Call Me Today (၄) နှစ်ပြည့်ပါပြီ
top of page

Call Me Today (၄) နှစ်ပြည့်ပါပြီ


ကိုယ်တစ်ယောက်ကဖြစ်ဖြစ် စကားပြောဖို့လိုအပ်နေတဲ့သူတွေအတွက် နားထောင်ပေးလိုက်တာက သူ့အတွက် အကျိုးရှိစေတာပဲဆိုပြီး စတင်ခဲ့တဲ့ Call Me Today ရဲ့ ခရီးလမ်းဟာ ဒီနေ့ ၁၅ ရက်၊ ၆ လ၊ ၂၀၂၂ ခုနှစ်မှာ ၄ နှစ်ပြည့်ခဲ့ပါပြီ။


အခု (၄) နှစ်ပြည့်မှာ Call Me Today က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံအလုပ်သမား ၁၄၀၀ ကျော် စုစုပေါင်းလူဦးရေ ၂၀၀၀ ကျော်ကို စိတ်ကျန်းမာရေးနှင့် လူမှုအထောက်အပံ့များပံ့ပိုးနိုင်ခဲ့ပါသည်။


၂၀၁၈ နှင့်ယှဥ်လိုက်ရင် ၂၀၂၂ မှာ စိတ်ကျန်းမာရေးရဲ့ အရေးပါပုံကို လူငယ်ရော လူကြီးတွေပါ သိရှိလာတဲ့ တိုးတက်မှုကို ကျွန်တော်တို့ မြင်နေရပါတယ်။ သို့သော်လည်းပဲ စိန်ခေါ်မှုအသစ်တွေနဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှုများကလည်း ရှိနေပါသေးတယ်။ အဲ့ဒီအတွက်လည်း ပိုမိုလက်လှမ်းရလွယ်ကူစေရန် နည်းပညာအခြေပြု စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေကို စတင်ဆောင်ရွက်လာခဲ့ပါပြီ။ ယခုအခါ Call Me Today သည် မြန်မာပြည်တွင်းသာမက အဝေးရောက်မြန်မာတွေအတွက်ပါ ဝန်ဆောင်မှုပေးနိုင်ပါပြီ။ ငွေကြေးအခက်အခဲရှိတဲ့သူများအတွက်လည်း အခမဲ့ဝန်ဆောင်မှုများပေးနိုင်ပါပြီ။


လူတိုင်းလက်လှမ်းမှီသော စိတ်ကျန်းမာရေးဝန်ဆောင်မှုများရရှိရန်မှာ Call Me Today ၏ရပ်တည်ချက်ဖြစ်ပါသည်။ အဲ့ဒီအတွက်လည်း ရေရှည်တည်တံ့နိုင်စေရန်နှင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးပမ်းနေပါသည်။ ဒီခရီးစဥ်ကြီးမှာတက်ကြွစွာပါဝင်ကြတဲ့ စေတနာရှင် စိတ်ကျန်းမာရေးပညာရှင်များ၊ အလွတ်တန်းပညာရှင်များ၊ စီမံဝန်ထမ်းများ၊ အကြံပေးဘုတ်အဖွဲ့ဝင်များ၊ ပါတနာများ၊ အလှူရှင်များ အားလုံးကိုလည်း Call Me Today က ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်ထားမှာပါ။


Call Me Today ကိုအစဥ်အဆက်ယုံကြည်ကြသည့် မိဘပြည်သူများအားလုံးကို ကျေးဇူးတင်ရှိပါသည်။


အားလုံးစိတ်ကျန်းမာကိုယ်ချမ်းသာကြပါစေ။


Call Me Today မိသားစု

Categories

Other trending posts

1/9
bottom of page