Search on this blog

Search on this blog

စွဲလမ်းခြင်း (Addiction) ကို လက်တွေ့ ကြုံရတဲ့အခါမှာ ချစ်ခင်ရသူ မိသားစုဝင်တွေရဲ့ အားပေးကူညီမှု ကလည်း အလွန်အရေးပါပါတယ်။ အထူးသဖြင့် ချစ်ခင်ရသူတွေရဲ့ နားလည်မှု၊ ကူညီဖေးမမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေဟာ Addiction ကို လျော့ပါးသက်သာစေတဲ့ ခရီးစဥ်မှာ များစွာ အထောက်အပံ့ဖြစ်နိုင်ပါတယ်။ သင်ချစ်ရသူ ဒါမှမဟုတ် မိသားစုဝင်အနေနဲ့ Addiction ပြဿနာကို ရင်ဆိုင်နေရတယ်ဆိုရင် သင့်အနေနဲ့...
တချို့က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် စိတ်ထွက်ပေါက်အနေနဲ့ အရက်နဲ့ မူးယစ် ဆေးဝါးတွေကို သုံးစွဲကြတယ်၊ ဒါပေမယ့် ဒါတွေဟာ ခဏတာ စိတ်ဖြေဖျောက်ဖို့ အတွက်ပဲ အဆင်ပြေနိုင်ပြီး နောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပိုဆိုးစေတဲ့အပြင် ထပ်ဆင့်အနေနဲ့ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို စွဲလမ်းခြင်း (Addiction) ဆိုတဲ့ အခြေအနေ တစ်ခုပါ ထပ်တိုးလာနိုင်ပါတယ်။ ဒီအခြေအနေတွေ...
ဒစ်ဂျစ်တယ် ခေတ်ကို ကူးပြောင်းလာပြီးနောက်မှာ screen တွေရဲ့ လွှမ်းမိုးမှုတွေက ကြီးသထက် ကြီးလာခဲ့ပြီး အထူးသဖြင့် လူငယ်တွေမှာ သက်ရောက်မှု များစွာ ရှိနေပါတယ်။ အဓိကအားဖြင့် လူငယ်တွေဟာ ဂိမ်းကို မဆော့ရ မနေနိုင်တဲ့အထိ စွဲလမ်းလာကြပြီး ဂိမ်းမဆော့ဖြစ်အောင် ထိန်းချုပ်ဖို့ ခက်ခဲတာတွေ၊ ပတ်ဝန်းကျင်နဲ့ တခြားသူတွေအပေါ်မှာ စိတ်ဝင်စားမှု လျော့နည်းပြီး ဂိမ်းထဲမှာပဲ အချိန်ပြည့် စိတ်နှစ်ထားတာတွေ...
တစုံတခုကို စွဲလမ်းမိတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ရော ရုပ်ပိုင်းဆိုင်ရာ မှာပါ  ကြီးမားတဲ့ သက်ရောက်မှုတွေ များစွာ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါး စွဲလမ်းတာ၊ အရက်စွဲတာ၊ ဂိမ်းစွဲတာ ၊ ဒါမှမဟုတ် အပြုအမူတစ်ခုကို မလုပ်ရ မနေနိုင်အောင် စွဲလမ်းတာတွေ ဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်ခုခုနဲ့ ဆက်စပ်နေသလို နောက်ဆက်တွဲမှာတော့ ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်မှာ...
Addiction (စွဲလမ်းခြင်း) ဆိုတာကတော့ အပြုအမူ တစ်ခုခု က မကောင်းမှန်း သိသည့်တိုင်အောင် ထပ်တလဲလဲ ပြုလုပ်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စွဲလမ်းမှု ဟာ ဦးနှောက်ရဲ့ Reward System ကို ကြိမ်ဖန်များစွာ အသုံးပြုခြင်းဖြစ်တာကြောင့် ဖြတ်တောက်ရ ခက်တဲ့ အခြေအနေတစ်ခု လည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် မူးယစ်ဆေးဝါး စွဲတာ၊...
