Search on this blog

Search on this blog

Need Help?

+959 513 1873

လက်ရှိအလုပ်ထဲမှာ ရောက်နေတဲ့လူတိုင်းကိုမေးချင်ပါတယ် အလုပ်ထဲမှာ ပျော်ကြရဲ့လား။

မပျော်ဘူးလို့ ဖြေခဲ့မယ်ဆိုရင်တော့ ဘာကြောင့်မပျော်တာလဲလို့ မေးချင်ပါတယ်။အလုပ်ထဲမှာ မပျော်နိုင်တဲ့ အကြောင်းအရင်းတွေကတော့ ပြောရမယ်ဆိုရင် အများကြီးရှိနေနိုင်မှာပါ ဒါပေမယ့် လို့အဓိကအကြောင်းအရင်းကို ကိုယ်တိုင်က မတွေးမိကြဘူး မသိကြဘူးဆိုရင်တော့ မိမိဘဝမှာနေ့စဉ်နဲ့ အမျှအိမ်မှာနေတာထက်အလုပ်မှာနေရတဲ့အချိန်က ပိုများတဲ့အတွက်လူတွေဟာများသောအားဖြင့် မိမိဘဝမှာလူဖြစ်ရကျိုးမနပ်သလို ခံစားလာရပြီး စိတ်ပန်းလူပန်းနဲ့ မိမိဘ၀ အခြေအနေကို ငြီးငွေ့စိတ်ပျက်လာ ကြပါတယ်။ ဒါကြောင့် အလုပ်ထဲမှာ မပျော်ရင် ဘာလို့ မပျော်တာလဲ ပျော်အောင်ဘယ်လိုနေမလဲ ဘာတွေလုပ်သင့်ပါသလဲ။

ကိုယ်နေ့စဉ်လုပ်နေရတဲ့ အလုပ်က ကိုယ့်ရဲ့ Job လား Career လား။ Job ဆိုတာဘာလဲ၊ Career ဆိုတာ ဘာလဲ၊ Job နဲ့ Career က ဘယ်လိုကွဲပြားသလဲ၊ Job ဆိုတာ ဝင်ငွေရအောင် လုပ်တဲ့အလုပ်တခုဖြစ်ပီး

တော့ Career ဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ဝင်စားမှု ၊ဝါသနာတွေပေါ်မှာအခြေခံပြီး ကိုယ်အရူးအမူး

ဖြစ်တဲ့ အလုပ်ပုံစံတခုနဲ့ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်း ပြုတဲ့အလုပ်ဖြစ်ပါတယ်။ဘာကြောင့်လဲ

ဆိုတော့ လုပ်နေရတဲ့ အလုပ်က Job ဖြစ်နေမယ်ဆိုရင် အလုပ်ထဲမှာ မပျော်နိုင်တဲ့ အဓိကအကျဆုံး အချက်ပါ၊ မိမိလုပ်ချင်တဲ့ အလုပ်ပုံစံမဟုတ်တဲ့အတွက် ဒီအလုပ်အပေါ် စိတ်မပါတာ၊ စိတ်မရှည်တာ ဒီအလုပ်ကြောင့်ရတဲ့ Pressure ဒဏ်တွေမခံနိုင်တာ၊ ကြုံလာတဲ့ အခက်ခဲတွေကို အလွယ်တကူ မကျော်

လွှားနိုင်တာတွေဖြစ်စေပါတယ် ဒါကြောင့် ကိုယ်နေ့စဉ်အလုပ်လုပ်နေရတာ Job ပုံစံဘဲဆိုရင် အလုပ် ခွင်မှာ မပျော်ရွှင်ရခြင်း အကြောင်းတစ်ခုဖြစ်ပါတယ်၊ Career တစ်ခုနဲ့အလုပ်လုပ်မယ်ဆိုရင် ရလာမယ့် Experiences တွေဟာ အလုပ်တစ်ခုပြီးတစ်ခု ချိတ်ဆက်မှုတွေရှိနေလို့ လက်ရှိအခြေနေတခုကနေ နောက်ထပ်အလုပ်တစ်ခုပြောင်းမယ့်အချိန်မှာ အရင်ကအတွေ့အကြုံတွေကိုအသုံးချပြီးပိုမိုတိုးတက်တဲ့ Career လမ်းကြောင်းတစ်ခုကို ထပ်မံချဲ့ထွင်နိုင်မှာဖြစ်ပါတယ်။ ဘဝတိုးတက်အောင်မြင်မှုတွေအတွက်

ပါ ရည်ရွယ်လုပ်ဆောင်မှုတွေပါဝင်ပါတယ်၊ ဘဝအတွက် တက်လမ်းလည်းမရှိနိုင်လို့ ကိုယ့်ဘဝကို

အားမလို အားမရစိတ်တွေနဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ အခါ Motivationကအလိုလို ကျလာ မှာဘဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ မှန်ကန်တဲ့ Career ပုံစံတစ်ခုနဲ့ ရပ်တည်လုပ်ကိုင်နေတဲ့ သူတွေအတွက် ကတော့ Job ပုံစံ လုပ်နေရတဲ့သူတွေထက်စာရင် လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်မှုရှိနိုင်မှာဖြစ်ပါတယ်။

အဓိကအကြောင်းကလုပ်ထဲမှာ အမှားနည်းအောင် ကြိုးစားလုပ်ဆောင်ပါ၊ ကိုယ်လုပ်မယ့် အလုပ်နဲ့ သက်ဆိုင်တဲ့ Concepts, Knowledge and Skills တွေရှိအောင် အမြဲမပြတ် သင်ယူလေ့လာ ကြိုးစားပါ၊

Empathy (လူတစ်ဖက်သားအပေါ် စာနာနားလည်စိတ်ကိုယ်ချင်းစာစိတ်) အပြည့်ထားရှိပါ၊Respect (လူတဖက်သားကို လေးစားတတ်သောစိတ်)အမြဲထားပါ၊Teamwork(အသင်းအဖွဲ့နဲ့စည်းလုံး ညီညွတ်စွာ လုပ်ကိုင်ချင်စိတ်) ရှိပါစေ Value & Self-Confident (ကိုယ့်တန်ဖိုးကိုသိခြင်းနှင့်ကိုယ့်ကိုယ်ကိုယုံကြည်မှု) ရှိအောင်နေရန်လိုအပ်ပါတယ်။ လူဆိုတာ မိမိကိုယ်တိုင်က အမြဲမပြတ် အကောင်းဆုံးကြိုးစားနေဖို့က လိုအပ်ပါတယ်၊မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ထားပါ မိမိကိုယ်ကို တန်ဖိုးထားပြီး Confident အပြည့်နဲ့နေထိုင်လုပ်ကိုင်ပါ၊ ဒါဆိုရင် အလုပ်ထဲမှာ မိမိသည် အောင်မြင် ပျော်ရွှင်တဲ့ လူတ‌ယောက်ဘဝကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်

image
image

Leave a Reply

Your email address will not be published. Required fields are marked *