World Mental Health Day 2022 Podcast Series
ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အမှတ်တရအနေဖြင့် "Make mental health and wellbeing for all a global priority" ခေါင်းစဥ်နှင့်အညီ Call Me Today နှင့် AIESEC in Myanmar တို့ပူးပေါင်းတင်ဆက်ထားတဲ့ Podcast Series လေး ကိုမိတ်ဆက်လိုက်ပါတယ်။ ဒီ Podcast လေးကနေတဆင့် မြန်မာနိုင်ငံရဲ့ မည်သည့်ဒေသမှာမဆို ရောက်ရှိနေတဲ့ မြန်မာတွေရဲ့ စိတ်ကျန်းမာသုခရရှိရေးက ဘယ်လောက်အရေးကြီးသလဲဆိုတာနှင့် လူငယ်တွေက ဒီအပေါ်မှာ သူတို့ရဲ့ အမြင်ကို နှစ်သိမ့်ဆွေးနွေးပညာရှင်နှင့်တကွဆွေးနွေးသွားမှာဖြစ်ပါတယ်။
စိတ်ကျန်းမာရေးနှင့်ပတ်သက်သည့် အမြင်လွဲမှားမှုများ
စိတ်ကျန်းမာရေးကောင်းခြင်းဆိုတာ
(၁) မိမိရဲ့လုပ်ဆောင်နိုင်စွမ်းကို သေချာသဘောပေါက်နားလည်ပြီး
(၂) ဘဝမှာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေအပေါ် ကောင်းစွာကိုင်တွယ်နိုင်ကာ
(၃) လုပ်ဆောင်ရမယ့်အလုပ်တွေအပေါ် ရလဒ်ကောင်းများရအောင် စွမ်းဆောင်လာနိုင်ခြင်းတို့အပြင်
(၄) မိမိရဲ့ပတ်ဝန်းကျင်ကိုပါ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်လာခြင်း စတဲ့ ကျန်းမာပျော်ရွှင်ခြင်းဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
ရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များနှင့်ပတ်သက်၍
စိတ်ပိုင်းဆိုင်ရာကူညီပံ့ပိုးပေးနိုင်သည့်လုပ်ငန်းစဉ်များ
နေ့စဉ်ရှင်သန်နေထိုင်မှုဘဝတွင် သဘာဝဘေးအန္တရာယ်အပါအဝင် စိတ်ပိုင်းဆိုင်ရာအပေါ်ပြင်းထန်သော စိတ်ဖိစီးမှုများကို ရုတ်တရက်ကြုံတွေ့ရနိုင်ပါသည်။ ထိုအခြေအနေများသည် ရုပ်ပိုင်းဆိုင်ရာတွင် ကူညီပံ့ပိုးပေးမှုလိုအပ်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာတွင်လည်း အရေးပေါ်ကူညီပံ့ပိုးပေးမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။ အရေးပေါ်ဖြစ်စဉ်တစ်ခုအတွင်း အထက်ပါအချက်များအတိုင်း ကူညီပံ့ပိုးပေးနိုင်ပါသည်။