World Mental Health Day 2022 Podcast Series

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အမှတ်တရအနေဖြင့် "Make mental health and wellbeing for all a global priority" ခေါင်းစဥ်နှင့်အညီ Call Me Today နှင့် AIESEC in Myanmar တို့ပူးပေါင်းတင်ဆက်ထားတဲ့ Podcast Series လေး ကိုမိတ်ဆက်လိုက်ပါတယ်။ ဒီ Podcast လေးကနေတဆင့် မြန်မာနိုင်ငံရဲ့ မည်သည့်ဒေသမှာမဆို ရောက်ရှိနေတဲ့ မြန်မာတွေရဲ့ စိတ်ကျန်းမာသုခရရှိရေးက ဘယ်လောက်အရေးကြီးသလဲဆိုတာနှင့် လူငယ်တွေက ဒီအပေါ်မှာ သူတို့ရဲ့ အမြင်ကို နှစ်သိမ့်ဆွေးနွေးပညာရှင်နှင့်တကွဆွေးနွေးသွားမှာဖြစ်ပါတယ်။

World Mental Health Day(Podcast) copy.jpg

Podcast Episode 1

ပထမအပိုင်းမှာတော့ နိုင်ငံရပ်ခြားမှာကျောင်းတတ်နေတဲ့ မြန်မာကျောင်းသားတယောက်အနေနဲ့ သူ့ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုမျိုးဦးစားပေးစောင့်ရှောက်သလဲဆိုတာကို ဆွေးနွေးသွားမယ့် စကားဝိုင်းအစီအစဥ်လေးဖြစ်ပါတယ်။

Podcast Episode 2

ဒုတိယအပိုင်းမှာတော့ မြန်မာကျောင်းသားတစ်ယောက်အနေနဲ့ သူ့ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုမျိုးဦးစားပေးစောင့်ရှောက်သလဲဆိုတာကို ဆွေးနွေးသွားမယ့် စကားဝိုင်းအစီအစဥ်လေးဖြစ်ပါတယ်။

World Mental Health Day(Podcast) copy1.jpg
World Mental Health Day(Podcast) copy2.jpg

Podcast Episode 3

တတိယအပိုင်းမှာတော့ တိုင်းတပါးမှာအလုပ်လုပ်ရင်းကျောင်းတက်နေတဲ့ မြန်မာကျောင်းသားတစ်ယောက်အနေနဲ့ သူ့ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုမျိုးဦးစားပေးစောင့်ရှောက်သလဲဆိုတာကို ဆွေးနွေးသွားမယ့် စကားဝိုင်းအစီအစဥ်လေးဖြစ်ပါတယ်။

Mental Health Stigma

IEC stigma page1.jpg
IEC stigma page2.jpg

စိတ်ကျန်းမာရေးကောင်းခြင်းဆိုတာ 

(၁) မိမိရဲ့လုပ်ဆောင်နိုင်စွမ်းကို သေချာသဘောပေါက်နားလည်ပြီး

(၂) ဘဝမှာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေအပေါ် ကောင်းစွာကိုင်တွယ်နိုင်ကာ

(၃) လုပ်ဆောင်ရမယ့်အလုပ်တွေအပေါ် ရလဒ်ကောင်းများရအောင် စွမ်းဆောင်လာနိုင်ခြင်းတို့အပြင်

(၄) မိမိရဲ့ပတ်ဝန်းကျင်ကိုပါ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်လာခြင်း စတဲ့ ကျန်းမာပျော်ရွှင်ခြင်းဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

Psychological First Aid

IEC yellow page1.jpg
IEC yellow page2.jpg

နေ့စဉ်ရှင်သန်နေထိုင်မှုဘဝတွင် သဘာဝဘေးအန္တရာယ်အပါအဝင် စိတ်ပိုင်းဆိုင်ရာအပေါ်ပြင်းထန်သော စိတ်ဖိစီးမှုများကို ရုတ်တရက်ကြုံတွေ့ရနိုင်ပါသည်။ ထိုအခြေအနေများသည် ရုပ်ပိုင်းဆိုင်ရာတွင် ကူညီပံ့ပိုးပေးမှုလိုအပ်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာတွင်လည်း အရေးပေါ်ကူညီပံ့ပိုးပေးမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။ အရေးပေါ်ဖြစ်စဉ်တစ်ခုအတွင်း အထက်ပါအချက်များအတိုင်း ကူညီပံ့ပိုးပေးနိုင်ပါသည်။