Search on this blog

Search on this blog

အကူအညီ လိုပါသလား?

+959 513 1873

သင့်ရဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုဂရုစိုက်ပေးနေလဲ။

ဘဝမှာ တစ်ခါတစ်ရံ အရမ်းမွန်းကြပ်ပြီး တစ်ယောက်ယောက်ရဲ့ အကူအညီလိုနေတဲ့အချိန်မျိုး ရှိတတ်တယ်ဆိုတာ Call Me Today က နားလည်ပါတယ်။ ထိုအချိန်မျိုးမှာ ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေက နားထောင်ပေးဖို့နဲ့ သင့်ကို နွေးထွေးတဲ့ လမ်းညွှန်မှုတွေပေးဖို့ အသင့်ရှိနေမှာပါ။ စိတ်ပိုင်းဆိုင်ရာ အကူအညီလိုတဲ့အခါ Call Me Today ကို သတိရလိုက်ပါနော်။

services_icon_image

အဖွဲ့လိုက် ဆွေးနွေးခြင်း

တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ပြီး၊ အတွေ့အကြုံတွေ မျှဝေရင်း တစ်ဦးကို တစ်ဦး အားပေးကူညီနိုင်ဖို့ လုံခြုံစိတ်ချရပြီး နွေးထွေးတဲ့ အသိုက်အဝန်း လေးတစ်ခုကို အတွေ့အကြုံရှိ ပညာရှင် တွေက ကူညီဖော်ဆောင်ပေးမဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များက ဦးဆောင်ပြီး တူညီသော အခက်အခဲ ကြုံတွေ့နေရသူများကို စုစည်းပြီး အတူတကွ ကျော်ဖြတ်နိုင်အောင် ကူညီပေးမှာပါ။ အဖွဲ့လိုက် ဆွေးနွေးခြင်း session များကို လစဥ်ပုံမှန် ပြုလုပ်သွားနိုင်အောင်လဲ Call Me Today မှ စီစဉ်ပေးနိုင်ပါတယ်။ ဝန်ဆောင်မှုအသေးစိတ်သိလိုပါက ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဝန်ဆောင်မှု ရယူပုံအဆင့်ဆင့်

လုပ်ဆောင်ပုံ

အဆင့် ၁

ရက်ချိန်းရယူရန်

Website ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ ကိုယ်ဆွေးနွေးချင်တဲ့ ပညာရှင်၊ အဆင်ပြေမယ့်အချိန်နှင့် နေ့ရက်တို့ကို ရွေးချယ်ပြီး ရက်ချိန်းယူနိုင်ပါတယ်

အဆင့် ၂

အတည်ပြုခြင်း

ရက်ချိန်းရယူထားတဲ့ အချိန်ရောက်လျှင် counselor နှင့် ဝင်ရောက်တွေ့ဆုံ ဆွေးနွေးဖို့ Online Meeting Link ကို ပေးပို့ပေးပါမယ်။

အဆင့် ၃

ဆွေးနွေးခြင်း

ပထမဆုံးဆွေးနွေးတဲ့အချိန် ဆိုရင် ပညာရှင်က သင့်အခြေအနေကို နားလည်အောင် အရင်ကြိုးစားပါမယ်။ ပြီးရင် ဘယ်လိုရလဒ်တွေ လိုချင်လဲဆိုတာ တိုင်ပင်ပြီး သတ်မှတ်ပါမယ်။ ဒုတိယအကြိမ်နဲ့ နောက်ပိုင်းအချိန် တွေမှာတော့ အရင်ဆွေးနွေးထားတာတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ။

အဆင့် ၄

ဖြေရှင်းခြင်း

သင်မျှော်မှန်းထားတဲ့ ရလဒ်တွေရလို့ ဆွေးနွေးမှု ပြီးဆုံးသွားပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။ အခက်အခဲတွေကို သင်ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ တကယ်လို့ ပထမဆုံးအကြိမ် ဆွေးနွေးတာ ပြီးသွားတာဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ အဆင့် 1 ကို ပြန်သွားပြီး ရက်ချိန်းထပ်မံရယူနိုင်ပါတယ်။

မြန်မာနိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ၏ ထိပ်တန်း ကျန်းမာရေး ပလက်ဖောင်းတစ်ခု

