တစ်ဦးချင်း ဆွေးနွေးခြင်း
စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုနဲ့ အပြုအမူပိုင်းဆိုင်ရာ အခက်အခဲတွေကို အတွေ့အကြုံရှိ ပညာရှင်တွေနဲ့ အတူ တစ်ဦးချင်းသီးသန့် လုံခြုံမှုရှိစွာ ရင်ဆိုင်ဖြေရှင်း ဆွေးနွေးနိုင်မယ့် ဝန်ဆောင်မှုဖြစ်ပါတယ်။
Relationship နှင့်ပတ်သတ်၍ဆွေးနွေးခြင်း
ချစ်သူ၊ အိမ်ထောင်ဖက်၊ မိသားစုနဲ့ သူငယ်ချင်းတွေကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့နဲ့ ဆက်ဆံရေးတွေ ကြားထဲက နားလည်မှုလွဲတာတွေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ ကူညီပေးတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။
စိတ်ဒဏ်ရာ ကုစားဆွေးနွေးခြင်း
အနိုင်ကျင့်ခံရမှု၊ ဆုံးရှုံးမှု၊ မတော်တဆမှုနဲ့ စိတ်ဒဏ်ရာရဖွယ် အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရသူတွေအတွက် စိတ်ဒဏ်ရာကုစားဖို့၊ စိတ်ဒဏ်ရာကို ရင်ဆိုင်နိုင်ဖို့နဲ့၊ ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကြံ့ခိုင်လာဖို့ ရည်ရွယ်ပြီး ပညာရှင်တွေက ကုထုံးတွေနဲ့အညီ ကူညီပေးသွားမဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။
တယ်လီဂရမ် စာပို့ ဆွေးနွေးခြင်း
စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာ၊ ဆက်ဆံရေး အဆင်မပြေတာတွေအတွက် ရင်ဖွင့်စရာ လူတစ်ယောက်လိုနေတဲ့ အခါ တယ်လီဂရမ် အက်ပလီကေးရှင်း ကနေတစ်ဆင့် စာပို့ကာ လျှို့ဝှက်မှုရှိရှိနဲ့ အချိန်မရွေး ဆွေးနွေးနိုင်မယ့် ဝန်ဆောင်မှုဖြစ်ပါတယ်။
အဖွဲ့လိုက် ဆွေးနွေးခြင်း
တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ပြီး၊ အတွေ့အကြုံတွေ မျှဝေရင်း တစ်ဦးကို တစ်ဦး အားပေးကူညီနိုင်ဖို့ လုံခြုံစိတ်ချရပြီး နွေးထွေးတဲ့ အသိုက်အဝန်း လေးတစ်ခုကို အတွေ့အကြုံရှိ ပညာရှင် တွေက ကူညီဖော်ဆောင်ပေးမဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များက ဦးဆောင်ပြီး တူညီသော အခက်အခဲ ကြုံတွေ့နေရသူများကို စုစည်းပြီး အတူတကွ ကျော်ဖြတ်နိုင်အောင် ကူညီပေးမှာပါ။ အဖွဲ့လိုက် ဆွေးနွေးခြင်း session များကို လစဥ်ပုံမှန် ပြုလုပ်သွားနိုင်အောင်လဲ Call Me Today မှ စီစဉ်ပေးနိုင်ပါတယ်။ ဝန်ဆောင်မှုအသေးစိတ်သိလိုပါက ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
သင်တန်းများ၊ ဟောပြောပွဲများ၊ webinarများ နှင့် အလုပ်ရုံဆွေးနွေးပွဲများ
လုပ်ငန်းခွင်နဲ့ လူမှုဘဝတိုးတက်ရေးအတွက် လက်တွေ့အသုံးချနိုင်မဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာတွေ၊ လိုအပ်တဲ့ အရည်အချင်းတွေကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ မြှင့်တင်ပေးမယ့် သင်တန်းများ၊ ဟောပြောပွဲများ၊ webinarများ နှင့် အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ပေးတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ Training session တစ်ခုလျှင် ၂ နာရီ ကြာမြင့်မှာ ဖြစ်ပြီး အသေးစိတ်သိလိုပါက ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
စိတ်ပညာဆိုင်ရာ စစ်ဆေးခြင်း
ကုမ္ပဏီ၊အဖွဲ့အစည်းတွေအနေနဲ့ ဝန်ထမ်းခန့်တာ၊ ရာထူးတိုးတာတွေ လုပ်ဆောင်ရာမှာ မှန်ကန်တိကျတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် လျှောက်ထားသူတွေရဲ့ ဉာဏ်ရည်၊ ကိုယ်ရည်ကိုယ်သွေးနဲ့ အပြုအမူတွေကို စိတ်ပညာနည်းအရ စစ်ဆေးအကဲဖြတ်ပေးခြင်း ဖြစ်ပါတယ်။ အသေးစိတ်သိလိုပါက ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
Schedule Your Appointment Today!
တနင်္လာ - စနေ : နံနက် ၈ နာရီ - ည ၉ နာရီ
တနင်္ဂနွေ : နံနက် ၁၀ နာရီ - ည ၈ နာရီ