ဝန်ဆောင်မှုများ
သင်တန်းများ၊ ဟောပြောပွဲများ၊ webinarများ နှင့် အလုပ်ရုံဆွေးနွေးပွဲများ
လုပ်ငန်းခွင်နဲ့ လူမှုဘဝတိုးတက်ရေးအတွက် လက်တွေ့အသုံးချနိုင်မဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာတွေ၊ လိုအပ်တဲ့ အရည်အချင်းတွေကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ မြှင့်တင်ပေးမယ့် သင်တန်းများ၊ ဟောပြောပွဲများ၊ webinarများ နှင့် အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ပေးတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ Training session တစ်ခုလျှင် ၂ နာရီ ကြာမြင့်မှာ ဖြစ်ပြီး အသေးစိတ်သိလိုပါက ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
အကူအညီ လိုပါသလား?
+959 513 1873
Our Demanding Trainings from Clients
Stress and Anxiety Management
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ဒီ သင်တန်းကိုတက်ရောက်ပြီး ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ကိုယ်တိုင်ထိန်းချုပ်ပြီး ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်ပါ။ဒီ သင်တန်းမှာ လုပ်ငန်းခွင်မှာရော၊ ကိုယ်ပိုင်ဘဝမှာပါ စိတ်ဖိစီးမှုကို ဘယ်လိုရင်ဆိုင်ရမလဲ၊ စိုးရိမ်ပူပန်မှုတွေကို ဘယ်လို လျော့ချရမလဲ ဆိုတာကို စိတ်ဖိစီးမှုကို လက်တွေ့ကျကျ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ နည်းလမ်းတွေကို မျှဝေပေးမှာပါ။
Self-care
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ဒီ သင်တန်းကိုတက်ရောက်ပြီး Self-care ဆိုတာ ဘာလဲဆိုတာ နားလည်ပြီး ကိုယ်နဲ့ကိုက်ညီမယ့် ဖြေရှင်းနည်းလမ်း (Coping strategies) တွေကို ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချပြီး အလုပ်နဲ့ ဘဝ မျှတအောင် (Work-life balance) နေထိုင်တတ်ဖို့ လက်တွေ့ကျ နည်းလမ်းများကို မျှဝေပေးရန် ရည်ရွယ်ပါတယ်။
Psychological First-Aid (PFA)
သင်ကိုယ်တိုင်နှင့် သင့်အဖွဲ့အစည်း အား ဘေးအန္တရာယ်တွေ၊ အရေးပေါ်အခြေအနေတွေ၊ စိတ်ဒဏ်ရာ ရဖွယ်အဖြစ်အပျက်တွေ ကြုံလာရတဲ့အခါ သူများကို ချက်ချင်း စိတ်ပိုင်းဆိုင်ရာ ကူညီပေးနိုင်မယ့် ပံ့ပိုးမှုနည်းလမ်းတွေကို လေ့လာလိုက်ပါ။ ကျွန်ုပ်တို့ရဲ့ Psychological First Aid (PFA) program များ ဟာ အခက်အခဲ ကြုံ၍ စိတ်ဒုက္ခရောက်နေသူတွေကို စာနာစိတ်နဲ့ ဘယ်လိုထိထိရောက်ရောက် ကူညီမလဲ၊ ဘယ်လို ကြံ့ကြံ့ခံနိုင်စွမ်း ကို ကူညီတည်ဆောက် မလဲ ဆိုတာ သင်ကြားပေးမှာပါ။
Mental Health and Psychosocial Support
Mental Health and Psychosocial Support (MHPSS) service ဟာ အခက်အခဲတွေ ကြုံနေရတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အသိုင်းအဝိုင်းတွေ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းကာ ပြန်လည်နာလန်ထူလာနိုင်ဖို့ ကူညီပေးရန် ရည်ရွယ်ပါတယ်။
MHPSS program များဟာ ဘေးအန္တရာယ်တွေဖြစ်စေ၊ ပဋိပက္ခတွေဖြစ်စေ၊ နေ့စဉ် စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရပြီးဖြစ်စေ ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲ တွေကို စာနာမှု အပြည့်နဲ့ စနစ်ကျသော စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။
Active Listening and Basic Counseling
ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှု အတတ်ပညာကို လေ့လာပြီး တခြားသူတွေကို ထိရောက်စွာ ကူညီပေးနိုင်ဖ်ု့ Active Listening and Basic Counseling Training ကို တက်ရောက်နိုင်ပါတယ်။ လူမှုဆက်ဆံရေး ပိုကောင်းလာဖို့နဲ့ သူတပါးကို စာနာမှုနဲ့ နားထောင်ပေးတတ်ဖို့ လေ့လာချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
Customized
သင့်အဖွဲ့အစည်းအတွက် သီးသန့်လိုအပ်ချက်တွေ ရှိနေလား။ ကျွန်ုပ်တို့ရဲ့ ပညာရှင်တွေက သင့်လိုအပ်ချက်နဲ့ ကိုက်ညီမယ့် သင်ရိုးတွေကို စိတ်ကြိုက်ရေးဆွဲပေးနိုင်ပါတယ်။ သင့် အဖွဲ့အစည်း အတွက် လိုအပ်ချက်တွေကို အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
အမေးအဖြေများ
အမေးများသောမေးခွန်းများ
လက်ရှိမှာ တစ်ဦးချင်း ဆွေးနွေးတာတွေ၊ အုပ်စုလိုက် ဆွေးနွေးတာတွေအပြင် စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေအတွက်ပါ ဝန်ဆောင်မှု ပေးပါတယ်။
လက်ရှိမှာတော့ Call Me Today မှာ လူကိုယ်တိုင်လာရောက် ဆွေးနွေးလို့ရတဲ့ ဝန်ဆောင်မှု (In-person options) မရှိသေးပါဘူး။
Call Me Today က အဖွဲ့အစည်းတွေနဲ့ ဝန်ထမ်းရေးရာ ကူညီပံ့ပိုးမှု (EAP) ပါတနာအဖြစ် လက်တွဲထားတာတွေ ရှိပါတယ်။ ကိုယ့်အဖွဲ့အစည်းမှာ ဒီအစီအစဉ် ရှိ/မရှိ သိရအောင် HR ကို မေးကြည့်ပေးပါ။ ကျောင်းသား/သူတွေ ဆိုရင်လည်း ကျောင်းသား လျှော့ဈေးအစီအစဉ် (Student Support Discount Program) ခံစားခွင့် ရှိနိုင်ပါတယ်။
ရက်ချိန်းမတိုင်ခင် (ရုံးဖွင့်ရက်) အနည်းဆုံး ၂၄ နာရီကြိုပြီး cancel လုပ်မယ်ဆိုရင် ငွေပြန်အမ်းပေးပါတယ်။ ဥပမာ - တနင်္လာနေ့ ရက်ချိန်းကို ဖျက်ချင်ရင် သောကြာနေ့မှာ နောက်ဆုံးထားပြီး ပြောပေးရပါမယ်။
ရပါတယ်၊ ကိုယ်ဆွေးနွေးချင်တဲ့ ပညာရှင်ကို အမြဲတမ်း ရွေးချယ်ခွင့်ရှိပါတယ်။
မြန်မာနိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ၏ ထိပ်တန်း ကျန်းမာရေး ပလက်ဖောင်းတစ်ခု
Mon-Sun 9:00AM-8:00PM
(GMT+6:30)
(+95) 9 5131-873
info@callmetoday.org