
ဘဝမှာ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ၊ စိန်ခေါ်မှုတွေ ကြုံကြရတဲ့အခါ စိတ်ပိုင်းဆိုင်ရာအားဖြင့် ပင်ပန်းအားငယ်တတ်ကြပြီး နောက်ဆက်တွဲ စိတ်ပြဿနာတွေကို ခံစားရတတ်ပါတယ်။ ဒါတွေကို နှစ်သိမ့်ပေးပြီး မလိုလားအပ်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကနေ ကာကွယ်ပေးတဲ့ ပညာရပ်ကတော့ Counseling psychology (နှစ်သိမ့်ဆွေးနွေးမှု စိတ်ပညာရပ်) ပဲ ဖြစ်ပါတယ်။ ဒီ ဘာသာရပ်ဟာ လူတွေရဲ့ နေ့စဥ် တွေ့ကြုံရနိုင်တဲ့ ပြဿနာတွေကြောင့် ဖြစ်လာတဲ့ စိတ်ခံစားချက်တွေကို လျော့ပါးသက်သာဖို့ ကူညီပေးနိုင်တဲ့ စိတ်ပညာရပ်တခု ဖြစ်ပါတယ်။
Counseling Psychology ရဲ့ အကျိုးသက်ရောက်မှုများ
Counseling Psychology စိတ်ပညာကို အသုံးပြုမယ့် ပညာရှင်တွေအနေနဲ့ Client ရဲ့ အားသာချက်၊ အားနည်းချက်၊ ပတ်ဝန်းကျင် ဆိုင်ရာ လွှမ်းမိုးမှု၊ အတွေ့အကြုံ၊ စိုးရိမ်ပူပန်မှု စိတ်နေသဘောထားနဲ့ အထင်အမြင်တွေကို အကဲဖြတ်စစ်ဆေးပြီးနောက် တူညီတဲ့ ပန်းတိုင်တခုကို ရဖို့အတွက် အတူတူ ကြိုးစား အဖြေရှာကြတာ ဖြစ်ပါတယ်။ ဒီလိုနည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကြိုတင်ကာကွယ် ပြီး စိတ်ကျန်းမာရေးကို အထောက်အကူပြု ကူညီပေးမှာ ဖြစ်ပါတယ်။
Counseling Psychology ကို အသုံးပြုသည့် အခြေအနေများ
(၁) Individual counseling
လူတိုင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာ ၊ အခက်အခဲနဲ့ စိတ်ခံစားချက်တွေဟာ မတူညီနိုင်သလို လက်ခံသဘောပေါက်တဲ့ အနေအထားနဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေကလည်း ကွဲပြားနိုင်ပါတယ်။ ဒီပေါ်မှာ မူတည်ပြီး နောက်ဆက်တွဲ စိတ်အခြေအနေ နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက မတူညီနိုင်ပါဘူး။ ဒီလိုမျိုး ကွဲပြားတဲ့ အခြေအနေအလိုက် တဦးစီကို သီးသန့်အားဖြင့် နှစ်သိမ့်ဆွေးနွေးပြီး စိတ်ပညာနည်းလမ်းအားဖြင့် ကူညီပေးခြင်းကို Individual Counseling (တစ်ဦးချင်းအလိုက် နှစ်သိမ့်ဆွေးနွေးခြင်း) လို့ ပြောပါတယ်။
(၂) Relationship Counseling
ချစ်သူစုံတွဲတွေ၊ ဒါမှမဟုတ် မိသားစု၊ သူငယ်ချင်း မိတ်ဆွေ ကဲ့သို့သော ပတ်သက်ဆက်နွယ်မှုမျိုးနဲ့ နှစ်ဦး ဆက်ဆံရေးမှာ အဆင်မပြေဖြစ်တာတွေ၊ ဒီဆက်ဆံရေးကြောင့် နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ရချိန်မှာတော့ Relationship Counseling နည်းလမ်းနဲ့ ကုသမှု ခံယူကြရတာ ရှိပါတယ်။ အထူးသဖြင့် Relationship တွေမှာ စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေ၊ ဆက်သွယ်ရ ခက်ခဲတာတွေ ဖြစ်ရတဲ့ အကြောင်းအရင်းကို ပညာရှင်နဲ့ အတူ ရှာဖွေဖော်ထုတ်ပြီး နည်းလမ်းရှာကြတဲ့ နည်းလမ်းကလည်း Counseling Psychology ရဲ့ အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။
