Search on this blog

Search on this blog

Need Help?

+959 513 1873

image
image

Healthy Work Environment ဖြစ်ဖို့ဆိုတာ ဝန်ထမ်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အရေးကြီးရုံသာမက လုပ်အားကို တိုးစေဖို့၊ မိမိအလုပ်ကို စိတ်ကျေနပ်ဖို့၊ ဝန်ထမ်းကောင်းတွေကို ထိန်းထားနိုင်ဖို့အတွက်လည်း အရေးပါပါတယ်။ 

မိမိဝန်ထမ်းရဲ့ ကျန်းမာရေး၊သက်တောင့်သက်သာရှိရေး၊ သာတူညီမျှအခွင့်အရေးကို အလေးမပေးတဲ့လုပ်ငန်းခွင်က ဝန်ထမ်းတစ်ဦးကို ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်တွေနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း အစရှိတဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်စေသလို စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကများခြင်း၊ အိပ်မပျော်ခြင်း အစရှိတဲ့ စိတ်ကျန်းမာရေးထိခိုက်မှုတွေလည်း ဖြစ်စေနိုင်ပါတယ်။ 

ဝန်ထမ်းတစ်ဦးကသာ မိမိရဲ့လုပ်အားကို တန်ဖိုးထားခံရမယ်၊ ပံ့ပိုးကူညီပေးတာခံရမယ်ဆို လုပ်ငန်းခွင်အပေါ်မှာ သစ္စာပိုရှိပြီး အကောင်းဆုံးလုပ်အားနဲ့ ပြန်ပေးဆပ်နိုင်မှာ သေချာပါတယ်။ Healthy Work Environment ဖြစ်နေခြင်းရဲ့အကျိုးကျေးဇူးတွေက 

  • ဝန်ထမ်းများရဲ့ ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာလာခြင်း 
  • လုပ်အားနဲ့ စွမ်းဆောင်ရည်တိုးလာခြင်း 
  • ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာခြင်း 
  • အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကျော်ဇောလာခြင်း
  • မိမိအလုပ်ကို ချစ်ခင်ပြီး တာဝန်ယူလိုစိတ်တိုးလာစေခြင်း 
  • လုပ်ငန်းတိုးတက်ရေးနဲ့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့တိုးတက်ရေး အရှိန်အဟုန်မြင့်လာခြင်း 
  • ခွင့်ယူတဲ့နှုန်း နည်းလာခြင်း 
  • သစ္စာရှိတဲ့ဝန်ထမ်းဦးရေများလာခြင်း တို့ပဲဖြစ်ပါတယ်။ 

Healthy Work Environment ဖြစ်အောင် စီမံအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေကိုယ်တိုင် ပူးပေါင်းပြီး ပြောင်းလဲဖန်တီးဖို့လိုအပ်ပါတယ်။ ပြောင်းလဲမှုအတွက် အကောင်းဆုံးနည်းလမ်းတွေက.

(၁) သန့်ရှင်းပြီး သက်တောင့်သက်သာဖြစ်အောင်ပြင်ဆင်ခြင်း 

ဖုန်နဲ့ အမှိုက်တွေသန့်ရှင်းပြီး အလင်းရောင်ကောင်းကောင်းရတဲ့ အလုပ်နေရာက ဝန်ထမ်းတွေရဲ့စိတ်ကိုတည်ငြိမ်စေပြီး စွမ်းဆောင်ရည်တိုးစေပါတယ်။ ဒီအတွက်လည်း ဝန်ထမ်းတွေကိုယ်တိုင်က သန့်ရှင်းသပ်ရပ်စွာ နေတတ်ဖို့ အရေးကြီးပါတယ်။ 

(၂) Work-Life Balance: အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ဟန်ချက်ညီမျှစေခြင်း 

မိမိရဲ့အလုပ်တာဝန်တွေက အရေးကြီးသလိုပဲ ကိုယ်ပိုင်ဘဝရဲ့ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုကလည်း အရေးကြီးပါတယ်။ ဒါကြောင့် Lunch Break ကို လုံလောက်စွာအချိန်ပေးတာ၊ အလုပ်ချိန်ကို သင့်တင့်စွာထားပေးတာတွေ လုပ်ပေးသင့်ပါတယ်။ ဝန်ထမ်းတစ်ဦးက စိတ်ပိုင်းဆိုင်ရာ အဆင်မပြေလို့ အနားယူခွင့်တောင်းတဲ့အခါ သဘောတူညီပေးသင့်ပါတယ်။ 

(၃) ထိုက်တန်တဲ့ လစာကို သတ်မှတ်ပေးထားခြင်း 

ဝန်ထမ်းတစ်ဦးရဲ့အလုပ်တာဝန်နဲ့ ညီမျှတဲ့ လစာနှုန်းထားကို သတ်မှတ်ပေးထားမှသာ ငွေကြေးအရ စိုးရိမ်ပူပင်မှုကင်းဝေးပြီး လာဘ်ပေးလာဘ်ယူခြင်း၊ လစာပိုပေးပြီး အလုပ်ကိုပြောင်းလိုခြင်း အစရှိတဲ့ မလိုလားအပ်တဲ့ပြဿနာတွေ ကင်းဝေးနိုင်မှာပါ။ 

(၄) အားကစားနဲ့ စိတ်ဓာတ်မြှင့်တင်ရေး အစီအစဉ်များဆောင်ရွက်ပေးခြင်း 

ယောဂ၊ Zumba အပါအဝင် ဌာနအလိုက် အားကစားပြိုင်ပွဲတွေ ကျင်းပပေးတာ၊ စိတ်ပိုင်းဆိုင်ရာအတွက် Meditation Workshop များ၊ စိတ်ခွန်အားမြှင့်တင်ပေးနိုင်မဲ့ Workshop များ၊ မျှဝေဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးတာက ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကို အဆပေါင်းများစွာ ပိုတိုးလာစေပါလိမ့်မယ်။ 

Call Me Today မှာ ဝန်ထမ်း‌တွေရဲ့ စိတ်ကျန်းမာရေး အတွက် training and workshop service တွေအပြင် Group counseling, B2B counseling package တွေကို ရယူနိုင်ပြီဖြစ်လို့ အသေးစိတ်သိလိုပါက Call Me Today Office ဖုန်းနံပါတ် 09-5131873 (သို့) info@callmetoday.org (သို့) Facebook Page မှ ဆက်သွယ်နိုင်ပါပြီ။

? : https://app.callmetoday.org/book

☎️: 09-5131873

#CallMeToday

#ItIsOkToCallMeToday

#counseling 

#therapy

Leave a Reply

Your email address will not be published. Required fields are marked *