တနင်္လာ - စနေ : နံနက် ၈ နာရီ - ည ၉ နာရီ
တနင်္ဂနွေ : နံနက် ၁၀ နာရီ - ည ၈ နာရီ

(+95) 9 5131-873
info@callmetoday.org

Who We Are
ကျွန်ုပ်တို့ ဘယ်သူတွေလဲ

Call Me Today ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းဖြစ်ပြီး အရှေ့တောင်အာရှမှာလည်း ထိပ်တန်း Wellness Platform တစ်ခု ဖြစ်ပါတယ်။ Call Me Today ဟာ လူပုဂ္ဂိုလ်တွေ၊ မိသားစုတွေနဲ့ အဖွဲ့အစည်းပေါင်း များစွာကို ဘက်စုံလွှမ်းခြုံတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ကူညီပံ့ပိုးမှုတွေကို၂၀၁၈ ခုနှစ်ကစပြီး ဝန်ဆောင်မှု ပေးလာခဲ့ပါတယ်။

3000 +
Clients
7000 +
Sessions
7 +
Years of Exeperience
9 +
Specialist

ဝန်ဆောင်မှုပေးခဲ့သော အဖွဲ့အစည်းများ

မီဒီယာတွင် ဖော်ပြခံရခြင်း

နှစ်သိမ့်ဆွေးနွေး ပညာရှင်များ

Call Me Today သည် စာနာနားလည်တတ်ပြီး အတွေ့အကြုံပြည့်ဝသော မတူညီတဲ့ နောက်ခံယဉ်ကျေးမှုတွေကို နားလည်လက်ခံပေးနိုင်တဲ့ ပညာရှင်တွေနဲ့ အတူလကိတွဲ လုပ်ဆောင်လျက်ရှိပါတယ်။

Our Package

ဝန်ဆောင်မှု နှုန်းထားများ

Individual Pricing

စတင် ကျသင့်ငွေ

၄၅,၀၀၀ ကျပ်

/ကြိမ်

အကြံပေးဆရာ/ဆရာမနှင့် တစ်ကြိမ်တွေ့ဆုံခြင်း

  • ၅၀ မိနစ် ကြာမြင့်ပြီး
  • တစ်ဦးချင်းစီအတွက်
  • လုံခြုံမှုရှိ
  • ထိရောက်မှုရှိ

Bundled Pricing

စတင် ကျသင့်ငွေ

၁၅၀,၀၀၀ ကျပ်

/package

စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့အခါ မှာ ပညာရှင်နဲ့ တစ်ကြိမ်မက ဆွေးနွေးဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဒါကြောင့် Call Me Today က ၃ ကြိမ် သို့မဟုတ် ၆ ကြိမ်ပါတဲ့ အတွဲလိုက် Package တွေကို သက်သာတဲ့နှုန်းထားနဲ့ စီစဉ်ပေးထားပါတယ်။

  • ၃ သို့မဟုတ် ၆ ကြိမ်
  • ၅၀ မိနစ် ကြာမြင့်ပြီး
  • တစ်ဦးချင်းစီအတွက်
  • လုံခြုံမှုရှိ
  • ထိရောက်မှုရှိ

Partnership Program

ကုမ္ပဏီတွေ၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေနဲ့ ကျောင်းတွေမှာရှိတဲ့ ဝန်ထမ်းတွေ၊ ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေးအတွက် Call Me Today က လက်တွဲကူညီပေးနေပါတယ်။
အသေးစိတ်သိလိုပါက အီးမေးလ် (သို့မဟုတ်) ဖုန်းကနေ ဆက်သွယ်နိုင်ပါတယ်။

  • တစ်ဦးချင်းစီအတွက်
  • လုံခြုံမှုရှိ
  • ထိရောက်မှုရှိ
အမေးအဖြေများ

အမေးများသောမေးခွန်းများ

လက်ရှိမှာ တစ်ဦးချင်း ဆွေးနွေးတာတွေ၊ အုပ်စုလိုက် ဆွေးနွေးတာတွေအပြင် စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေအတွက်ပါ ဝန်ဆောင်မှု ပေးပါတယ်။
လက်ရှိမှာတော့ Call Me Today မှာ လူကိုယ်တိုင်လာရောက် ဆွေးနွေးလို့ရတဲ့ ဝန်ဆောင်မှု (In-person options) မရှိသေးပါဘူး။
Call Me Today က အဖွဲ့အစည်းတွေနဲ့ ဝန်ထမ်းရေးရာ ကူညီပံ့ပိုးမှု (EAP) ပါတနာအဖြစ် လက်တွဲထားတာတွေ ရှိပါတယ်။ ကိုယ့်အဖွဲ့အစည်းမှာ ဒီအစီအစဉ် ရှိ/မရှိ သိရအောင် HR ကို မေးကြည့်ပေးပါ။ ကျောင်းသား/သူတွေ ဆိုရင်လည်း ကျောင်းသား လျှော့ဈေးအစီအစဉ် (Student Support Discount Program) ခံစားခွင့် ရှိနိုင်ပါတယ်။
ရက်ချိန်းမတိုင်ခင် (ရုံးဖွင့်ရက်) အနည်းဆုံး ၂၄ နာရီကြိုပြီး cancel လုပ်မယ်ဆိုရင် ငွေပြန်အမ်းပေးပါတယ်။ ဥပမာ - တနင်္လာနေ့ ရက်ချိန်းကို ဖျက်ချင်ရင် သောကြာနေ့မှာ နောက်ဆုံးထားပြီး ပြောပေးရပါမယ်။
ရပါတယ်၊ ကိုယ်ဆွေးနွေးချင်တဲ့ ပညာရှင်ကို အမြဲတမ်း ရွေးချယ်ခွင့်ရှိပါတယ်။

