Search on this blog

Search on this blog

ဝန်ဆောင်မှုများ

Relationship နှင့်ပတ်သတ်၍ဆွေးနွေးခြင်း

ချစ်သူ၊ အိမ်ထောင်ဖက်၊ မိသားစုနဲ့ သူငယ်ချင်းတွေကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့နဲ့ ဆက်ဆံရေးတွေ ကြားထဲက နားလည်မှုလွဲတာတွေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ ကူညီပေးတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။

စတင် ကျသင့်ငွေ

၄၅,၀၀၀ ကျပ်

/ကြိမ်
Relationship Counseling

Relationship Counseling က ဘာတွေကူညီပေးနိုင်လဲ -

  • Relationship နဲ့ မိသားစု ပြဿနာ
  • အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် ယုံကြည်မှုပျက်ပြားခြင်း
  • ဆက်ဆံရေးပျက်ပြားမှုများ
  • မိသားစုနဲ့ ဇနီးမောင်နှံများအကြား ရင်းနှီးမှုပျက်ပြားခြင်း

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုသည် -

  • 50 မိနစ် ကြာမြင့်ပြီး
  • တစ်ဦးချင်းစီအတွက်
  • လုံခြုံမှုရှိ
  • ထိရောက်မှုရှိ

ကနဦး မိတ်ဆက်ခြင်း

ပညာရှင်နဲ့ စတင်မိတ်ဆက်ပြီး ကိုယ့်အခြေအနေကို အကဲဖြတ်တဲ့ အဆင့်ဖြစ်ပါတယ်။ ကိုယ့်အကြောင်းကို ကျွမ်းကျင် ပညာရှင်က မေးခွန်းတွေ မေးတာမျိုး၊ ကိုယ့်ဘက်က ရင်ဖွင့်ပြောပြတာမျိုးနဲ့ ခံစားနေရတဲ့ စ်တ်ပိုင်းဆိုင်ရာ အခက်အခဲကို အတူနားလည်အောင် ကြိုးစားကြ ပါမယ်။

ပန်းတိုင် သတ်မှတ်ခြင်း

ကိုယ့်အခြေအနေအပေါ် မူတည်ပြီး ဘာတွေဖြစ်ချင်လဲ၊ ဘယ်လိုရလဒ်လိုချင်လဲဆိုတဲ့ goal ကို ကျွမ်းကျင် ပညာရှင်နဲ့ တိုင်ပင်ပြီး သတ်မှတ်ပါမယ်။ တိကျတဲ့ goal သတ်မှတ်ခြင်းအားဖြင့် ရှေ့ဆက်သွားမယ့် counseling session တွေမှာ လမ်းကြောင်း မှန်ကန်မှာ ဖြစ်ပါတယ်။

မိမိကိုယ်ကိုယ် ရှာဖွေခြင်း

နောက်ပိုင်း session တွေမှာ ကျွမ်းကျင် ပညာရှင်တွေက ဝေဖန်ပြစ်တင်တာမျိုး မရှိဘဲ လုံခြုံနွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပြီး ကိုယ့်ရဲ့ ခံစားချက်၊ ယုံကြည်ချက်နဲ့ အပြုအမူတွေကို သေချာနားလည် သိမြင်လာအောင် reflective listening စတဲ့နည်းလမ်းများ အသုံးပြုပြီး ကူညီရှာဖွေ ပေးပါမယ်။ တစ်ဦးချင်းကြုံတွေ့နေသော အခြေအနေ အလိုက် သင့်လျော်သော နည်းလမ်းများကို အသုံးချသွားပါမယ်။

ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း တည်ဆောက်ခြင်း

စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ (ဥပမာ - စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသ၊ ဆက်ဆံရေးပြဿနာတွေ) ကို ကိုယ်တိုင် ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်း (Coping Skills) တွေကို သင်ကြားပေးပါမယ်။ (ဥပမာ - စိတ်ဖိစီးမှု လျှော့ချနည်း၊ ပြဿနာဖြေရှင်းနည်း၊ boundary-setting၊ Mindfulness လေ့ကျင့်ခန်းများ)

မိမိကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ခြင်း

ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာပြီး၊ ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာအောင်၊ ကိုယ့်ရဲ့ ခံစားချက်တွေကို လက်ခံလာနိုင်အောင် ကျွမ်းကျင် ပညာရှင် ကူညီပေးပါမယ်။ ဒါမှ ကိုယ့်ပြဿနာတွေကို ကိုယ်တိုင်ကျော်လွှားနိုင်ပြီး ယုံကြည်မှု ပိုရှိလာမှာပါ။ ဒီအဆင့်မှာ validation, positive reinforcement, encouragement စတဲ့နည်းလမ်းတွေကို အသုံးပြုပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာအောင် ကူညီ ပေးနိုင်ပါတယ်။

ပြန်လည်သုံးသပ်ခြင်းနှင့် ပြီးဆုံးခြင်း

ဆွေးနွေးမှုကာလတစ်လျှောက်လုံးမှာ ကိုယ်လိုချင်တဲ့ goal တွေ ပြည့်၊ မပြည့်ကို ပုံမှန် ပြန်လည်သုံးသပ်သွားမှာပါ။ လိုအပ်ရင် လိုအပ်သလို ညှိနှိုင်းသွားမှာဖြစ်ပြီး မိမိရည်မှန်းထားတဲ့ goal ကို ရောက်ရှိသွားပြီဆိုရင် တော့ counseling ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ပါပြီ။ ဂုဏ်ယူပါတယ်! သင် လုပ်နိုင်သွားပါပြီ။
အမေးအဖြေများ

အမေးများသောမေးခွန်းများ

လက်ရှိမှာ တစ်ဦးချင်း ဆွေးနွေးတာတွေ၊ အုပ်စုလိုက် ဆွေးနွေးတာတွေအပြင် စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေအတွက်ပါ ဝန်ဆောင်မှု ပေးပါတယ်။
လက်ရှိမှာတော့ Call Me Today မှာ လူကိုယ်တိုင်လာရောက် ဆွေးနွေးလို့ရတဲ့ ဝန်ဆောင်မှု (In-person options) မရှိသေးပါဘူး။
Call Me Today က အဖွဲ့အစည်းတွေနဲ့ ဝန်ထမ်းရေးရာ ကူညီပံ့ပိုးမှု (EAP) ပါတနာအဖြစ် လက်တွဲထားတာတွေ ရှိပါတယ်။ ကိုယ့်အဖွဲ့အစည်းမှာ ဒီအစီအစဉ် ရှိ/မရှိ သိရအောင် HR ကို မေးကြည့်ပေးပါ။ ကျောင်းသား/သူတွေ ဆိုရင်လည်း ကျောင်းသား လျှော့ဈေးအစီအစဉ် (Student Support Discount Program) ခံစားခွင့် ရှိနိုင်ပါတယ်။
ရက်ချိန်းမတိုင်ခင် (ရုံးဖွင့်ရက်) အနည်းဆုံး ၂၄ နာရီကြိုပြီး cancel လုပ်မယ်ဆိုရင် ငွေပြန်အမ်းပေးပါတယ်။ ဥပမာ - တနင်္လာနေ့ ရက်ချိန်းကို ဖျက်ချင်ရင် သောကြာနေ့မှာ နောက်ဆုံးထားပြီး ပြောပေးရပါမယ်။
ရပါတယ်၊ ကိုယ်ဆွေးနွေးချင်တဲ့ ပညာရှင်ကို အမြဲတမ်း ရွေးချယ်ခွင့်ရှိပါတယ်။

မြန်မာနိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ၏ ထိပ်တန်း ကျန်းမာရေး ပလက်ဖောင်းတစ်ခု

Mon-Sun 9:00AM-8:00PM
(GMT+6:30)

(+95) 9 5131-873
info@callmetoday.org