SelectUSA Tech APAC Summit မှာ ပထမဆု ဆွတ်ခူးခဲ့တဲ့ Call Me Today
top of page

SelectUSA Tech APAC Summit မှာ ပထမဆု ဆွတ်ခူးခဲ့တဲ့ Call Me Today

Updated: Mar 23, 2023


Call Me Today pitch to international judges on SelectUSA APAC Summit 2023

Thai-USA ချစ်ကြည်ရေး နှစ်၁၉၀ ပြည့်အထိမ်းမှတ်အနေနဲ့ ကျင်းပတဲ့ SelectUSA Tech APAC Summit ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု ‌အနေနဲ့ Call Me Today ၏ Affordable Telecounseling စနစ် အကြောင်းကို မိတ်ဆက်ပြသခွင့်ရခဲ့ပြီး ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။


Affordable Tele Counseling ဆိုတာ အဓိကအားဖြင့် မိခင်ဘာသာစကားကိုအသုံးပြုကာ အသက်သာဆုံးစျေးနှုန်းနဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေ၊ စိတ်ဒဏ်ရာတွေ၊ အတိတ်ကဖြစ်ရပ်ဆိုးတွေ၊ရင်တွင်းခံစားချက်တွေကို ပြောက်ကွယ်သွားသည့်တိုင်အောင် အင်တာနက်ကနေတစ်ဆင့် ပညာရှင်ထံတွင် Counseling လုပ်ပေးခြင်းဖြစ်ပါတယ်။


SelectUSA Tech APAC Summit ပွဲဆိုတာဘာလဲ?


SelectUSA Tech APAC Summit ဆိုတာကတော့ အမေရိကန်-ထိုင်း ချစ်ကြည်ရေး နှစ်၁၉၀ ပြည့် အထိမ်းအမှတ် နှစ်စဉ်ပြုလုပ်တဲ့ Trade Event ပွဲကြီးတစ်ခုဖြစ်ပါတယ်။SelectUSA Tech APAC Summit ပွဲမှာ Start Up Teach Company တွေအတွက် ‌ကောင်းမွန်တဲ့အခွင့်အရေးတွေကိုလဲ ထောက်ပံ့ပေးတဲ့ပွဲကြီတစ်ခုဖြစ်ပါတယ်။ဒီပွဲကြီးမှာ အာရှ နိုင်ငံတွေမှရဲ့ နည်းပညာကုမ္ပဏီတွေအများအပြား တက်ရောက်ကြပြီး Company နဲ့ပတ်သတ်တာတွေကို စင်မြင့် (On Stage) ပေါ်မှာမိတ်ဆက်ပြီး Pitching လုပ်တဲ့ ပြိုင်ပွဲ Competition ပွဲကြီးတစ်ခုလဲဖြစ်ပါတယ်။ဒီပွဲကြီးမှာ အနိုင်ရရှိတဲ့ Company ဟာ May လတွင် အမေရိကန်ပြည်ထောင်စု US မှာကျင်းပမယ့် SelectUSA Investment Summit Event ကြီးကိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။


SelectUSA Investment Summit Event ဆိုတာ အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကို မြှင့်တင်ရန်အတွက် ရည်ရွယ်ထားသော် သော ထိပ်သီးအစည်းအဝေးတစ်ခုလဲဖြစ်ပါတယ်။ထိုပွဲ၏ရည်ရွယ်ချက်မှာ နိုင်ငံတစ်ကာ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကုမ္ပဏီများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်းများ (EDOs) နှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်း များမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်များ ရရှိရေးနှင့် ခွင့်အလမ်းသစ်များ ထူထောင်ရန်အတွက် မေလ 1-4 ရက်၊ 2023 ခုနှစ်မှာ National Harbor၊ Maryland တွင်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။


Call Me Today အနေနဲ့ SelectUSA Tech APAC Summit 2023 တွင်တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Affordable Telecounseling အကြောင်းကို On Stage ပေါ်မှာ ‌ဂုဏ်ယူစွာ တင်ဆက်ပြသနိုင်ခဲ့ပြီး ပထမဆုရယူနိုင်ခဲ့တာလဲဖြစ်ပါတယ်။ဒါကြောင့် Call Me Today ဟာ မေလတွင် US မှာကျင်းပမယ့် SelectUSA Investment Summit Event ကြီးကိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး ပထမဆုံးအကြိမ်အနေနဲ့ နိုင်ငံခြားစျေးကွက်ကို ဝင်ရောက်နိုင်မှာလဲဖြစ်ပါတယ်။


" SELECTUSA Tech APAC Summit 2023 တွင် Call Me Today ရဲ့ Planning and Development Manager မှလည်း -


" SELECTUSA Tech APAC Summit 2023 တွင် မြန်မာနိုင်ငံမှ နည်းပညာအခြေပြု Mental Health Counselling နဲ့ပတ်သတ်ပြီး အကြံဉာဏ်ပေးသည့် Platform တစ်ခုကို APAC တွင်အခြားသော နည်းပညာနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ အလွန်အရေးကြီးသောအချိန်တွေအတွက် ကျွန်မတို့ အဖွဲ့နဲ့အတူ အကောင်းဆုံးကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မတို့သည် "Affordable Telecounseling " နှင့်အတူ Global Market သို့ထိုးဖောက်ရန်ရည်ရွယ်ထားပါသည်။ ထိုအစီစဉ်ကို 2023 ခုနှစ် မေလတွင် Washington D.C မှာကျင်းပမယ့် "SelectUSA Investment Summit Event" မှာလည်း ကမ္ဘာကိုချပြမှာဖြစ်ပါတယ်။


Call Me Today အနေနဲ့ SelectUSA Tech APAC Summit ပွဲကြီးမှာ Affordable Tele Counseling နဲ့ပတ်သတ်ပြီး ကောင်းမွန်စွတင်ဆက်နိုင်ခဲ့ပြီး ပထမဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ အတွက် အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဒီပထမဆုကနေတဆင့် Call Me Today အနေနဲ့ SelectUSA Investment Summit Event ကြီးကိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး ပထမဆုံးအကြိမ်အနေနဲ့ Global Market ကိုထိုးဖောက်နိုင်မှာလဲဖြစ်ပါတယ်။ Call Me Today အနေနဲ့ Global Market ကိုစတင်ထိုးဖောက်နိုင်သော်လည်း Worldwide ရှိမြန်မာလူမျိုးများသို့ အကောင်းမွန်ဆုံး Mental Healing Counseling Services တွေကိုအကောင်းဆုံးပေးစွမ်းနိုင်အောင် ပထမဦးစွာ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ ဟုပြောကြားခဲ့ပါတယ်။


Call Me Today မှအခုလို မြန်မာကိုယ်စားပြုပြီး ပထမဆုဆွတ်ခူးနိုင်ခဲ့တဲ့အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။ဆက်လက်ပြီး Mental Healing Conuseling Service တွေကိုလဲ ပြည်တွင်းမှာသာမဟုတ်ဘဲ နိုင်ငံခြားမှာရှိ တဲ့ မြန်မာပြည်သူပြည်သားတွေအတွက်ပါ ပံ့ပိုးကူညီနိုင်မည့် လမ်းစကို ရှာတွေ့ခဲ့ပါပြီ။

Categories

Other trending posts

1/9
bottom of page