Training က အဆင်ပြေပြေနဲ့ ချောချောမွေ့မွေ့ ပြီးဆုံးသွားပါတယ်။ အခုလို ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ Call Me Today ကို ကျေးဇူးတင်ပါတယ်။တက်ရောက်သူတွေအားလုံးက ဆရာမ သင်ပေးတဲ့ပုံစံကို သဘောကျပြီး သင်တန်းကို စိတ်ဝင်တစား ရှိကြပါတယ်။ အခုဆိုရင် training ပါဝင်တက်ရောက်သူတွေအနေနဲ့ စိတ်ဖိစီးမှုအကြောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း (Self-care) အကြောင်းကို ကောင်းကောင်း နားလည်သွားကြပါပြီ။ ဆရာမ မျှဝေပေးလိုက်တဲ့ နည်းလမ်းတွေကိုသုံးပြီး စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကူညီပံ့ပိုးပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ Call Me Today နဲ့ နောက်ထပ်လည်း လက်တွဲချင်ပါသေးတယ်။

5.0 rating based on 1,234 ratings
image
Actionaid

၂၀၂၄ မတ်လကစပြီး Call Me Today ဟာ ကျွန်တော်တို့ရဲ့ ဝန်ထမ်းရေးရာ ကူညီပံ့ပိုးမှု (EAP) ပါတနာအနေနဲ့ Online Counseling တွေ၊ Webinar တွေအပြင် Seminar နဲ့ Workshop တွေကိုပါ ပံ့ပိုးပေးလျက်ရှိပါတယ်။ Call Me Today ဟာ ညှိနှိုင်းထားတဲ့ အချိန်အတိုင်း အချိန်မီ အရည်အသွေးမြင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေကို ဝန် ဆောင်မှု ပေးနိုင်ပါတယ်။ Call Me Today နဲ့ လက်တွဲလုပ်ကိုင်ရတာ အဆင်ပြေကောင်းမွန်ပါတယ်။

5.0 rating based on 1,234 ratings
image
Trinity

Call Me Today ရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ရယူခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဝန်ဆောင်မှုပေးတဲ့အပိုင်းမှာ Call Me Today က တကယ့်ကို ယုံကြည်စိတ်ချရပါတယ်။ နှစ်နှစ်ဆက်တိုက် ကျောင်းသားသစ်ကြိုဆိုပွဲတွေမှာ ထည့်သွင်းကျင်းပပေးခဲ့တဲ့ စိတ်ကျန်းမာရေး အသိပညာပေးနဲ့ စိတ်ဖိစီးမှု စီမံခန့်ခွဲရေး Webinar တွေကနေတဆင့် ကျောင်းသား၊သူ တွေအတွက် အကျိုးကျေးဇူးများစွာ ရရှိစေခဲ့ပါတယ်။

5.0 rating based on 1,234 ratings
image
Parami University

Call Me Today က ဂရုစိုက်တတ်ပြီး တီထွင်ဖန်တီးမှုအားကောင်းတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အားပေးတဲ့အနေနဲ့ Open Mic ပွဲလေးကျင်းပဖို့ စိတ်ကူးစတင်ခဲ့တာ သူတို့ပါပဲ။ ပါဝင်သူတွေအတွက် အကောင်းဆုံး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေလည်း ပေးနိုင်ခဲ့ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ Open Mic ပွဲတိုင်းမှာ ပါဝင်သူတွေကို ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနိုင်တဲ့ မိတ်ဖက်ကောင်းတစ်ဦးကို ပိုင်ဆိုင်ထားရတဲ့အတွက် FNF Myanmar အနေနဲ့ ဂုဏ်ယူပါတယ်။

5.0 rating based on 1,234 ratings
image
FNF Myanmar