(၃) Career Counseling
လူတစ်ဦးစီရဲ့ စိတ်ဝင်စားမှု ၊ ကျွမ်းကျင်မှု နဲ့ စွမ်းရည်၊ လုပ်ဆောင်နိုင်စွမ်း စတာတွေကို အခြေခံပြီး ရေရှည်မှာ အဆင်ပြေနိုင်တဲ့ အလုပ်ကိုင် အခွင့်အလမ်းကို ရွေးချယ်တဲ့ Career Counseling မှာ Counseling Psychology ရဲ့နည်းလမ်းတွေ ကို အသုံးပြုကြလေ့ရှိပါတယ်။ အထူးသဖြင့် ကျောင်းသားလူငယ်တွေ၊ အလုပ်ကိုင် အခွင့်အလမ်းသစ် ရှာဖွေလိုသူတွေ၊ လက်ရှိအလုပ်နဲ့ အဆင်မပြေတာကြောင့် သင့်တော်တဲ့ အလုပ်အကိုင် ရှာဖွေ လိုသူတွေအတွက် သင့်တော်တဲ့ နှစ်သိမ့်ဆွေးနွေးမှု တခု ဖြစ်ပါတယ်။
(၄) Group Counseling
အဖွဲ့အစည်းအလိုက် တူညီတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ရည်ရွယ်ချက်တခုကို အကောင်အထည်ဖော်နိုင်ဖို့ ဒါမှမဟုတ် အဖွဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု ပေးနိုင်ဖို့ တခါတရံမှာ Group Counseling လို့ ပြောတဲ့ အဖွဲ့လိုက် နှစ်သိမ့်ဆွေးနွေးမှုတွေကို ပြုလုပ်ရတာ ရှိပါတယ်။ ဒီလို နှစ်သိမ့်ဆွေးနွေးခြင်းအတွက် Counseling Psychology ရဲ့ သီအိုရီတွေကို စနစ်တကျ အသုံးပြုခြင်းက ထိရောက်တဲ့ ရလဒ်တွေကို ပေးနိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
(၅) Organizational Counseling
အဖွဲ့အစည်းတခု ဥပမာ company ၊ အလုပ်နေရာတွေအနေနဲ့ အတူတူ ပါဝင်ဖွဲ့စည်းထားတဲ့ ဝန်ထမ်းများရဲ့ စိတ်ကျန်းမာရေးကိုလည်း လျစ်လျုမရှုသင့်ပါဘူး။ ဒီလို၏အခြေအနေမှာ အလုပ်ခွင် ပျော်ရွှင်ရေး၊ အလုပ်နဲ့ မိသားစုဘဝ သဟဇာတ မျှတရေးနဲ့ အလုပ်ခွင် စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့အတွက် နှစ်သိမ့်ဆွေးနွေးခြင်းတွေကို ပြုလုပ်ကြတာ ရှိပါတယ်။ ဒါကို organizational counseling လို့ ပြောကြပြီး Counseling Psychology မှာ အရေးပါတဲ့ နယ်ပယ်တခု ဖြစ်ပါတယ်။
Counseling Psychology ဘာသာရပ်မှာလည်း စကားပြောကုထုံး၊ အပြုအမူ ကုထုံးအပြင် တခြားသော သင့်တော်တဲ့ စိတ်ပညာကုထုံးတွေကို အခြေအနေအရ အသုံးချကြသလို လက်တွေ့ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းရာမှာ ထိရောက်တဲ့ ဘာသာရပ်ဖြစ်ပါတယ်။ Call Me Today မှာဆိုရင် Counseling Psychology အပါအဝင် တခြားသော စိတ်ပညာရပ်တွေကို တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ ရှိတာကြောင့် သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873