတွေရဲ့ အတွေးတွေ၊ ခံစားချက်တွေနဲ့ လုပ်ဆောင်ချက် အပြုအမူတွေဟာ တခုနဲ့ တခု ဆက်စပ်နေတယ် ၊ ဒါ့ကြောင့် အတွေးတွေကို ပြောင်းလဲရင် ခံစားချက်တွေ ပြောင်းလဲလာပြီး အပြုအမူတွေ မှာ သက်ရောက်မှု ရှိတယ်။ ဒီလိုမျိုး အယူအဆအားဖြင့် စိတ်ရောဂါကို ကုသတဲ့ နည်းလမ်းတခုကတော့ သိမှု အပြုအမူဆိုင်ရာ ကုထုံး (Cognitive Behavioral Therapy...
လူတိုင်း လူတိုင်းမှာ ပင်ကိုယ်စွမ်းရည်၊ အားသာချက်၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ့်ကိုကိုယ် နားလည်နိုင်စွမ်းတွေ ရှိကြပြီး ဒီအရာတွေက ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုစားနိုင်တယ်လို့ စိတ်ပညာအားဖြင့် လက်ခံထားတဲ့ သီအိုရီ တွေ ရှိပါတယ်။ ဒီ သီအိုရီကို အသုံးပြုတဲ့ ကုထုံးကို လူသား အခြေပြု စိတ်ပညာကုထုံး တနည်းအားဖြင့် Person Centered Therapy...