တခါတရံမှာ စိတ်ခံစားချက် ပြင်းထန်တဲ့အခါ ဦးနှောက်ရဲ့ စဥ်းစားတွေးခေါ်နိုင်မှု အပိုင်းတွေ၊ မှတ်သားနိုင်စွမ်းတွေမှာ သက်ရောက်မှု ဖြစ်နိုင်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို လွှမ်းမိုးမှု တချို့ ရှိနေလို့ပဲ ဖြစ်ပါတယ်။  ဒီလိုမျိုး ဦးနှောက် အာရုံကြော စနစ်နဲ့ စိတ်ပညာဆက်စပ်မှုကို လေ့လာတဲ့ စိတ်ပညာရဲ့ ဘာသာရပ်ခွဲ တခုကတော့ Neuropsychology...
တစုံတယောက်က သင်ယူမှုတခုကို လက်ခံသင်ယူတဲ့ နည်းလမ်း၊ မှတ်သားတဲ့ ပုံစံ ကွဲပြားတာနဲ့အမျှ သင်ခန်းစာကို နားလည်နိုင်စွမ်းနဲ့ ပြန်လည်အသုံးချနိုင်တဲ့ အတိုင်းအတာတွေက မတူညီနိုင်ပါဘူး။ ဒါတွေကို စနစ်တကျ လေ့လာပြီး သင်ကြားရေး အပိုင်းနဲ့ လူသားတွေရဲ့ စိတ်ပညာ ဆက်စပ်မှုကို လေ့လာတဲ့ ဘာသာရပ်ကတော့ Educational Psychology (ပညာရေး စိတ်ပညာ) ဖြစ်ပါတယ်။ ပညာရေးစိတ်ပညာရဲ့ အဓိကအချက်များ၊...
လူတွေဟာ အပေါင်းအသင်း၊ အသိုင်းအဝန်းနဲ့ နေရတာဖြစ်တာနဲ့ အညီ လူမှုပတ်ဝန်းကျင်အနေနဲ့ လူတစ်ဦးစီရဲ့ ခံစားချက် ၊ အပြုအမူနဲ့ အတွေးတွေပေါ်မှာ များစွာသက်ရောက်မှု ရှိနေပါတယ်။ အထူးသဖြင့် လူမှုပတ်ဝန်းကျင်မှာ ကိုယ့်ကို ဘယ်လိုလူအဖြစ် မြင်စေချင်တယ်၊ ကိုယ်က တဖက်လူကို ဘယ်လိုမျိုးသဘောထားတယ် စတဲ့ အချက်တွေဟာ (Social Psychology) လူမှုစိတ်ပညာ ကို အခြေခံထားတာ ဖြစ်ပါတယ်။ ...
ဘဝမှာ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ၊ စိန်ခေါ်မှုတွေ ကြုံကြရတဲ့အခါ စိတ်ပိုင်းဆိုင်ရာအားဖြင့် ပင်ပန်းအားငယ်တတ်ကြပြီး နောက်ဆက်တွဲ စိတ်ပြဿနာတွေကို ခံစားရတတ်ပါတယ်။ ဒါတွေကို နှစ်သိမ့်ပေးပြီး မလိုလားအပ်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကနေ ကာကွယ်ပေးတဲ့ ပညာရပ်ကတော့ Counseling psychology (နှစ်သိမ့်ဆွေးနွေးမှု စိတ်ပညာရပ်) ပဲ ဖြစ်ပါတယ်။ ဒီ ဘာသာရပ်ဟာ လူတွေရဲ့ နေ့စဥ် တွေ့ကြုံရနိုင်တဲ့...
ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို လေ့လာခြင်းက စိတ်ပညာကို နားလည်ရာမှာ အထောက်အကူပြုပါတယ်။ ဒါကို ဘာသာရပ်တခုအနေနဲ့ အသေးစိတ်လေ့လာတာကတော့ သိမြင်မှုဆိုင်ရာ စိတ်ပညာရပ် (Cognitive Psychology) ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် Cognitive Psychology ဟာ လူတစ်ယောက်ရဲ့  အတွေး၊ မှတ်ဉာဏ်နဲ့ သင်ယူမှု စတာတွေကို လေ့လာခြင်းအားဖြင့် လူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ဘယ်လို...